Tuesday, August 05, 2014

ငြိမ်းချမ်းရေးလုပ်ငန်းများ ဝန်ကြီး ဦးအောင်မင်း ရှင်းလင်း

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ကချင်ပြည်နယ် မြစ် ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ် က နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး  လက်ရှိပြည် တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တဲ့ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက အခုလိုပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲမှာ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေအပြင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၀ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားမြို့မှာ မနေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Rfa

No comments:

Post a Comment