အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား စက်တင်ဘာ ၂၂ရက်မှစတင်ပြုလုပ် မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်စာချုပ် (မူကြမ်း)ကို အချောသပ်ရေးဆွဲ နိုင်ရန် မလွယ်ကူနိုင်သေးကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်မှစတင်၍ အနိမ့်ဆုံး ငါး ရက်ပြုလုပ်ရန် ချင်းမိုင်အကြို တွေ့ဆုံပွဲ၌ သဘောတူညီခဲ့ခြင်း ဖြစ်သည်။
မူလက ယခုလာမည့် ဆွေး နွေးပွဲပြီးပါက တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးနိုင်မည်ဟုမျှော်လင့်ကြောင်း နှစ်ဖက်ပြောကြားခဲ့သော်လည်း နောက်ထပ်တစ်ကြိမ်ခန့်ဆက် လက်ဆွေးနွေးရန်လိုအပ်မည်ဖြစ် ကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး အဖွဲ့အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ များကပြောသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့က ဖက်ဒရယ်တပ် မတော်ကို စစ်ဒေသ သုံးခုဖြင့် ဖွဲ့ စည်းသွားရန် စီစဉ်ခြင်းများရှိ သောကြောင့် ယခုကဲ့သို့အနိမ့် ဆုံးနောက်ထပ်တစ်ကြိမ်ဆက် လက်ဆွေးနွေးရမည့် အနေအ ထားဖြစ်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။
‘‘ဒီတစ်ကြိမ်ပြီးရင် နောက် ထပ်တစ်ခါလောက်တော့ လို အပ်ဦးမှာပါ။ အခုတစ်ခေါက်က မပြီးနိုင်ဘူး’’ဟု ငြိမ်းချမ်းရေး ဖြစ်စဉ်အနီးကပ်စောင့်ကြည့်နေ သူ တစ်ဦးကပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်နိုင်ဟံသာ က နောက်ထပ်ဆက်လက်ဆွေး နွေးရန် လိုအပ်ခြင်းရှိ၊ မရှိဆိုသည် မှာ အခြေအနေပေါ်မူတည် ကြောင်း ပြောသည်။
‘‘ဒါကတော့ ဆွေးနွေးတဲ့ အခြေအနေပေါ်မှာပဲ မူတည် တာလေ’’ဟု နိုင်ဟံသာက ဆို သည်။
UPWC နှင့် NCCT ဆွေးနွေး ပွဲအပြီးတွင် နိုင်ငံရေးပါတီ ၆၇ ပါတီနှင့် သုံးပွင့်ဆိုင်ဆက်လက် ဆွေးနွေးသွားရန် အစိုးရဘက်မှ အဆိုပြုထားသည်။ သို့သော် တိုင်းရင်းသားများဘက်ကမူ ညီ ညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့်သာ နိုင်ငံရေးအင်အား စု၊ ပါတီအချို့နှင့် တွေ့ဆုံသွား မည့် အနေအထားရှိကြောင်း လည်း ချင်းမိုင်မြို့မှ ရရှိသော သတင်းများအရသိရသည်။
ယင်းကိစ္စနဲ့ ပတ်သက်၍ နိုင် ဟံသာက ‘‘တွေ့ဖို့စီစဉ်ထားတာ တော့ရှိပါတယ်’’ဟု ဆိုသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စာချုပ်(မူကြမ်း)တွင် နိုင်ငံရေး ဆွေးနွေးပွဲအာမခံချက်၊ ကြား ကာလနှစ်ဖက်တပ်များရပ်တည် ရေး၊ အဓမ္မလူသစ်စုဆောင်းခြင်း စသည့်အချက်များအပါအ၀င် အချက် ငါးချက်ခန့် ညှိနှိုင်းရန် ကျန်ရှိနေသည်။
စက်တင်ဘာ ၂၂ ရက်ဆွေး နွေးပွဲသည် အစိုးရနှင့် NCCT တို့ ကြား တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်မူ ကြမ်းအတွက် ခြောက်ကြိမ် မြောက်တရားဝင်တွေ့ဆုံခြင်းဖြစ် သည်။
NCCT အကြံပေးဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ယခုဆွေးနွေးပွဲတွင် စစ်သည် တော်ကျင့်ဝတ်၊ ကြားကာလ နှစ် ဖက်တပ်များနေရာချထားရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေး တို့ကိုပါ အဓိကဆွေး နွေးသွားမည်ဟု ပြောသည်။
‘‘ဒီဆွေးနွေးပွဲနောက်ဆုံးလို့ မျှော်လင့်ပါတယ်’’ဟု ဒေါက်တာ ဆလိုင်းကဆိုသည်။
မြန်မာ့ငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေးဗဟိုဌာန (MPC) မှ အကြီးတန်းအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယခုဆွေးနွေးပွဲကြိုတင် ပြင်ဆင်မှုအဖြစ် ချင်းမိုင်မြို့၌ NCCT နှင့် တွေ့ဆုံခဲ့သည်။ ထို့အ ပြင်ရခိုင်အမျိုးသားကောင်စီ (ANC)၊ ပအိုးဝ်အမျိုးသားအဖွဲ့ ချုပ် (PNLO)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကော်စီ(RCSS) တို့ နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့ ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment