Tuesday, October 21, 2014

အခွန်ဖြင့် အကြီးစားရွှေတူးဖော်မှု များကြောင့် ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ် (Wa Ra Zup) ကျေးရွာအုပ်စု မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်း ကားလမ်းမဘေးတွင် ဧရာမ ရွှေတူးဖော်မှုများကြောင့် ပင်မ ရေစီးကြောင်း ပျက်စီးလာကာ ဒေသခံများ ဆိုးကျိုးအန္တာရာယ်စိုးရိမ်နေကြောင်းသိရသည်။

မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်းကားလမ်းဘေးတလျှောက် ရွှေဖောင် ၆၀ ကျော်သည် အစိုးရထံအခွန်ပေးဆောင်ကာ နေ့စဉ်မရပ်မနားရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

Monday, October 20, 2014

UNFC ကနေ KNU မခွဲထွက်ရေး နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး တိုက်တွန်း

နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး (IKO) က ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC မှာ မခွဲထွက်ရေးအတွက်တောင်းဆို တဲ့ ကြေညာချက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

KNU အဖွဲ့ UNFC ကနေ ယာယီနှုတ်ထွက်ခြင်းဟာ UNFC တပ်ပေါင်းစုအဖွဲ့ ကျစ်လစ်ခိုင်မာစွာ ကြီးထွား

Sunday, October 19, 2014

(၁၇၊၁)ဖြင့်ဖမ်းခံရသည့် ဦးမလိတန် ထောင်ဒဏ် (၁၀)နှစ်ကျန်ရှိနေသေး

ကေအိုင်အေနှင့် ဆက်သွယ်သည် ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ (၁၇၊၁) ဖြင့် ဖမ်းဆီးခံရပြီး ပေါက်ကွဲမှုများဖြင့် ထောင်ဒဏ် (၂၂) နှစ် ကျခံနေရသည့် ကချင်ပြည်နယ် ရွှေကူမြို့မှ ဦးမလိတန်အမှုအား အယူဝင်ခံမှုတွင် ကချင်ပြည်နယ်တရားလွှတ်တော်ရုံးချုပ်မှ နှစ်လျော့ပေးသော်လည်း ထောင်ဒဏ် (၁၀)နှစ် ကျန်ရှိနေသေးကြောင်းသတင်းရရှိသည်။

ဦးမလိတန်သည် ရွှေကူမြို့နယ် အမှတ်ကြီးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်ပြီး

အစိုးရစစ်တပ်၏မိုင်းကြောင့် ဖါးကန့် အရပ်သား(၃)ဦး ထိခိုက်

ဖားကန်waves  ကံစီး(Ginsi) ရွာသားသုံးယောက် မိုင်း နင်းမိပြီး
ဖားကန့်ဆေးရုံရောက်အောက်တိုဘာလ ၁၈ရက်ညနေသုံး
နာရီတွင် ကင်စီး(Ginsi)ရွာသားများဖြစ်သည့် ဇော်ခွန်း(၂၂)နှစ်၊
ဇနီး လဖိုင်ဆိုင်းပန်(၁၈)နှစ်နှင့် လဖိုင်လ(၈)နှစ်တို့ သုံးဦး ငါးဖမ်း
သွားစဉ် အ.ထ.က ကံစီး ကျောင်းနောက် ဘက်တွင် အစိုးရစစ်

ဖားကန့်ကျောက်စိမ်းမှော်အတွင်း အစိုးရတပ် အင်အားတိုးမြှင့်

ဖားကန့်ကျောက်စိမ်းမှော်ဒေသအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ အနီးသို့ အစိုးရ စစ်တပ် အင်အားတိုးမြင့်မှု ရှိနေသည်ဟု ဒေသခံများနှင့် ကေအိုင်အေ တပ်ရင်း ၆ တပ်မှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။
အစိုးရဘက်မှ တပ်ဆုတ်ပေးရန် ထပ်မံ ပြောဆိုလာခြင်း မရှိတော့သော်လည်း ကေအိုင်အေ

Thursday, October 16, 2014

K.I.A Dap Dung (2) Ginra Kaw Myen Hte K.I.A Gasat Poi Byin

Oct 2014 ya shani 11:30am ten daram hta lahta Sam Mung K.I.A Masat (4) Dap Ba npu Dap Dung (2) ginra rai nga ai Je Sai hte Ting Gawt lapran kaw mying nchye shi ai Myen dap hpyen hpung langai hte tinang KIA Dap Dung (2) Hpyen hpung ni ang katut gasat poi laja lana byin ai lam shiga

ဖားကန့်တွင် အစိုးရစစ်တပ်နှင့် KIA တပ်ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွား နိုင်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ ကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်များ ပစ်ခတ်တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေကြောင်း သိရပါသည်။

ဖားကန့် အစိုးရစစ်တပ် တပ်မ ၆၆ ဗျူဟာမှူးမှ တပ်ရင်း ၆ နယ်မြေ အောင်ဘာလီမှော်ရှိ KIA တပ်ဖွဲ့အား ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ည ၆ နာရီ နောက်ဆုံးထား ဆုတ်ခွာပေးရန်