Monday, April 14, 2014

မန်ဝိန်းကြီး ရဲ စစ်စခန်း အား KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင် မန်ဝိန်းကြီး ရဲစစ်စခန်း အား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃)လက်အောက်ခံ တပ်ရင်း (၂၇) တပ်ဖွဲ့များမှ ဧပြီလ(၁၁)ရက်နေ့ ည (၉)နာရီတွင် တိုက်ခိုက် သိမ်းပိုက်လိုက် ကြောင်း KIA ဌာနချုပ်မှ ဆိုပါသည်။

“လျှပ်တပျက် ၀င်သိမ်းလိုက် တာပါ။ ဒါပေမဲ့ မနေပါဘူး။ ဗုံးထောင်ပြီး ထားခဲ့တယ်။  အဲဒီစခန်းဟာ  စစ်ဆင်လာတဲ့ တပ်တွေရဲ့ စခန်းထောင့် လည်း ဖြစ်တယ်ေ လ။ ပြီးတော့ လူထုအပေါ် ခြိမ်းခြောက်တယ်၊ မတရား အနိုင်ကျင့်တယ်။ ငွေညှစ်တယ်။ အဲဒါလည်း ပါတယ်။ နာမည် ပျက်တဲ့စခန်းပေါ့”ဟုဆိုပါသည်။

သီးခြား အတည်ပြု ချက် မရှိသေးသော် လည်း ဧပြီ(၁၁)ရက် နေ့ညနေပိုင်း တွင် အင်အား(၁၀၀)ခန့် ရှိသော အစိုးရ အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ( ဒကစ) စစ်ကြောင်းများ သည် ဗန်းမော် လမ်းကြောင်း မှ စစ်ကား (၆) စီး ဖြင့် တရုတ် နယ်စပ် လွိုင်ဂျယ် ၏ မိုင်ဂျာယန် စခန်း အနီးရှိ ယော်ယွန် ကျေး ရွာ သို့  စစ် ကူအဖြစ် ရောက်ရှိလာ ပါ သည်။

အလားတူ ဧပြီ(၁၁)ရက် နေ့ လည် ပိုင်းတွင်လည်း အင်အား(၁၀၀)ခန့်  ရှိသည့် ကချင်ပြည် နယ် ရွှေကူ အခြေစိုက် ခလရ (၅၆) စစ်ယာဉ်တန်း သည် စစ်ကူပေး ရန် တပ်ရင်း (၂၇)နယ်မြေ ဘက်သို့  ထပ်မံ ရောက်ရှိလာခဲ့ သည်ဟု ဒေ သခံ KIA တပ်မှူး တဦးက ဆိုပါသည်။

ထို့အပြင် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့တွင်လည်း  ရပ်ကွက် တကွက်လျှင် ပေါ်တာ (၁၀)ဦး တောင်းခံနေကြောင်း၊ အကယ်၍ မပေးနိုင် ပါက တွေ့ရာလူများ ကို ဖမ်းမည် ဖြစ်ကြောင်း ။ရပ်ကွက်မှူး များ က လည်း အချိန်မှီ မဆောင်ရွက် ပေးနိုင်ကြောင်း ဆိုထားခဲ့ သည်ဟု နမ့်ခမ်းမြို့ခံ တဦးက ဆိုပါသည်။

ဤသည် အထိ နာနေသော အစိုးရ တပ်ဖွဲ့များ အား သွားရောက် စစ်ကူပေး ခဲ့ခြင်း ဖြစ်ပါသည်။  KIA တပ်ရင်း (၂၇)အား နှစ်ရက်တာ စစ်ဆင်နေသော အစိုးရ စစ်ကြောင်းများ ထဲမှ တပ်မ (၈၈) စစ်ကြောင်း များသည် ဧပြီလ (၁၀) ရက်နေ့ နှင့်(၁၁) ရက်နေ့ တွင် စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲခဲ့ပါသည်။

ထိုထဲတွင် အင်အား (၂၀၀)ခန့်ရှိသည့်  အစိုးရ ခလရ( ၉၆) ခလရ (၈၈) ခလရ (၆၈) နှင့် ခမရ (၅၂၂) ပူးပေါင်း စစ် ကြောင်း တို့သည်  KIA တပ်ရင်း (၂၇) ၏ ခပရာဘွမ် ဒေသကို အပြင်း အထန် တိုက်ခိုက် ခဲ့ပါသည်။ ယင်းတိုက်ပွဲ တွင် အစိုးရ တပ်ဖွဲ့ ဖက်မှ (၁၂)ဦးခန့် ထိခိုက် ကျဆုံးနိုင်ပြီး မိမိတို့ဖက်မှ (၄)ဦး ကျဆုံးပြီး (၇)ဦးဒါဏ်ရာ ရခဲ့သည်ဟု KIA ဖက်မှ ဆို ပါသည်။

