Friday, August 29, 2014

UNFCနှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစုများ ငြိမ်းချမ်းရေး ဘုံသဘောတူညီမှု ချမှတ်မည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ငါးဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး အခြေအနေများကို သုံးသပ်၍ ငြိမ်းချမ်းရေး ဘုံသဘောတူညီမှု ချမှတ်မည်ဟု UNFC၏ မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)၏ သဘာပတိ အဖွဲ့ဝင် ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

ချင်းမိုင်ညီလာခံ သဘော တူညီမှုမရဘဲ ခေတ္တရပ်ဆိုင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အဖွဲ့တွင်း ဖွဲ့စည်းပုံကိုဆွေးနွေးရာ သဘောထားကွဲလွဲနေတဲ့ အတွက် ဆုံးဖြတ်ချက်မချနိုင်ဘဲ ညီလာခံကို ဒီကနေ့ ရပ်နားလိုက်ပြီး ပြည်တွင်းက တိုင်းရင်းသားအဖွဲ့အစည်း နဲ့ နိုင်ငံရေးအင်အားစုတွေကို တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စ ဆက်ဆွေးနွေးကြဖို့ ဒီကနေ့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာအပေါ် ကူညီငွေ ဗြိတိန် တိုးမြှင့်

မြန်မာနိုင်ငံအတွက် ဗြိတိန်အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ထောက်ပံ့ငွေကိုတိုးမြှင့်မယ်လို့ သိရပါတယ်။

ဗြိတိန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ Desmond Swayne က ၂ဝ၁၄- ၂ဝ၁၅ ခုနှစ် အတွက် ဗြိတိန် ရဲ့ထောက်ပံ့ငွေ ပေါင်စတာလင် ၆၄.၇ သန်းကနေ ၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ ပေါင်စတာလင် ၈၂ သန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဝနဲ့မိုင်းလား နှစ်ဖွဲ့ ဖွဲ့စည်းပုံကို ဘာ့ကြောင့်လက်မခံတာလဲ

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA နဲ့

မိုင်းလားအထူးဒေသ ၄ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP

အာင်မြင်သာကျေးရွာတွင် မူးယစ်ဆေးဝါးဟောပြောပွဲလုပ်

မြစ်ကြီးနားမြို့ အောင်မြင်သာစံပြကျေးရွာသစ်ရှိ ကက်သလစ်ဘုရားကျောင်းတွင် မြစ်ဆုံတစ်ဝိုက်ရှိ မူးယစ်ဆေးဝါးပူးပေါင်းတိုက် ဖျက်ရေး ဆိုင်းဘုတ် ထောင်ဖွင့်ပွဲအခမ်းအနားအား ၃၀ သြဂုတ်လ ၂၀၁၄နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

အသိမ်းခံလယ်မြေများပြန်ရရန် ဆန္ဒထုတ်ဖော်သူ ၁၀ဦး ခေါ်ယူစစ်ဆေးခံရ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သိမ်းဆည်းခံခဲ့ရသည့် လယ်မြေများပြန်ရရှိရန် ဆန္ဒပြခဲ့သောကြောင့် လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်ကျောင်းသားအစည်းအရုံးမှ ၁၀ဦးကို မြို့မရဲစခန်းက သြဂုတ်လ ၂၆ရက်နေ့၌ ခေါ်ယူစစ်ဆေးခံရသည်ဟု ကာယကံရှင်များက ပြောသည်။

တနိုင်ငံလုံး အပစ်ရပ်ရေး ဝနဲ့ မိုင်းလား သဘောတူ

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ရှိပေမဲ့ သဘောထား ကွဲလွဲနေတဲ့ ကိစ္စတွေကိုတော့ နောက်တဆင့် နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အဓိကလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနဲ့ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA မိုင်းလား အဖွဲ့တို့က ပြောဆိုခဲ့ပါတယ်။

Thursday, August 28, 2014

MYEN HPYEN DAP NI SLG. ISAK HPE ZINGRI

Wunpawng Mungdan Shanglawt Aasuya, Sam Mung daju KIA Dap ba (4),Dap Dung (37) ginra rai nga ai Momik mare kaba makau, Man Shi mare na Slg. Isak asak (38) ning hpe, Myen hpyen Hpung Dap nu (77) ni rim la nna gyit hkang let bawm kabye na matu hpyen hpung shawng kaw hkawm shangun, adup zingri ai lam shiga na lu ai.

