တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီမှု လတ်မှတ်ရေးထိုးပြီးနောက် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် စောင့်ကြည့်ရမည့် ကော်မတီများ ဖွဲ့စည်းသွားမည်ဟုအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ( NCCT)မှ ပထမခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကိုပြောသည်။
“ တပ်ဖွဲ့တွေရဲ့ နယ်မြေထိစပ်နေတဲ့ နေရာတွေမှာ ပစ်ခတ်မှု မဖြစ်အောင် စောင့်ထိန်းရမယ့် စည်းကမ်းတွေ ချမှတ်ဖို့ လိုတယ်၊ ဒီ့အပြင် စည်းကမ်းတွေ လိုက်နာဖို့ စောင့်ကြည့်ရမယ့် ကော်မတီ ဖွဲ့ရမယ်၊
ဒါမှ အပစ်ရပ် ခိုင်မာမယ်" ဟု မဇ္ဈိမကိုပြောသည်။ တိုက်ပွဲများကြောင့် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ယုံကြည်မှု ကျဆင်းစေနိုင်သည်ဟု နိုင်ဟံသာက မှတ်ချက်ပြုသည်။
အပစ်ရပ်သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပြည်နယ် အလိုက် စောင့်သည့် တပ်များ ထားရှိရန် လို/မလို ၊ ပြည်ထောင်စုတပ်မတော်တွင် လူမျိုးပေါင်းစုံ
ပေါင်စည်းသည့် စစ်ရေးခေါင်းဆောင်ပါဝင်ရန် လို /မလို စသည်ဖြင့် ဆွေးနွေးပွဲတွင် အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အထူးအကြံပေး ဦးလှမောင်ရွှေက “ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်သွားဖို့ လိုတယ်၊
အဲ့မတိုင်ခင် ၁၀၀ ရာနှုန်း စံနှုန်းပြည့်တော့ ဖြစ်မှာမဟုတ်ဘူး၊ နှစ်ဖက် ညှိပြီးယုံကြည်မှုနဲ့ သွားရမယ်” ဟု ပြောသည်။
တိုင်းရင်းသားဒေသအချို့တွင် ပဏာမ အပစ်ရပ်သဘောတူညီမှုများ ရှိသော်လည်း တိုက်ပွဲများ ထိတွေ့မှု ဖြစ်နေသည်မှာ တပ်နေရာချထားမှုများ မရှိခြင်းကြောင့် ဟု ဦးလှမောင်ရွှေက ပြောသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် သဘောတူညီ လက်မှတ်ရေးထိုးပြီးနောက်တွင် တိုက်ပွဲများ ထပ်မံမဖြစ်ရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
Mizzima

No comments:
Post a Comment