Monday, August 04, 2014

မာန်အောင်အနီး သင်္ဘောမြုပ၊် လူ ၁၉ ဦး ပျောက်ဆုံး

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်အကြား မာန်အောင်မီးပြတိုက် အနောက်မြောက်ဘက် ရေမိုင် ၁၃ မိုင်ခန့်အကွာမှာ လူ ၂၅ ဦးပါတဲ့ အဏ္ဏဝါ (၉) အမည်ရ ငါးဖမ်းသင်္ဘောတစ်စီး မနေ့က နစ်မြုပ်ခဲ့ရာ ဒီနေ့အထိ လူ ၁၉ ဦးပျောက်ဆုံးနေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီ အဏ္ဏဝါ (၉) ငါးဖမ်းသင်္ဘောဟာ ကော့သောင်းမြို့အခြေစိုက် ရွှေအော်ကြီးကုမ္ပဏီပိုင် သင်္ဘောဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့က ကျောက်ဖြူမြို့ဆိပ်ကမ်းကနေ ရေခဲတွေသယ်ဆောင်ပြီး ပင်လယ်ပြင်မှာ ငါးဖမ်းနေတာလို့ သိရပါတယ်။

မနေ့က ပိုက်ဆွဲတင်နေစဉ် ရာသီဥတုဆိုးတာကြောင့် နစ်မြုပ်သွားတာလို့လည်း သိရပါတယ်။

သင်္ဘောနစ်မြုပ်ပြီး ၃ နာရီလောက်အကြာမှာ တခြားစက်လှေတစ်စီးက စက်ဆရာတစ်ဦးနဲ့ လူ ၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကျောက်ဖြူမြို့ကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဆယ်ယူရရှိတဲ့ လူ ၆ ဦးကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က တစ်ဦးအပါအဝင် ငပုတော၊ ဟင်္သာတ၊ သုံးခွ၊ ဒိုက်ဦး စတဲ့ မြို့နယ်တွေကဖြစ်တယ်လို့လည်းသိရပါတယ်။

အခုလက်ရှိမှာ ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူ ၁၉ ဦးကို ငါးဖမ်းစက်လှေ ၁၃ စီးလောက်က ဝိုင်းဝန်း ရှာဖွေနေဆဲ ဖြစ်တယ်လို့လည်းသိရပါတယ်။

Rfa

No comments:

Post a Comment