အစိုးရ တပ်မ (၈၈) စစ်ကြောင်း များသည် ကချင်ပြည်နယ်မန်ဝိန်း နှင့် နမ့်တောင်း အကြားရှိ တရုတ်နယ်စပ် ထွက် ပေါက်ဂိတ် တခုဖြစ်သည့် ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) ၏ ဘန်ခမ် ဂိတ် စခန်းအား ဧပြီလ (၁၂)ရက်နေ့ ည (၉)နာရီ တွင် သိမ်းဆီးလိုက် ကြောင်း KIA တပ်ရင်း (၂၇) တပ်ဖွဲ့မှ ရှေ့တန်း အရာရှိ တဦးက ဆိုပါသည်။
“ ဟုတ်ပါတယ်။ သူတို့က အဲဒီ စခန်းကို လက်နက်ကြီး တွေနဲ့ အဝေးကနေ ညက်ညက် ကြေအောင် ချေပြီး ပစ်ကြတဲ့ သဘောပါဘဲ။ စခန်းကြေ လောက်ပြီး ထင်မှ တက်တိုက် တယ်လေ။ ကျနော်တို့က လည်း တွက်ပြီးသားပါ။ အချေ ဘယ်ခံမလဲ။ သူတို့ရည်ရွယ် ချက်ကို သိတာနဲ့ ဆုတ်လိုက်တာပါ။ တခြားနည်းနဲ့ ပြန်တိုက်မှာပေါ့။” ဟု ဆိုပါသည်။
အစိုးရ တပ်များသည် တဖါလုံသာ ရှိသည့် စခန်းမျိုး ကို လက်နက် ကြီး ရာနှင့် ချီပစ်ခတ်သော တိုက်နည်းကို နှစ်ရက် ဆက်တိုက် အသုံးပြု ပစ်ခတ် ခဲ့သည်ဟု KIA တပ်ဖွဲ့ဖက်မှ ဆိုပါသည်။ ဤသို့ကြောင့် စ ခန်းအား မိုင်းထောင်ပြီး အ စော က တည်းက ဆုတ်ခွာပေး ခဲ့ခြင်း ဖြစ်ကြောင်း။ သို့သော် အစိုးရတပ် များ သည် သံသယ ဖြင့် စခန်း ကို အဆက် မပြတ် လက်နက်ကြီး ဖြင့် မနားတမ်း ပစ်ခတ် ခဲ့ခြင်း သာ ဖြစ်သည်ဟု ဆိုပါသည်။
အစိုးရတပ် များ၏ (၃)ရက်တာ စစ်ဆင်ရေးတွင် KIA ၏ဘန်ခမ်ဂိတ် နှင့် တပ်ရင်း (၂၇)၏ အူလန်ဘာ စခန်းနှစ်ခု ကို သိမ်းဆည်း နိုင်ခဲ့ပြီး ဖြစ်ပါသည်။ KIA တပ်များသည် အစိုးရ တပ် များ၏ လက်နက်ကြီး အား သုံးသည့် စစ်ဆင် ရေး နည်း ကို နေပြည် တော် လေ့ကျင့်ကွင်း ၌ လေ့ကျင့်စဉ် ကတည်းက သတိထား ခဲ့ကြ သည်ဟု ဆိုပါသည်။ လက်နက် ကြီးဖြင့် ချေမှုန်း မခံရစေရန် လည်းပစ်မှတ် အသေမပေး တော့သည့် နည်းဖြင့် ပြန်လည် တိုက်ခိုက်ကြ မည်ဟု ဆိုပါ သည်။
ဤသို့ကြောင့် ဧပြီ (၁၂)ရက် နေ့ မနက်ပိုင်း တွင် တပ်ရင်း (၂၇)တပ်ဖွဲ့ဝင်များသည် လဂတ်ယန် နှင့် နားလုံကျေးရွာပါတ်ဝန်းကျင် ၌ ရောက်ရှိနေသော တပ် မ(၈၈)စစ်ကြောင်း များအား ချေမှုန်းခဲ့ သည်ဟု ဆိုပါသည်။ ထို့အပြင် (၁၂) ရက်နေ့ ညနေပိုင်း (၃)နာရီ အချိန် တွင် မူဆယ် မှ နမ့်ခမ်း ဖက်သို့ တက်လာသော စစ်သား တင်ဆောင် လာသည့် 4WD စစ်ကား တစ်စင်း အား လမ်းတစ်ဝက် အရောက်တွင် Remote မိုင်းဖြင့် ဖောက်ခွဲ ခဲ့ခြင်း ဖြင့် စစ်ကူများကို လိုက် လံဖြတ်တောက်နေ ပါသည်။
