Thursday, June 05, 2014

ဖားကန့် ရေမဆေးကျောက် ကောက်သူများအား ရဲ များမှ ဖမ်းဆီးနေ


ရေမဆေးကျောက် ကောက်ကာ အသက်မွေးဝမ်းကျောင်းပြုနေသော ဖားကန့် မှ ရေမဆေးကျောက်ကောက်နေသူ အမျိုးသား အယောက် (၆၀)ခန့် အား ဇွန်လ(၃)ရက်နေ့  မနက် (၁၁)နာရီခန့် တွင် လုံးခင်း ရဲစခန်းမှ ရဲများ ကားကြီး (၂)စင်း ဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်းသိရသည်။
ယခုအခါ ရဲစခန်းအတွင်း ဖမ်းဆီးချုပ်နှောင်ထားကြောင်းသိရသည်။

ပြီးခဲ့သော မေလ(၂၈ )ရက် နေ့ ကလည်း ဘဆန်ချောက် မှော်အတွင်း ကျောက်စိမ်း တစ်ပိုင်တစ်နိင်တူးဖော်နေသူများအား ဆိုင်းတောင် ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များ ၀င်ရောက်ဖမ်းဆီးခဲ့သေးသည်။ ကျောက်တူးနေသူ အယောက် (၆၀)ခန့် ဖမ်းဆီးခံခဲ့ရသည်။
ဖားကန့် ရှိ စစ်တပ် နှင့် ရဲ များသည် ကျောက်တူးသူများ ၊ ရေမဆေးကောက်ကာ တပိုင်တနိုင် စီးပွားရှာစားနေသူများ အား မကြာခဏဆိုသလို ဖမ်းဆီး ငွေညှစ်ခြင်း ၊ အဖိုးတန် ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ်နေလျှက်ရှိနေသည်။



No comments:

Post a Comment