Sunday, August 17, 2014

ငြိမ်းချမ်းရေးစာချုပ်ချုပ်အပြီး ကြားကာလရပ်တည်ရေး အစိုးရအမြင်မှားနေတယ်

အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ မစတင်ခင်ကြားကာလ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘယ်လိုဆက်လက်ရပ်တည်ရမလဲဆိုတဲ့အစီအစဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်ကြား သဘောတူညီမှု မရသေးပါဘူး။ ကြားကာလအစီအစဉ်ကိစ္စ အသေးစိတ် ထည့်သွင်းလိုတဲ့အပေါ် အစိုးရ အမြင်မှားနေတယ်လို့

ကြားကာလအစီအစဉ်ဆိုတာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ရပ်တည်ချက်ခိုင်မာအောင် ပံ့ပိုးပေးရမယ့်ကိစ္စလို့ အစိုးရကမမြင်ဘဲ အာဏာခွဲဝေရေး Power Sharing အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့

တပ်သားသစ်စုဆောင်ရေးမှာ အစိုးရဘက်က အဓမ္မဆိုတဲ့အသုံးအနှုန်း ထည့်သွင်းလိုတဲ့အပေါ် ဆက်ပြီးညှိနှိုင်းရဖို့ရှိသလိ နယ်မြေပိုင်းခြားသတ်မှတ်ရေးလည်း ပြန်ပြီးညှိနှိုင်းရဖို့ရှိနေပါတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စ ဒေသတစ်ခုချင်းနဲ့ တစ်နိုင်ငံလုံးဆိုပြီး ၂ပိုင်းခွဲဆွေးနွေးဖို့ရှိနေပြီး အပစ်ရပ်ရေးမှာ တစ်ခါတည်း ဆွေးနွေးလို့မပြီးရင်လည်း စာချုပ်ချုပ်ပြီး တစ်လအတွင်း အပြီးသတ်ဆွေးနွေးဖို့ သဘောတူထားပါတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးတာနဲ့ ၂၄နာရီအတွင်း အောက်ခြေတပ်တွေကို အကြောင်းကြားဖို့နဲ့ စာချုပ်ပါ အချက်တွေကို ၅ရက်အတွင်း အသက်ဝင်အောင်လုပ်ဖို့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား သဘောတူထားပါတယ်။

စာချုပ်ချုပ်ဆိုပြီး ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်ဖို့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ သြဂုတ် ၁၈မှာ တွေ့ဆုံဖို့စီစဉ်ထားပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိစ္စ ပြင်ဆင်ရဦးမှာမို့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးအပေါ် ဆွေးနွေးမှာကိုလည်း လိုလားတယ်လို့ ဒေါက်တာဆာခေါင်းက ဆိုပါတယ်။

Kamayut

No comments:

Post a Comment