Thursday, June 19, 2014

မန်မာပြည်တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရပုံ လန်ဒန်မှာ တင်ပြ

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ပဋိပက္ခဖြစ်နေ တဲ့ဒေသအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာ တိုင်း ရင်းသားအမျိုးသမီး အဖွဲ့တချို့ရဲ့ ကိုယ်စားလှယ်တွေက ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီးဖြစ်လာတဲ့ မြန်မာနိုင်ငံတွင်းက အမျိုးသမီးထု ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခံရမှုတွေနဲ့ လုံခြုံမှုကင်းမဲ့ပုံတွေအကြောင်း ရှင်းလင်းပြောပြ တဲ့ အစည်းဝေးတစ်ခုကို မနေ့ညနေပိုင်းက ဗြိတိသျှ လွတ်တော်ရှိ ခန်းမဆောင်တစ်ခုမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းဝေးပွဲအပြီးမှာ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ ရဲ့ ဒါရိုက်တာ ဒေါ်စူစန်နာလှလှစိုးက သူဆွေးနွေးခဲ့ တာတွေနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရဟာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရင်က သဘောတူထား တာတွေကနေ အခု သွေဖယ်လာမှုတွေရှိနေတဲ့အကြာင်း ခုလိုပြောပါတယ်။

နိုင်ငံတကာရဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအတွင်းက လိင်အကြမ်းဖက်မှု ပပျောက်ရေး ညီလာခံကို မြန်မာနိုင်ငံကိုယ် စားပြုပြီး တက်ရောက်လာတဲ့ ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်ကလည်း မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်မှု တိုက်ဖျက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို မြန်မာအစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ အမျိုးသမီးကိုယ်စားလှယ်တွေကတော့ လက်မှတ်ထိုးသူနဲ့ လက်တွေအကောင်ထည်ဖော်သူတွေရဲ့ ကတိမူတွေအရင်ကရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် စိုးရိမ်မှုတွေနဲ့ သတိထားကြိုဆိုတယ်လို့ ပြောပါတယ်။

ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်နဲ့အဖွဲ့ဟာ  မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲရဲ့ရလဒ်အနေနဲ့ နောင်တချိန်မှာ အတူပူးပေါင်းဆောင်ရွက်သွားမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါ်စူစန်နာလှလှစိုးက ပြောပါတယ်။


No comments:

Post a Comment