Thursday, September 04, 2014

မိုင်းနားစစ်ဘေးဒုက္ခသည် စခန်းတွင် အိမ်သာမလုံလောက်သဖြင့် ဒုက္ခသည်များအခက်ကြုံ

ကချင်ပြည်နယ် မြစ်ကြီးနား တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်ရှိ လူဦးရေ (၂၃၀၀)ကျော် နေထိုင်သည့် မိုင်းနား ကချင်နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်း(KBC) တွင် အိမ်သာအလုံး (၆၀)သာရှိ၍ လုံလောက်မှုမရှိဖြစ်နေကြောင်းသတင်းရရှိသည်။

“တစ်ခါတစ်လေဗိုက်နာရင်ဆို
အရမ်းဒုက္ခရောက်တယ်။
ဒုက္ခရောက်တယ်ဆိုတာကတော့ တစ်ယောက်ကိစ္စ္စမပြီး ခင်မှာ
တစ်ယောက်ပြန်တက်ချင်လာတာပေါ့။ အဲဒီတော့ လုတက်ရတဲ့အထိဖြစ်လာတာပေါ့။” ဟုဒုက္ခသည် ဒေါ်နန်နော့ထုဘူကပြောသည်။

ယခင်က ထိုမိုင်းနား ကချင်နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်း(KBC) တွင် အိမ်သာအလုံး (၁၀၀)ရှိရာပြည့်သွား ပြီးအိမ်သာအလုံး (၆၀)သာအသုံးပြုနေကြောင်း၊ ထိုအလုံး (၆၀) မှာလည်းပြည့်လုနီးပါးဖြစ်နေကြောင်း စခန်း တာဝန်ခံ ဦးခေါင်ဒေါင်မှဆိုသည်။

“ အစိုးရကို အိမ်သာလာလုပ်ပေးဖို့ခဏခဏ သတင်းပို့တယ်။ ဒါပေမယ့် သူတို့အခုထိလာမလုပ် ပေးသေးဘူး။” ဟုစခန်းတာဝန်ခံ ဦးခေါင်ဒေါင်ကပြောသည်။

ထိုမိုင်းနား ကချင်နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်း(KBC) တွင် မိသားစု (၁၀)စု၌အိမ်သာတစ်လုံးနှုန်းဖြင့် သုံး နေရကြောင်းကို ဒုက္ခသည်များမှဆိုသည်။

“ လုပ်ပိုင်ခွင့်သာရမယ်ဆိုရင် ကိုယ်ထူ ကိုယ်ထနဲ့ ကိုယ်ပိုင်အိမ်သာတူးချင်တယ်။ ဒါပေမယ့်မြေနေရာမရှိတာ သိလို့နားလည်ပါတယ်။” ဟုဒုက္ခသည် ဦးလရိန်ကပြောသည်။

ထိုစခန်းသည် အိမ်သာ မလုံလောက်ခြင်းသာမက အမှိုက်များလည်း စည်ပင်မှ လာမသိမ်းသည့်အတွက် အခက်အခဲများစွာရှိနေကြောင်းလည်းဆိုသည်။

မိုင်းနား ကချင်နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်း(KBC) တွင်နေထိုင်သူများမှာ ၂၀၁၁ ခုနှစ် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) နှင့် အစိုးရစစ်တပ်ကြားစစ်ဖြစ်ပွားချိန်ကတည်းက နေထိုင်သူများဖြစ်သည်။

မိုင်းနားစစ်ဘေးဒုက္ခသည်စခန်းတွင်ပုံထားသည့် အမှိုက်များ ( ပုံ )



No comments:

Post a Comment