Saturday, August 16, 2014

NCCT ဆွေးနွေး နေစဉ် လိုင်ဇာ ဌာနချုပ် အနီးသို့ စစ်အင်အားဖြည့်တင်းလှုပ်ရှားလာ

သြဂုတ်လ( ၁၅)ရက် မနေ့ က ဗန်းမော် ဘက်မှ လက်နက်ကြီးများ တင်ဆောင်ထားသော အစိုးရ စစ်ကားကြီး (၅) စီး လိုင်ဇာ နှင့် မနီးမဝေး ရှိ ဒေါ့ဖုန်းယန်ကျေးရွာ အတွင်းသို့ ရောက်ရှိလာကြောင်းသိရသည် ။ ပြီးခဲ့သောနှစ်က တိုက်ပွဲအပြင်းထန်ဆုံး အချိန်များတွင် အဆိုပါ ဒေါ့ဖုန်းယန် ရှိ မြန်မာအစိုးရ တပ်စခန်း သည် လက်နက်ကြီး ပစ်ကူရာတွင် အဓိက ကျသော စခန်းဖြစ်ခဲ့သည် ။

၂၀၁၁ ခုနှစ် က ကေအိုင်အေ နှင့် တိုက်ပွဲ စတင်ဖြစ်ပွားရာ ဆန်ဂန်ကျေးရွာ သို့ လည်း စစ်အင်အား ဖြည့်တင်း ထားကြောင်း ထပ်မံသိရသည်။ မနေ့ က သြဂုတ်လ (၁၅)ရက်နေ့ က ဗန်းမော် ဘက် မှ စစ်ကားကြီး (၆)စီး ပါ စစ်ယာဉ်တန်း ဖြင့် တပ်အင်အား လာရောက်ဖြည့်တင်း ထားကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား -လိုင်ဇာ နှင့် ဗန်းမော် -လိုင်ဇာ ကားလမ်းပိုင်း ကျေးရွာများတွင် ဖြန့် ကျက်ကာ စခန်းချထားသော မြန်မာအစိုးရတပ်များ စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာနေကြောင်း ထပ်မံသိရသည် ။ နန်ဆန်ယန် ၊ ရှဒါန်ပါ ၊ မန်ဘန် စသည့် ကျေးရွာ တစ်လျှောက်တွင်လည်း တပ်အင်အားဖြည့်တင်းခြင်း ၊ စစ်ကြောင်း အလိုက် လှုပ်ရှားခြင်းများ ပြုလုပ်နေကြောင်း သိရသည် ။

(
Myu Tsaw kasa )



No comments:

Post a Comment