Friday, July 11, 2014

လုံခြုံရေးသတိ မလေးရှား မြန်မာသံရုံးမှ ထုတ်ပြန်ထား

မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ သံရုံး ထုတ်ပြန်ချက်

မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ ကွာလာလမ်ပူရှိမြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးတို့ မလေးရှားနိုင် ငံနိုင်ငံခြားရေး ၀န်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊လုံခြုံရေးတာဝန်ရှိသူများအား သွားရောက် တွေ့ဆုံ၍ အောက်ပါ အချက်(၂) ချက်ကိုတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

● မြန်မာနိုင်ငံ သားများအား အကြမ်းဖက် တိုက်ခိုက်မှုများမှ အကာ အကွယ်ပေးရန်၊
● ရာဇ၀တ် မှုကျူးလွန်သည့် တရားခံများ ကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်။

မလေး ရှားရောက် မြန်မာနိုင်ငံ သားများ အနေဖြင့် သတ်မှတ်ထား သောစည်းမျဉ်းစည်း ကမ်းများကို လိုက်နာ၍ မဖြစ် မနေ သွားလာရမည့် ကိစ္စရပ်များမှ အပ မိမိတို့နေထိုင်ရာ နယ်မြေဒေသများ အလိုက်လုံခြုံရေးဆိုင်ရာ သတင်း အခြေ အနေများကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာကာကောလ ဟာလ မမှန်သတင်း များကိုလည်း ဆင်ခြင်သုံး သပ် လျက် မိမိတို့ လုံခြုံရေး အတွက်အထူးဂရုပြု သတိထား သွားလာ နေထိုင်ကြ ပါရန် နှိုးဆောင်ထားသည်။


No comments:

Post a Comment