Monday, June 23, 2014

ကချင်ဒုက္ခသည်ကလေးငယ်များအတွက် မူကြိုတတ်ရန် အခက်အခဲရှိနေ။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့  နယ် မိုင်းနားနှစ်ခြင်းစစ်ရှောင်တိမ်းစခန်းတွင် နေထိုင်နေသည့် မူကြို တက်မည့် ကလေးငယ် (၈၀)ကျော်အတွက် မူကြိုတတ်ရန် အခက်အခဲ ရှိနေကြောင်း စခန်းတာဝန်ခံ ဦးခေါင်ဒေါင်က ပြောသည်။

စခန်းတာဝန်ခံ ဦးခေါင်ဒေါင်က “ အပြင်မူကြိုမှာက မိဘတွေ တတ်နိုင်တယ်၊ဒီမှာက မိဘတွေလည်း IDP ဆိုတော့ ၀င်ငွေမရှိဘူး။အားလုံးက သူလိုကိုယ်လို ပဲဆိုတော့ အာဟာရ ဘယ်သူမှ မကျွေးနိုင်ဘူး” ဟုပြောသည်။

IDP စခန်းတွင် နေရာထိုင်ခင်း ကြပ်တည်းမှုများ၊ မူကြို ဆောက်ရန် အဆောက်အအုံ တည်နေရာ မရှိခြင်း၊ ကလေးငယ်များ ဆော့ကစားရန် မြေနေရာမရှိသည့် အတွက် ပြွတ်သိပ်စွာ ဆော့ကစား နေရကြောင်း၊ ကလေးငယ်များအတွက် သင်ထောက်ကူ ပစ္စည်းများ မရှိကြောင်း၊ မိဘများ ၀င်ငွေမရှိသည့်အတွက် ကလေးငယ်များအာ ဖြည့်စွက်အာဟာရ မကျွေးနိုင်းခြင်း စသည့် အခက်အခဲများရှိနေကြောင်း ပြောသည်။

ထိုနောက် ၄င်းက “ မူကြိုကျောင်းလို့သာ ပြောနေတာ၊အမှန်တကယ်ဆိုရင် ကလေးထိန်းဂေဟာ ပဲဖြစ်နေတယ်” ဟုပြောသည်။

လစဉ်ကြေးအဖြစ် ကလေးတစ်ဦးလျှင်(၅၀၀၀)ကျပ်၊ ဆန်(၂)ပြည်နှင့် အာဟာရကြေးတို့ ထည့်ရကြောင်း မိုင်းနား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ဒေါ်ခင်ထွေးနန်းကပြောသည်။

၂၀၁၃ ခုနစ်တွင် မူကြို အာဟာရကြေးအဖြစ် တစ်လလျှင် ၁၀၀၀ ခန့်ထည့်ရကြောင်း “ တစ်ထောင်ဆိုတာတော့ အဲဒီတစ်ထောင်နှုန်းထားနဲ့ ကလေးတွေကို ငါးဆယ်တန်မုန့်တော့ ကျွေးနိုင်တာပေါ့” ဟုပြောသည်။
ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အတွက် ၀င်ငွေမရှိကြောင်း နေ့စားသွားရောက်လုပ်ကိုင်မည် ဆိုပါက နေ့တိုင်း မရှိသည့်အတွက် ၀င်ငွေပုံမှန်မရှိသောကြောင့် ကလေးငယ်များ အာဟာရချို့ တဲ့သည့် အတွက် ပညာသင်ကြားရတွင် အခက်အခဲနှင့် ကြုံနေရကြောင်း ပြောသည်။

ဒုက္ခသည်စခန်းရှိ မူကြိုအပေါ်တွင် “ မူကြိုလုံးဝမရှိတာ ထက်စာရင် ရှိတာကတော့ ကောင်းတာပေါ့၊ ဒါပေမဲ့ သူများနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ အများကြီး နောက်ကျတယ်” ဟုပြောသည်။

၂၀၁၃ ခုနစ်တွင် မူကြိုကလေးငယ်(၉၀)ကျော်ကို ဆရာမ (၃)ဦးဖြင့် သင်ကြားနိုင်ခဲ့ကြောင်း၊ ဆရာမ၏ လခကို ၀ိုင်းမော်နှစ်ခြင်းဇုံနယ်နှင့် စခန်းကော်မတီတို့မှ တာဝန်ယူကာ တစ်လလျှင် (၃၀၀၀၀)နှုန်းဖြင့် လုပ်ဆောင်က မူကြို ကို လည်ပတ်နေရကြောင်း စခန်းတာဝန်ခံကပြောသည်။
မိုင်းနား စစ်ရှောင်စခန်းတွင် ဒုက္ခသည်ဦးရေ (၂၀၀၀)ကျော်ခန့် နေထိုင်နေကြောင်းလည်း သိရသည်။

Kackin waves

No comments:

Post a Comment