Friday, August 29, 2014

အာင်မြင်သာကျေးရွာတွင် မူးယစ်ဆေးဝါးဟောပြောပွဲလုပ်

မြစ်ကြီးနားမြို့ အောင်မြင်သာစံပြကျေးရွာသစ်ရှိ ကက်သလစ်ဘုရားကျောင်းတွင် မြစ်ဆုံတစ်ဝိုက်ရှိ မူးယစ်ဆေးဝါးပူးပေါင်းတိုက် ဖျက်ရေး ဆိုင်းဘုတ် ထောင်ဖွင့်ပွဲအခမ်းအနားအား ၃၀ သြဂုတ်လ ၂၀၁၄နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။



“ အရင် လက်နက်ကိုင်တွေလည်းလက်နက်နဲ့တိုက်တယ်။ အစိုးရတွေလည်း ဥပဒေအတိုင်း လုပ်တယ်။ ဒါပေမဲ့ မနိုင်ဘူး။ မူးယစ်ဆေးဝါးက ပိုပိုများလာတယ်။ ဒါကြောင့်ကျွန်တော်တို့ ဒေသခံတွေ ဘာသာရေးအဖွဲ့တွေ ပူးပေါင်း ဘုရားသခင်းဆီ ဆုတောင်ပြီး လုပ်ဆောင်လာရတာဖြစ်တယ်” ဟုမလိအင်မိုင်ဇွပ်ပေါင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥက္ကဌ ဆရာဇော်ယော်ကပြော ကြားသည်။

ကချင်လူမျိုးများတွင် စစ်ပွဲကြောင့် ဆုံးရှုံးတဲ့ ဆုံးရှုံးမှုထက် မူးယစ်ဆေးဝါးကြောင့် ဆုံးရှုံးသွားတဲ့ ဆုံးရှုံးမှုက ပိုမိုများပြားကြောင့် လည်း ဆရာမှဆိုသည်။

အဆိုပါမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟောပြောပွဲတွင် ဤမူးယစ်ဆေးဝါးအား အားလုံးစိတ်တူကိုယ်တူ နဲ့ပူပေါင်းလုပ်ဆောင်သွားဖို့ ဆက်လက်ပြောကြားသည်။

အောင်မြင်သာစံပြကျေးရွာ၌ ယခုအချိန်တွင် မူးယစ်ဆေးဝါးစုပေါင်းတိုက်ဖျက်ရေးလုပ်ဆောင်သည်သာမက မူးယစ်ဆေးသုံးစွဲသူများအား ဆေးဖြတ်ပေးသည့် စခန်းများလည်းဖွင့် လှစ်ထားပြီး ဆေးလာဖြတ်သည့်သူ ၂၅ ဦး ရှိကြောင်းသိရသည်။

၎င်းမူးယစ်ဆေးဝါးစုပေါင်းတိုက်ဖျက်ရေးဆိုင်းဘုတ်ထောင်ဖွင့်ပွဲအခမ်းအနားတွင်ကချင်အဆိုတော်များလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ဆိုင်သည့်တေးသီချင်းများဖြင့်လာရောက်သီဆိုခဲ့ပြီး ပွဲတက်ရောက်သူစုစုပေါင်း လူဦးရေ ၅၀၀ ခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။


Kachin waves

No comments:

Post a Comment