Thursday, June 05, 2014

အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး မှာ ပါစေလိုကြောင်း မြန်မာ စစ်တပ် အကြီးအကဲ ပြောကြား

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကြိုးစားရာမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မကျန်ခဲ့စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအဲန် ယူခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံ စဉ် မြန်မာစစ်တပ်အကြီးအကဲက အခုလို ပြောကြားခဲ့ တာလို့ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်မူတူးစေးဖောနဲ့အတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကေအဲန်ယူ ခေါင်းဆောင်တွေ တွေ့ဆုံတာဟာ ဒီနေ့ ဒီတစ်ကြိမ်နဲ့ဆိုရင် ၆ ကြိမ်ရှိပြီလို့ သိရပါတယ်။

ဒီနေ့ ညနေပိုင်းမှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

Rfa

No comments:

Post a Comment