Saturday, July 12, 2014

ထိုင်းရှိ မြန်မာဒုက္ခသည် တစ်သိန်းသုံးသောင်းကျော် မြန်မာသို့ ဘေးကင်းစွာပြန်နိုင်ရေး ထိုင်းမြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

မြန်မာ ဒုက္ခသည် တစ်သိန်းသုံးသောင်းကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရေးအတွက် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီ (NCPO) အကြီးအကဲ ပရာယွတ်ချန်အိုချာ (Order Prayut Chan-ocha)က ဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

သောကြာနေ့က ထုတ်လွှင့်ခဲ့သော ‘ပြည်သူများ ပြန်လည်ပျော်ရွှင်စေရေး ’ အပတ်စဉ် ရုပ်သံ အစီအစဉ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ်က၊ ပြီးခဲ့သည့်အပတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း သူနှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များအရေး နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့သည်။

‘ရိုဟင်ဂျာလှေစီးဒုက္ခသည်များ’ ကိစ္စနှင့် ပတ်သတ်၍လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့ကြောင်း ထိုင်းအခြေစိုက် သတင်းစာများ ဖြစ်ကြသည့် ဘန်ကောက်ပို့စ် သတင်းစာ နှင့် ဖူးခက်ဝမ် သတင်းစာတို့တွင် ရေးသားဖော်ပြထားသည်။


No comments:

Post a Comment