ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အဖွဲ့တွင်း ဖွဲ့စည်းပုံကိုဆွေးနွေးရာ သဘောထားကွဲလွဲနေတဲ့ အတွက် ဆုံးဖြတ်ချက်မချနိုင်ဘဲ ညီလာခံကို ဒီကနေ့ ရပ်နားလိုက်ပြီး ပြည်တွင်းက တိုင်းရင်းသားအဖွဲ့အစည်း နဲ့ နိုင်ငံရေးအင်အားစုတွေကို တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စ ဆက်ဆွေးနွေးကြဖို့ ဒီကနေ့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
UNFC ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောဆိုပါတယ်။
ညီလာခံကို ဒီလ ၃၀ ဒါမှမဟုတ် ၃၁ ရက်နေ့မှာ ထပ်မံကျင်းပသွားမှာဖြစ်ပြီး လောလောဆယ် ပြည်တွင်းကနေ ဖိတ်ကြားထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ နိုင်ငံရေးပါတီ အင်အားစုတွေကို မနက်ဖြန် ၂၉ ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်း တွေ့ဆုံဆွေးနွေးသွားကြမယ်လို့လည်း သိရပါတယ်။
ညီလာခံဆက်ကျင်းပဖြစ်ရင် UNFC အဖွဲ့ကို ဗဟိုဦးစီးချူပ်ကိုင်မှုစနစ်နဲ့ သွားမလား၊ ဘယ်စနစ်နဲ့ သွားကြမလဲဆို တာတွေကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်တွေအကြား ဆွေးနွေးချမှတ် သွားကြမယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်ကိစ္စတွေ ဆက်ဆွေးနွေးရာမှာတော့ တပ်ပေါင်းစုညီညွတ်ရေး၊ ပိုမိုခိုင်မာရေးလုပ်ငန်းစဉ် ၊ နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်အဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုဆိုင်ရာလုပ်ငန်းစဉ်၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချူပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုစုရေးသားခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ကို ဆွေးနွေးသွားဖို့ရှိပြီး UNFC ရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။
Rfa
No comments:
Post a Comment