ဖားကန့်ဒေသရှိ ကျောက်စိမ်း၊ ကျောက်မျက်တူး ဖော်ရေးလုပ်ကွက်များလုပ်ကိုင် ခွင့်ကို အစိုးရက ပြန်လည်ခွင့်ပြုခဲ့ ပြီဖြစ်သော်လည်း ကုမ္ပဏီများအ နေဖြင့် စက်တင်ဘာ ၁၃ ရက်အထိ လက်တွေ့လုပ်ငန်းများဆောင် ရွက်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ထို့အပြင် ကုမ္ပဏီများက စက်ယန္တရားကြီးများအသုံးပြု၍ လုပ်ကွက်များ တူးဖော်ခြင်းကို ကန့်ကွက်ကြောင်း စာတစ်စောင် ကို ဒေသခံများအပါအဝင် တစ်နိုင်တစ်ပိုင် ရေမဆေးသမား များစုပေါင်းလက်မှတ်ရေးထိုး၍ ကေအိုင်အိုထံပေးပို့ခဲ့ပြီး နိုင်ငံ တော်သမ္မတထံသို့လည်း ဆက် လက်ပေးပို့သွားမည်ဖြစ်ကြောင်း ဒေသခံများက
ဆိုသည်။
ဖားကန့်ဒေသကျောက်မျက် လုပ်ကွက်များ ပြန်လည်တူးဖော် ခွင့်ကို အစိုးရက ပြီးခဲ့သည့် စက် တင်ဘာ ၁ ရက်မှစတင်၍ ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။ သို့သော် ကုမ္ပဏီ အများစုက အသေးစားပြင်ဆင်မှု များသာ ဆောင်ရွက်နေပြီး ကျောက်မျက်လုပ်ကွက်များကို လက်တွေ့အကောင်အထည် ဖော်နေခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
‘‘အခြေအနေစောင့်ကြည့် နေတဲ့သဘောပဲ။ ဘယ်သူအရင် လုပ်မလဲပေါ့’’ဟု ဒေသတွင်း လူ မှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ခံ တစ်ဦးက ဆိုသည်။
နိုင်ငံတော်သမ္မတနှင့် ကေ အိုင်အိုထံ ကန့်ကွက်အကြောင်း ကြားစာပေးပို့ရခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီများအနေဖြင့် စက် ယန္တရားကြီးများဖြင့် လုပ်ကွက် များကို တူးဖော်ပါက မကြာမီ အချိန်ကာလအတွင်း သယံဇာတ များ ကုန်ခန်းသွားမည်ဖြစ်သည်။ ထို့ပြင် ဒေသခံများလုပ်ကိုင်စားသောက်ရာတွင် အခက်အခဲတွေ့ကြုံရမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ ပေးပို့ရခြင်းဖြစ်ကြောင်း ဒေသခံအဖွဲ့အစည်းများက ဆို သည်။
‘‘နောက် ၁၀ နှစ်လောက်ဆို ဖားကန့်ဆိုတာ ရာဇဝင်မှာပဲရှိ တော့မယ်။ အခုလိုအနေအထား မြင်ရမှာမဟုတ်တော့ဘူး။ ဒါ ကြောင့် ကန့်ကွက်တာပါ’’ဟု ဆိုင်းတောင်နှစ်ခြင်းအသင်းတော် မှ သင်းထောက်ဆရာ စိုင်းအောင် က ပြောသည်။
ယင်းကန့်ကွက်အကြောင်း ကြားစာကို ဒေသခံများ၊ ရေမဆေး သမားများပါဝင်လက်မှတ်ရေး ထိုးရာ လက်ရှိကာလအထိ လက် မှတ် ၁,၁၀၀ ကျော်ရရှိပြီဖြစ် ကြောင်း သတင်းရရှိသည်။
ဖားကန့်ကျောက်မျက်လုပ် ကွက်များ ပြန်လည်ခွင့်ပြုရာတွင် ကေအိုင်အေအနေဖြင့် ဆက် ကြေးကောက်ယူခြင်းမပြုလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကေအိုင်အိုထံ အကြောင်းကြား ထားသည်။ မကြာသေးမီရက်ပိုင်း က ကေအိုင်အိုက ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီအချို့ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လုပ်ကွက်ပြန် လည်ခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ သဘောထားအမြင်များကို မေး မြန်းခဲ့ကြောင်း သတင်းရရှိသည်။
7day
No comments:
Post a Comment