ကေအိုင်အေနှင့် ဆက်သွယ်သည် ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ (၁၇၊၁) ဖြင့် ဖမ်းဆီးခံရပြီး ပေါက်ကွဲမှုများဖြင့် ထောင်ဒဏ် (၂၂) နှစ် ကျခံနေရသည့် ကချင်ပြည်နယ် ရွှေကူမြို့မှ ဦးမလိတန်အမှုအား အယူဝင်ခံမှုတွင် ကချင်ပြည်နယ်တရားလွှတ်တော်ရုံးချုပ်မှ နှစ်လျော့ပေးသော်လည်း ထောင်ဒဏ် (၁၀)နှစ် ကျန်ရှိနေသေးကြောင်းသတင်းရရှိသည်။
ဦးမလိတန်သည် ရွှေကူမြို့နယ် အမှတ်ကြီးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်ပြီး
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ၎င်း၏လယ်ယာမှ ကုမ္ပဏီသို့ အမှုတစ်ခုဖြေရှင်းပေးရန် တံဆိပ်တုံးများကိုဆောင်ပြီး သွားနေစဉ် လမ်းခရီးတွင် အစိုးရစစ်တပ် ခလရ (၂၁၂)မှကေအိုင်အေနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းလည်း ၎င်း၏ရှေ့နေမှဆိုသည်။
“အယူဝင်ခံစာတင်ထားတာကို ဒီနေ့ဆုံးဖြတ်ပေးတယ်။ဒါပေမဲ့ ဆယ်နှစ်ကျန်သေးတယ်။ ကျွန်မတို့လည်း အထက်တရားရုံးကို ဆက်လက် အယူခံဝင်သွားမယ်။”ဟုဦးမလိတန်၏ရှေ့နေ ဒေါ်ထန်ကိုင်နောင်းမှဆိုသည်။
ဦးမလိတန်အား စတင်ဖမ်းဆီးစဉ် ၁၇၊၁ ဖြင့်သာ ဖမ်းဆီးခြင်းဖြစ်သော်လည်း နောက်တွင် ၎င်းအားဖမ်းယူစဉ် နေရာနှင့် (၁၄)မိုင်အကွာရှိသည့် ပေါက်ကွဲမှုအား ဦးမလိတန်သည် ထိုပေါက်ကွဲမှုဖြစ်ပွားစဉ်ဖြစ်ပွားနေသည့် အနီးနားတွင်ရှိနေသည့်ဟုဆိုကာ ပေါက်ကွဲ မှု အမှု (၃) (၄) နှင့် လက်နက်ကိုင်ဆောင်မှုများဖြင့် စွပ်စွဲကာ ထောင်ဒဏ်အား သီးခြားစီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း လည်းဆိုသည်။
ကချင်ပြည်နယ်တွင် (၁၇၊၁) အမူဖြင့်ဖမ်းဆီးခံထားရသူ စုစုပေါင်း အယောက် ၂၀ ကျော်ခန့်ကျန်ရှိနေအုန်းမည်ဖြစ်ကြောင်းလည်း ကချင်ပြည်နယ် အထက်တန်းရှေ့နေတစ်ဦးက ခန့်မှန်းသည်။
Kachin wave

No comments:
Post a Comment