Friday, July 04, 2014

UNFC နဲ့ ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေ မဲဆောက်မှာ တွေ့ဆုံ

ပည်တွင်း ဒီမိုကရက်တစ်အင်အားစု ၅ ဖွဲ့ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC က ဖိတ်ကြားပြီး မြန်မာနိုင်ငံ ဒီမိုကရေ စီဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုပေါ်ပေါက်ရေး တို့အတွက် ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရတာနဲ့ ပတ်သက်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ UNFC ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုမန်းမန်းက အခုလိုပြောပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့  ကိုကိုကြီးက အခုလိုပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားရေးရာကော်မတီ၊ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ဦးဆောင်ကော်မတီစတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၄၀ ကျော်တက်ရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ၂ ရက်ကြာ ပြုလုပ် မှာဖြစ်ကြောင်းသိရပါတယ်။
By rfa

No comments:

Post a Comment