Monday, September 29, 2014

DKBA နဲ့ ၃ရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွား


မြန်မာအစိုးရစစ်တပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အကြားက ငါးပြေမရွာ ချောင်းနှစ်ခွအနီးမှာ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။


မနက် ၉ နာရီကနေ မွန်လွဲ ၁ နာရီလောက်အထိ ပစ်ခတ်မှုအတွင်း အစိုးရစစ်တပ်က တပ်သားတစ်ဦး ကျဆုံးမှုရှိခဲ့တယ်လို့ ဒီကေဘီအေတပ်မှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။

အခုလို နှစ်ဖက်တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းမှာရှိတဲ့ DKBA တပ်ဖွဲ့ဝင် ဗိုလ်ကြီး ၀င်းဇော်ရဲ့ဇနီးနဲ့ မောင်ဖြစ်သူကို အစိုးရစစ်တပ်ဘက်က ဖမ်းဆီးသွားခဲ့တယ်လို့ DKBA တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလ ၂၀နဲ့ ၂၁ရက်နေ့တွေမှာ အစိုးရစစ်တပ်နဲ့ DKBA တပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် ယူနီဖောင်းချွတ် လက်နက်သိမ်းဆည်းရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာ ဒီကနေ့ဟာ ၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။

Rfa

No comments:

Post a Comment