Tuesday, June 10, 2014

ကချင်ဒေသ လူ့အခွင့်အရေး ချို့ဖေါက်မှုတွေအရေးယူဖို့ AHRC တိုက်တွန်း

အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ တိုင်းရင်း သားတွေ ပျောက်ဆုံးတာတွေ၊ တပ်သားက ကျူးလွန်တဲ့ အမှုကို တိုင်တန်းတဲ့အခါ တပ်ပြေးဖြစ်တယ်ဆိုပြီး အရေးမယူတာတွေကို  အမြန်ဆုံး အရေးယူဆောင် ရွက်ပေးဖို့  AHRC  အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့်  စစ်ဘေးရှောင် စခန်းမှာ နေထိုင်နေသူ နှစ်ဦးဟာ အစိုးရတပ်တွေလှုပ် ရှားနေတဲ့ ဒေသတ၀ိုက်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လကတည်းက ပျောက်ဆုံးနေတာလို့ AHRC   ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ပလောင်ဒိန်ဆာရွာက ဆွမ်ခါနော်ဂျာနဲ့ ဆွမ်ခါဂန်ဖန် ဆိုတဲ့ ညီအစ်ကို နှစ်ယောက်က  ပျောက်ဆုံးနေတာပါ။  သူတို့ပျောက်ဆုံးနေတဲ့ကိစ္စကို  အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်တန်းထားပေမဲ့ တစုံတရာ အကြောင်းမထူးဘူးလို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်  ဗန်းမော်မြို့နယ်မှာ ၁၇ နှစ်ရွယ် ကချင်အမျိုးသမီးတစ်ဦးကို စစ်သားနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်တဲ့အမှုကို တိုင်တန်းပေမဲ့ တပ်ပြေးဖြစ်တယ်လို့ပြောပြီး အရေးယူတာမရှိပါဘူး။ ရဲကလည်း အမှုကျူးလွန်သူကို ဖမ်းဆီး အရေးယူနိုင်တာ မရှိဘူးလို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

No comments:

Post a Comment