ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဆိုပြီး မြစ်ကြီးနား မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားကို အမှတ် ၂ ရဲစခန်းက တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။
အမှုဖွင့်ထားတဲ့အကြောင်းကို မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က အခုလိုပြောပါ တယ်။
အဲဒီလို အမှုဖွင့်ခံရတဲ့ မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားက သူ့ကို အမှုဖွင့်ထားတဲ့အကြောင်း ရဲစခန်းက တရားဝင် အကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့City Park Royal စားသောက်ဆိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဟောပြောပွဲ ကျင်းပဖို့အတွက် ပြည်နယ်၊ မြို့နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
Rfa
No comments:
Post a Comment