Wednesday, August 20, 2014

ရက္ခိုင့်တပ်မတော် ရခိုင်ပြည်သူတွေအတွက် တကယ်ပဲလိုသလား

ရခိုင်လူမျိုးတွေရဲ့ကံကြမ္မာ ရခိုင်လူမျိုးတွေပဲဖန်တီးနိုင်ဖို့အတွက် တော်လှန်ရေးတစ်ရပ် လုပ်ဆောင်ရမယ်ဆိုတဲ့ အယူအဆနဲ့ ရက္ခိုင့်တပ်မတော်ကို ၂ဝဝ၉ ဧပြီမှာ ထူထောင်ခဲ့ပါတယ်။ 

ရက္ခိုင့်တပ်မတော်ဟာ တပ်မတော်တစ်ခုအနေနဲ့ ဘယ်နိုင်ငံရေးဦးဆောင်မှု အဖွဲ့အစည်းအောက်မှာ ရှိသလဲဆိုတာ ပြောဖို့ခက်ပေမယ့် တကယ်လိုအပ်ရင်တော့ နိုင်င့ရေးဦးဆောင်အဖွဲ့အစည်းဖွဲ့ဖို့ အဆင်သင့်ရှိနေပါပြီလို့ ဗိုလ်မှူး စောမောင်က ပြောပါတယ်။

ရက္ခိုင့်တပ်မတော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့တွဲပြီး ၂ဝ၁၁ကစလို့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး ပြီးခဲ့တ့ ဧပြီလက ကျောက်ဖြူမှာကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံကိုလည်း ရက္ခိုင့်တပ်မတော်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။ မြန်မာအစိုးရက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ရခိုင်ပြည်နဲ့ ရခိုင်လူထုရဲ့လုံခြုံရေးကို တာဝန်ယူဖို့က ရက္ခိုင့်တပ်မတော်ရဲ့အခြေခံတာဝန်ပါလို့ ဆိုပါတယ်။

၂ဝ၁၂ ဇွန်လဆန်းကစပြီး ရခိုင်ပြည်နယ်မှာ လူမျိုးရေးဘာသာရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာကြောင့် ရက္ခိုင့်တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားပေမယ့် မဖြစ်သင့်တာတွေမဖြစ်လာတာ အကောင်းဆုံးပါလို့ ဆိုပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPANP

လိုင်ဇာအနီး မုန်လိုင်တောင်ကုန်းပေါ်က ရက္ခိုင့်တပ်မတော်ရဲ့ လေ့ကျင့်ရေးစခန်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်က ၂၂ကြိမ်မြောက် စစ်သင်တန်းပေးနေပြီး တပ်သားသစ်စုဆောင်းဖို့ ရခိုင်ပြည်နယ်ကို သီးသန့်သွားရောက်တာမရှိဘဲ ရခိုင်မျိုးနွယ်စု ၇ခုလုံးက စိတ်ဝင်စားသူတွေကိုယ်တိုင်က ဆက်သွယ်ကြပါတယ်လို့ ကိုထွန်းဝေက ရှင်းပြပါတယ်။

ရခိုင်ပြည်သူတွေကို ကာကွယ်ဖို့ မျိုးချစ်စိတ်နဲ့ ရက္ခိုင့်တပ်မတော်ထဲ ဝင်ရောက်လာသူကတော့ ကိုကျော်ညွန့်သိန်းပါ။ ရခိုင်ပြည်မှာ ပြည်သူတွေဟာ လွတ်လပ်ခွင့်ရော၊ လုပ်ပိုင်ခွင့်ပါ အများကြီးဆုံးရှုံးနေတယ်လို့ သူက ပြောပြပါတယ်။

ရက္ခိုင့်တပ်မတော် 

Kamayut

No comments:

Post a Comment