တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ တင်သွင်းတဲ့ "ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး" အချက်ကို တပ်မတော်ခေါင်းဆောင်တွေက ပယ်ချခဲ့တဲ့ အတွက် ဒီနေ့ဆွေးနွေးပွဲကို သတ်မှတ်ချိန်ထက်စောပြီး ရပ်ဆိုင်းလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုင်နိုင်ဖို့ NCCTေ
ခါင်းဆောင်တွေနဲ့ အစိုးရဘက်က ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦး တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲခဲ့တာတွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။
ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပပြီးနောက် ရရှိလာမယ့် သဘောတူညီချက်ကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြမယ့်ပုံစံနဲ့ ပတ်သက်ပြီးလည်း သဘောတူညီမှုမရခဲ့ကြောင်း ဦးနိုင်ဟံသာက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးဖို့ ကျန်နေသေးတဲ့ အချက် ၅ ချက်ကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မနက်ဖြန်မှာ ဆက်လက်ကျင်းပ သွားမယ်လို့ သိရပါတယ်။
Rfa
No comments:
Post a Comment