ထို့အပြင် အင်အား (၁၅၀) ခန့်ရှိသည့် ခလရ (၆၈) နှင့် ခမရ (၅၂၂) ပူးပေါင်း စစ်ကြောင်း နှင့် ဧပြီလ (၁၁) ရက်နေ့ မနက် (၉)နာရီတွင် ဖြစ်ပွားသော တပ်ရင်း (၂၇)နယ်မြေ မော်ဆွီ အောင်လွတ် ကျေးရွာ အနီး တိုက်ပွဲ တွင်လည်း အ စိုးရ တပ်ဖွဲ့ဖက်မှ (၁၁) ဦးထက်မနဲ ထိခိုက် ကျဆုံး ဖွယ်ရှိ ကြောင်း ဆိုပါသည်။

ထို့အပြင် ဧပြီလ (၁၁) ရက်နေ့၌ ဖြစ်ပွားသော တိုက်ပွဲများထဲ တွင် မနက်ပိုင်း (၈)နာရီမှ နေ့လည်အထိ ဖြစ်ပွားသောဘန်ခမ်ပါ ဒေသ ဆော်ယန်ဘန် ကျေးရွာ တိုက်ပွဲတွင် လည်း အစိုးရ တပ်မ (၈၈) စစ်ကြောင်း ဖက်မှ အထိနာပြီး ပိတ် ဆို့ခံထားရ သည်ဟု ဆိုပါသည်။ အလားတူ တပ်ရင်း (၂၇)စခန်းများ ရှိရာသို့ ချီတက် တိုက်ခိုက်ခဲ့သော  အင်အား (၂၀၀)ခန့်ရှိသည့် ခလရ (၆၈)နှင့် ခလရ (၈၈) စစ်ကြောင်း နှစ်ကြောင်းသည် လည်း တပ်ရင်း (၂၇) တပ်ဖွဲ့နှင့် ပြင်း ထန်စွာ တိုက်ခိုက် ခဲ့ပြီး စစ်ကူ မလာမချင်း ၀ပ်နေရသည်ဟု ဆိုပါသည်။

တိုက်ပွဲများ သည် ဆက်လက်ဖြစ် ပွားနေပြီး အပြန်အလှန် စစ်ကူပို့နေကြသည့် အတွက်ဆက်လက် ပြင်းထန် လာဖွယ်ရာ ရှိနေ သည်ဟု ဆိုပါသည်။ ဤသို့ေ ကြာင့် ရွှေကူ နှင့် စကခ(၂၁) မှ အစိုးရစစ်ကူ များသည် အချိန်မှီသွား ရောက် စစ်ကူပေးနေရ ချိန်တွင် လမ်း ကြောင်းထဲရှိ မန်ဝိန်းကြီး စခန်းထောင့် အား KIA တပ်ရင်း (၂၇) တပ်ဖွဲ့များက သိမ်းဆည်း လိုက်ခြင်း ဖြစ်ပါသည်။ ဤ သို့သော တိုက်ပွဲ များကြောင့် ဒေသခံ လူထု(၂၀၀၀)ကျော်သည်  တရုတ်နယ်စပ် ဖက်သို့ တိမ်းရှောင်နေရကြောင်း ဒေ သခံများက ဆိုပါသည်။

KIA တပ်ရင်း (၂၇) မှ မန်ဝိန်းကြီး ရဲ စစ်စခန်းကို သိမ်းပိုက်သလို ပြီးခဲ့သည့် ဧပြီ (၁၀)ရက်နေ့ ကလည်း ရှမ်းပြည်မြောက် ပိုင်း နမ့် ဖတ် ကာ နှင့် နမ့်ခမ်းကြား ရှိ အစိုးရမှ အားပေးနေ သည့်တရုတ် ပန်းဆေးပြည်သူ့စစ်များ ၏ နားခမ်း ခေါ်ဆင်းကြို င်စခန်း အား T.N.L.A , SSPP နှင့် KIA မဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များ မှဝင်ရောက် သိမ်းပိုက် လိုက်ရာ လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရရှိ ခဲ့သည်ဟု TNLA မှ ဆိုပါသည်။

Myu tsaw kasa

No comments:

Post a Comment