Sunday, September 14, 2014

၆]ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ရပ် ဆွေးနွေးပွဲ အချက်သုံးချက် အဓိကဆွေးနွေးမည်

(၆)ကြိမ်မြောက် တရားဝင်တွေ့ဆုံမည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ဆွေးနွေးပွဲတွင် အဓိကအကြောင်းအရာသုံးခုကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးေ
ဖ်ာဆောင်ရေးလုပ်ငန်းကော်မ တီ (UPWC)နှင့် NCCT တို့ တစ် နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင် ဘာ ၂၂ ရက်မှစတင်၍ ရန်ကုန် မြို့တွင်  ပြုလုပ်သွားမည်  ဖြစ် သည်။ လာမည့်ဆွေးနွေးပွဲတွင် အကြောင်းအရာသုံးခုကို အဓိက ဆွေးနွေးသွားရဖွယ် ရှိသည်ဟု NCCT အကြံပေး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆို သည်။

‘‘နိုင်ငံရေးဆွေးနွေးရင် ဘယ်နှပွင့်ဆိုင် ဆွေးနွေးမလဲ။ ကြားကာလ ကျွန်တော်တို့ ဘယ်လိုရပ်တည်မလဲ။ နောက်ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးပွဲအတွက် ပူးတွဲ ဦးဆောင်ကော်မတီဖွဲ့ဖို့ ဒါတွေကအဓိက ဖြစ်လာနိုင်ပါတယ်’’ ဟု ဒေါက်တာဆလိုင်းက ပြောသည်။

 လာမည့် ဆွေးနွေးပွဲကို NCCT ဘက်မှ အနိမ့်ဆုံးငါးရက် ပြုလုပ်ရန် အဆိုပြုထားပြီး UPWC ဘက်က သုံးရက်ပြုလုပ်ရန် အဆို ပြုထားသည်။ ရက်မည်မျှကြာပြု လုပ်မည်ဆိုသည်ကို ပြန်လည်ညှိ နှိုင်းရမည်ဖြစ်ကြောင်း  မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေး ဗဟိုဌာန (MPC) အကြီး တန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

အဆိုပါဆွေးနွေးပွဲပြီးပါက နိုင်ငံရေးပါတီများနှင့် သုံးပွင့်ဆိုင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7day

No comments:

Post a Comment