Saturday, September 20, 2014

ရှုပ်ထွေးနေတဲ့ မြဝတီမြို့အခြေနေ

မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီးက တပ်မတော်သားတွေအနေနဲ့ ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန် တားမြစ်ကြောင်း ဗိုလ်မှူးကြီး စောတိုက်ဂါး ဦးစီးတဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ နယ်စပ် လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး (အထူး)ဗျုဟာက ထုတ်ပြန်ခဲ့တဲ့စာ ဟာ မိမိတို့ဌာနချုပ်နဲ့ မသက်ဆိုင်ကြောင်း KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီဌာနချုပ်က ဒီကနေ့ရက်စွဲနဲ့ စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။


KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ၊ KKO ခွဲထက် ကရင်အကျိုးပြု ဒီမိုကရေစီတပ်မတော် ကလိုထူးဘော တပ်ဖွဲ့တွေကို မြဝတီမြို့တွင်းကို ဝင်ရောက်တဲ့အခါ လက်နက်ယူဆောင်မလာရ၊ ယူနီဖောင်းဝတ်မလာရဆိုပြီး မြဝတီအခြေစိုက် ရှေ့တန်းအမှတ် ၂၇၅ အစိုးရခြေလျင်တပ်ရင်းက အခုလ ၁၄ ရက်နေ့က စာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ၃ ရက်အကြာမှာ ဗိုလ်မှူးကြီး စောတိုက်ဂါးဘက်က ထုတ်ပြန်ခဲ့တာပါ။

အဲဒီစာဟာဗဟိုရဲ့ ညွှန်ကြားချက်မပါဘဲ ဗိုလ်မှူးကြီးတိုက်ဂါးက မိမိဆန္ဒသဘောအရ ထုတ်ပြန်ခဲ့တာသာဖြစ်ပြီး၊ ဗဟိုဌာနချုပ်နဲ့ လုံးဝမသက်ဆိုင်ကြောင်း KNU/KNLA  ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီရှုပ်ထွေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နယ်စပ်အခြေစိုက် KIC ကရင်သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာ နန်းဖောဂေ ကို RFA ၀ိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။


No comments:

Post a Comment