Thursday, July 31, 2014

ကျာက်စိမ်းတူးဖော်ရေး လုပ်ငန်းစတင်ရန် လိုင်ဇာဆွေးနွေးပွဲ အခြေအနေ စောင့်ကြည့်နေ

ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်ရေး လုပ် ငန်းများကို အစိုးရက အောက်တို ဘာတွင် ခွင့်ပြုလိုက်ပြီဖြစ်သော် လည်း လိုင်ဇာမြို့၌ ပြုလုပ်နေ သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကြောင့် လုပ်ငန်းစတင်မည့် အ ခြေအနေကို စောင့်ကြည့်နေကြ ကြောင်း မြစ်ကြီးနား ကျောက် မျက်ရတနာ လုပ်ငန်းရှင်များအ သင်းမှ ဦးလာခရီလာအောင်က ပြောသည်။

 ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များ တည်ရှိနေသည့် နေရာအများစုမှာ ကချင်လွတ် မြောက်ရေး တပ်မတော်၏ ထိန်း ချုပ်နယ်မြေများတွင် ဖြစ်သော ကြောင့် တူးဖော်ရေးလုပ်ငန်းများ စတင်ရန် အခက်အခဲများရှိနိုင် ကြောင်း ဦးလာခရီလာအောင်က ဆိုသည်။

‘‘အစိုးရဘက်က  ဘယ် လောက်ခွင့်ပြုပြု ကေအိုင်အေ ဘက်က ခွင့်မပြုဘူးဆိုရင် ကျွန် တော်တို့ လုပ်ငန်းရှင်တွေ ဘာမှ မတတ်နိုင်ဘူး’’ ဟု ဦးလာခရီလာ အောင်က ပြောသည်။

မြန်မာအစိုးရဘက်မှလည်း ကျောက်စိမ်းလုပ်ကွက်များ ရပ် နားထားသည့်  ကာလအတိုင်း သက်တမ်းပြန်လည် တိုးမြှင့်ပေး သွားမည်ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထား ရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ် ရေးလုပ်ငန်းကော်မတီကသတင်း ထုတ်ပြန်ထားသည်။

 ပြန်လည်ခွင့်ပြုပေးမည့် ကျောက်စိမ်းလုပ်ကွက်နေရာများ မှာ မငြိမ်းချမ်းသေးသော နယ်မြေ များ ဖြစ်နေသောကြောင့် လုပ် ကိုင်ခွင့်ရရှိပါက နှစ်ဖက်အဖွဲ့အ စည်းများအကြား ညှိနှိုင်းနားလည် မှုရယူ၍ လုပ်ကိုင်ရန် ကချင်ပြည် နယ် အစိုးရအဖွဲ့က လုပ်ငန်းရှင်များကို ပြောဆိုထားကြောင်း ကျောက်စိမ်းတူးဖော်ရေး လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ပုဂ္ဂလိ က ကုမ္ပဏီများအား ကျောက်စိမ်း တူးဖော်ခွင့်ကို ၂၉ လကြာ ပိတ်ပင်ထားခဲ့သည်။


No comments:

Post a Comment