Friday, September 19, 2014

ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစု စတင်ဖွဲ့စည်း

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ "ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု" အမည်နဲ့ အဖွဲ့သစ်တစ်ဖွဲ့ကို စစ်တွေမြို့မှာ ဒီနေ့ ဖွဲ့စည်းခဲ့ပါတယ်။

‘ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု’ အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုခိုင်ကျော်မိုးက အခုလိုပြောပါတယ်။


ဒီနေ့ ဖွဲ့စည်းလိုက်တဲ့ ‘ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု’ အဖွဲ့မှာ ရခိုင်အမျိုးသားပါတီဝင်တွေအပြင် ရခိုင်ကျောင်းသားများအဖွဲ့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

အဲ့ဒီအင်အားစုအဖွဲ့ထဲမှာ ရခိုင်ပြည်နယ်တစ်ခုလုံးက တက်ကြွလှုပ်ရှားသူတွေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။


No comments:

Post a Comment