အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက်ဆွေးနွေးခဲ့ရာမှာ တိုးတက်မှုတွေရရှိခဲ့ပြီး၊ ဆွေးနွေးမှုရလာဒ်ကို မနက်ဖြန်မှာ ထုတ်ပြန်သွားမယ်လို့ ဆွေးနွေးပွဲတာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ညနေပိုင်းကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ NCCT တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စောကွယ်ထူးဝင်းက အခုလိုပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆိုတဲ့ အခန်းတွေကို ကျနော်တို့ပြီးသွားပြီ၊ ကျန်တဲ့အခန်း ၅၊ ၆၊ ၇ ကိုကျတော့ ကျနော်တို့ မနက်ဖြန်ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်"
ဒီကနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ဒီမိုကရေစီနဲ့အတူ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် အစိုးရဖက်က ဆက်လက် ဆွေးနွေးဖို့လက်ခံလိုက် တာသာ ဖြစ်ပြီး လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကျမှ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရမှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

No comments:
Post a Comment