Monday, August 04, 2014

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ NCCT အဖွဲ့တို့ ထပ်မံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဟာ ဖက်ဒရယ်စနစ်နဲ့ တပ်ဖွဲ့စည်းရေး ကိစ္စတွေကို မြစ်ကြီးနားမြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက်
တိုးတက်ကောင်းမွန်တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်တယ်လို့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက သတင်းထောက်တွေကို ပြောပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပမယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ဒီလ ၁၅ရက်နေ့မှာ ဆွေးနွေးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေကို အဆိုပြုထားပြီး တိုင်းရင်းသားခေါင်းဆောင်တွေကတော့ ဒီလ ၁၈ ရက်နေ့မှာ ဆွေးနွေးဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ NCCT ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းတို့နဲ့ NCCT အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

Rfa

No comments:

Post a Comment