တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် စနစ်တည်ဆောက်ရေးကို အစိုးရက သဘောတူ လိုက်တဲ့အတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်လာပြီလို့ ယုံကြည်ကြောင်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ က ပြောပါတယ်။
ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်း သားရေးရာနဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ဦးမြအေးက အခုလိုပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ NCCT ခေါင်းဆောင်တွေက အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့နဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို ပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
NCCT ခေါင်းဆောင်တွေဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ၁၇ရက်နေ့အထိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ NCCT ခေါင်းဆောင်တွေဟာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Rfa
No comments:
Post a Comment