Friday, October 03, 2014

အစိုးရတပ်နှင့် SSPP SSA တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်၊ မြောက် ပိုင်းတွင် အောက် တိုဘာ ၂ ရက်က မြန်မာ့တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

အောက်တိုဘာ ၂ ရက် နံနက်၅ နာရီခွဲတွင် မြန်မာ့တပ်မ တော်နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA (SSPP/SSA) တပ်ဖွဲ့တို့သည် ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်ရှိ တာဖာဆောင်တံတားအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦးနှင့် စစ်သည်လေး ဦး၊ စုစုပေါင်းငါးဦးကျဆုံးခဲ့ကြောင်း သတင်း ရရှိသည်။


SSA ဘက်တွင်မူ တပ်ဖွဲ့ဝင် အချို့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး အကျအဆုံးမရှိကြောင်း SSA  ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းဖုန်းဟန်က ပြောကြားသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် နယ်မြေအတွင်း စစ်ဆင် ရေး တာဝန်လဲလှယ်သော တပ် မတော်စစ်ကြောင်းမှ ရှမ်းပြည် နယ်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝပ် ကျေးရွာအုပ်စု တာဖာဆောင်တံ တား ဖြတ်ကူးစဉ် SSA ဝမ်ဟိုင်း တပ်ဖွဲ့အင်အား ၂၀၀ ခန့်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ချုံခိုတိုက်ခိုက်ကြောင်း တပ် မတော်က သတင်းထုတ်ပြန်သည်။

SSPP/SSA ဘက်က ၎င်း တို့ထိန်းချုပ်ရာနေရာဟု အခိုင်အမာပြောဆိုသည့်အဆိုပါ တာဖာဆောင်စခန်းမှ ဆုတ်ခွာရန် မြန်မာ့တပ်မတော်ဘက်က အကြောင်းကြားထားကြောင်း အ ဆိုပါအချက်ကို သဘောတူညီမှုမရသဖြင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူများကပြော သည်။

‘‘ကျွန်တော်တို့က ပုံမှန်တပ် ချင်းလဲလှယ်တဲ့အနေနဲ့ ဖာဆောင်တံတားကိုဖြတ်ဖို့ အလုပ်မှာ SSA က ချုံခိုတိုက်ခိုက်တာဖြစ်တယ်။ အဲဒီနေရာက သူတို့တပ်ရှိရမယ့် နေရာမဟုတ်ဘူး။ သူတို့က ဝမ်ဟိုင်းမှာပဲ နေရမှာ။ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးတုန်းကလည်း ဝမ်ဟိုင်းမှာပဲ နေရမှာလို့ပါပြီးသားကို ကျွန်တော်တို့တပ်တွေလဲတဲ့ အချိန်မှာ အလစ်ဝင်တိုက်တာ။ ကျွန်တော်တို့ဘက်က ငါးဦးကျဆုံးသွားပါတယ်’’ ဟု ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက တိုက်ပွဲနှင့်ပတ်သက်၍ ပြောကြားသည်။

နှစ်ဖက် ချုပ်ဆိုထားသော ငြိမ်းချမ်းရေး စာချုပ်ထဲတွင် ဝမ် ဟိုင်းကိုအခြေပြု၍ တပ်များဖြန့်ခွဲ ထားသော နေရာများတွင် ယာယီနေထိုင်နိုင်ကြောင်း ပါဝင်ပြီး တာဖာဆောင်တံတား ပတ်ဝန်းကျင်မှာ ယခင်ကတည်းက မိမိတို့တပ်များ တပ်စွဲထားခြင်းဖြစ်ပြီး တပ်မတော်က SSA တပ်ဖွဲ့များ တပ်စွဲထားသည့်စခန်းသို့ အင်အားရာ နှင့်ချီလာဝိုင်း၍ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း ဦးစိုင်းဖုန်းဟန်က ပြောကြားသည်။

‘‘တပ်က ကျူးကျော်ပြီး ကျွန်တော်တို့ စခန်းကိုပိတ်ပြီး လာ တိုက်တာ။ သူတို့က အင်အားရာ ချီတယ်။ သူတို့ စစ်ကြောင်းက မနေ့က (အောက်တိုဘာ ၁ ရက်)နံနက်ကတည်းက မိုင်းရယ်ဘက် က ဝင်လာတယ်ဆိုတာ သတင်းရ ထားတယ်။ ဒီဖာဆောင်ဆိုတာ လွန်ခဲ့တဲ့နှစ် ၂၀ ကတည်းက ကျွန်တော်တို့ တပ်စွဲထားတဲ့နေ ရာ။ သူတို့က ကျွန်တော်တို့ကို အင်အားနှစ်ရာလို့ပြောတယ်။ သူ တို့ဘက်ကလည်း ရာနဲ့ချီလာတာ ပဲ။ ပြီးတော့ လက်နက်ကြီး၊ လက် နက်ငယ်က သူတို့လည်းပစ်တော့ ကျွန်တော်တို့လည်း ခုခံကာကွယ် တဲ့အနေနဲ့ ပြန်ပစ်ရတာပဲ’’ ဟု ၎င်းက ပြောသည်။

SSA နှင့် သမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်တို့ ဩဂုတ်လအတွင်း က တွေ့ဆုံမှုအပြီးတွင် ယခုတိုက် ပွဲမှာ ပထမဆုံးအကြိမ် ပြန်လည် ထိတွေ့မှု ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း နှစ်ဖက်ထိ တွေ့မှုအကြိမ် (၂၀)ခန့်ဖြစ်ပွား ထားကြောင်း ဦးစိုင်းဖုန်းဟန်က ပြောကြားသည်။

‘‘တိုက်ပွဲဖြစ်တော့ ဒေသခံ တွေက အင်မတန်စိုးရိမ်တယ်။ အခုက စိုက်တဲ့ပျိုးတဲ့ရာသီဖြစ် နေတယ်။ တိုက်ပွဲဖြစ်တော့ ဘေး လွတ်ရာ ရှောင်နေကြရတယ်။ အခု တိုက်ပွဲကိစ္စကိုတော့ လူကြီး တွေက ဘယ်လိုဆက်စီစဉ်မလဲ မသိဘူး။ ကျွန်တော်တို့က ကာ ချုပ်နဲ့ရော၊ သမ္မတနဲ့ရောတွေ့ပြီး ပြီ။ အခုအစိုးရသဘောထားကို စောင့်ဖို့ပဲ ကျန်တော့တယ်’’ ဟု ၎င်းက ပြောကြားသည်။

ယခုတိုက်ပွဲသည် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မတိုင်မီ နယ်မြေများကို တပ်မတော်က ဦးဆောင် နေရာယူသည့်အတွက် လာတိုက်ခြင်းဖြစ်ကြောင်း SSA ဘက်က ပြောကြားထားပြီး တပ်မတော်ကမူ မိမိတို့တပ်ဖွဲ့ဝင်များကို ချုံခိုတိုက်ခိုက်ခြင်းကြောင့် ပြန်လည်ခုခံရခြင်းဖြစ်ကြောင်း တိုက်ပွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် တိုက် ပွဲဖြစ်ပွားရသည့် အကြောင်းအ ရင်းကို နိုင်ငံတော်သမ္မတ၊ ကာ ကွယ်ရေးဦးစီးချုပ်တို့ထံ စာပေး ပို့အကြောင်းကြားရန် SSA ခေါင်း ဆောင်ပိုင်းက ဆုံးဖြတ်လိုက် ကြောင်း ဦးစိုင်းဖုန်းဟန်က ပြော ကြားသည်။


No comments:

Post a Comment