Wednesday, August 20, 2014

NCCT ခေါင်းဆောင်တွေ အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်နဲ့ တွေ့ဆုံ

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး ပါတီတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးဖို့လိုအပ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill ဟိုတယ်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေ ကို ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်က အခုလိုပြောပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ NCCT ခေါင်းဆောင်တွေက လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

NCCT ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၊ ရန်ကုန်လိုင်ဇာ လမ်းလျှောက် သူများအဖွဲ့၊ ကချင်ပြည်နယ် လူငယ်ကွန်ရက်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်၊ ကရင်လူငယ် မိတ်သဟာရ စတဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၀လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

Rfa

No comments:

Post a Comment