ယင်းတိုက်ခိုက် မှုတွင် ကားထဲတွင် ပါလာသော အရာရှိ နှစ်ဦး ကျပြီး အကြပ် တပ်သား (၄) ဦးထိခိုက် ဒါဏ်ရာ ရခဲ့ပါ သည်။ ၄င်းတို့၏ လက်နက် တချို့ ကို သိမ်း ဆည်း ရမိခဲ့ ပြီး ဒါဏ်ရာ ပြင်းထန်သော လူနာများအား မူဆယ်ဆေးရုံ သို့ ပို့ခိုင်းလိုက် ကြောင်း ဆိုပါသည်။
KIA တပ်များသည် ဤကဲ့သို့ အစိုးရ စစ်ကူတပ်များ လာရာလမ်း ကြောင်းကို ဖြတ်တောက် နေသလို နေရာ(၆) နေရာ ထက်မနဲ တွင် ပြင်းထန်စွာ တိုက်ခိုက် ခဲ့ေ ကြာင်း ဆိုပါသည်။ အထိအခိုက် အကျအဆုံး များ နှစ်ဖက်စလုံးတွင် ရှိနေပြီး အတိ အကျမပြော နိုင်သေးကြောင်း။ KIA ဖက်မှ စစ်ကူများလည်း ယခု ရောက်ရှိ လာ နေပြီးဖြစ် သဖြင့် တိုက်ပွဲ များ ပြင်းထန် လာဖွယ် ရှိနေသည်ဟု ဆိုပါသည်။
အင်အားများ လာသော KIA သည် ၄င်းတို့စခန်းအား သိမ်း ထားသော အစိုးရ တပ်များ ကို ပြန်လည် တုန့်ပြန် တိုက် ခိုက်လာ ပါက အစိုးရ တပ်ဖွဲ့ ဖက် မှ လေ ကြောင်း အကူ ပေးရန် ရှိနေသည်ဟု တွက်ဆထား ပါသည်။ ထို့အပြင် အစိုး ရ တပ်များ ကလည်း ကျွံဝင်နေ သော ၄င်းတို့တပ်များ အတွက် စစ်ကူပေးရန် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် ရှိ နယ်စပ် တိုက် ပွဲသို့ အရှေ့မြောက်တိုင်း မှ မြေပြင် တပ်များ အဆက်မ ပြတ် စစ်ကူပို့ နေသည်ဟု ဆိုပါသည်။
ဤ စစ်ဆင်ရေး ကို တပ်မ (၈၈)မှူးမှ ဦးဆောင်သည်ဟု ဆိုပါသည်။ တပ်မ(၈၈)မှူးသည် နေပြည်တော်တွင် ကျင်းပခဲ့သည့် ကြည်း လေနှင့် အမြောက် တပ် ပါဝင်သည့် ပူးပေါင်း စစ်ရေး လေ့ကျင့် ခန်း တွင် ဗျူဟာမှူး အဖြစ် လေ့ကျင့် ခဲ့ပါသည်။ ထိုလေ့ကျင့် နည်းအတိုင်း လက်နက်ကြီး ၏ပစ်အားကို သုံးပြီး KIA ၏ ဘန် ခမ်ဂိတ် စခန်း နှင့် တပ်ရင်း (၂၇)၏ အူလန်ဘာ စခန်းနှစ်ခု ကို သိမ်းခဲ့ပြီး ဖြစ်ပါသည်။
KIA ဖက်ကမူ ယခု စစ်ဆင်ရေး သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျဆုံးသွား သော ခမရ ၅၆၇ မှ ဗိုလ်မှူး မျိုးညွန်းစိုး အ တွက် မကြေနပ်ပွဲ ဖြစ်နိုင်သည့် အပြင် သစ်မှောင်ခို အတွက် တရုတ်နယ် စပ် ဂိတ်ကို အရယူလိုသည့် ဆန္ဒလည်း ဖြစ်နိုင်ကြောင်း ဆိုပါသည်။
ထို့အတူ KIA သည် တပ်ရင်း (၂၇) တွင် ဖြစ်နေသော တိုက်ပွဲ များ အကြောင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ် ဆောင် ရေးအဖွဲ့နှင့် မြောက်ပိုင်းတိုင်း အား အသိပေး အကြောင်းကြား သော်လည်း ထူးခြားမှု မရှိသေးကြောင်း ဆိုပါ သည်။
PPhophtaw news
No comments:
Post a Comment