ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၄) နဲ့ အစိုးရတပ်မ (၆၆) လက်အောက်ခံတပ်တွေအကြား နှစ်ဖက်စစ်ရေး အခြေအနေတင်းမာမှုကြောင့် မြို့ရဲ့ တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ရာမွတ်လို့ခေါ်တဲ့ ပယင်းမှော်မှာ လုပ်ကိုင်နေသူ ငါးထောင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကေအိုင်အေတပ်ရင်း (၁၄) က ‘မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး’ ခေါင်းစဉ်နဲ့ တပ်သားသစ် စုဆောင်းနေတာတွေကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထား သူတွေကို အောက်တိုဘာ ၃ ရက်နေ့ နောက်ဆုံး ထားပြန်လွှတ်ပေးဖို့ တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်က အချက် ၅ ချက်ပါတဲ့ သတိပေးစာ ကို ကေအိုင်အေ တပ်မဟာ (၂) ထံ ပေးပို့ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း အခုလိုအခြေအနေ တင်းမာနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီသတင်းဟာ မှားယွင်းကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
ဒီနှစ်အစောပိုင်းက တနိုင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် အဲ့ဒီဒေသက ချမ်းသာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း စတဲ့ ပယင်းမှော်တွေကို ပိတ်ခဲ့ရတယ်လို့ ဒေသခံတွေကပြော ပါတယ်။
Rfa
No comments:
Post a Comment