Byin ai lam gaw August (17) ya shani Myen hpyen hpung dap nu Tatma (77) ni mare de shang wa nna Slg. Isak hpe rim gyit dun mat wa ai lam, Myen hpyen du hpun palawng hpun shangun ai hpe ningdang ai maja laja lana zingri hkrum ai lam, machyi chyalu hpe hyen hpung shawng de ganawng gumpye nna woi hkawm ma ai lam chye lu ai.

(4) ya tup dai hku woi hkawm nna zingri hkang naw machyi ai majaw nmai hkawm mat jang lam kaw kabai da ai lam, lai hkrup ai masha ni mare de hpai wa ma ai lam chye lu ai.

Jinghpaw kasa

KIA, တပ်ရင်း (၂) ဒေသတွင် တိုက်ပွဲ ဖြစ်

ရှမ်း ပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ ၊ 
KIA,တပ်ရင်း (2)နယ်မြေ ဖြစ်သော "တိန်းခန် "ကျေးရွာ ဘက်သို့ 
ကျူး ကျော်ဝင်ရောက် လာ သော မြန်မာ စစ်တပ် တပ်မ (၉၉) 
လက်အောက်ခံ စစ်ကြောင်း နှင့် KIA, တပ်ရင်း (၂) တပ် ဖွဲ့ တို့ 
(၂၅၊ ၈၊၂၀၁၄ )ရက်နေ့ နံနက် (၁၁း၀၀) နာရီ အချိန် ခန့်တွင် 
တိန်းခန် ရွာ အနီး ၌ ထိပ်တိုက် ရင် ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့
ကြောင်း သတင်းရရှိပါသည်။
ဤ သို့တိုက်ပွဲ ဖြစ်ပွားရာ တွင် မြန်မာ အစိုးရ စစ်တပ် ဘက် မှ 
(၁)ဦးကျ ဆုံး ပြီး (၅) ဦးဒဏ်ရာရရှိ ကြောင်း KIA, ရှေ့တန်းအရာ
ရှိများထံ မှ သတင်းရရှိပါသည်။

မြန်မာ အစိုးရ စစ်တပ်များသည် ယခုအချိန် တိုင်းရင်းသား လက်
နက် ကိုင်တော်လှန်ရေးအဖွဲ့များ နှင့် နိုင်ငံတော် အစိုးရ တို့တနိုင်ငံ
လုံး အတိုင်း အတာ အပစ် အခတ်ရပ်စဲ နိုင်ရေး အတွက်ဆွေးနွေး
နေချိန် တွင် ကချင် ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း KIA,
မြေအနီး သို့ စစ်အင်အားများ တိုးချဲ့ ကာ စစ်ရေး လှုပ်ရှားမှုများ 
အပြင်း အထန်ဆောင်ရွက်နေ ကြောင်း သေဒခံ မျက်မြင်သက်
သေများထံ မှ သတင်းရရှိပါသည်။

KIA Dap Dung (34) Ginra Kaw Myen Hte TNLA Ni Gasat Poi Byin, Myen Si Hkala Lam Nga

August 26, 2014 ya shani 8:30am ten ram hta lahta Sam Mung KAI masat (4) Dap Ba npu Dap Dung (34) ginra Seng Kawng kaw Myen asuya dap Hk.L.Y-(130) dap ni the hpu-nau Balawng dap TNLA ni gasat poi laja lana byin ai lam shiga na chye lu ai.

Ndai gasat poi hta Myen dap maga na marai (1) si nna marai (3) ram hkala hkrum mat ai lam shiga na chye lu ai.

Myu tsaw kasa

MYEN HPYEN DAP NI SLG. ISAK HPE ZINGRI

Wunpawng Mungdan Shanglawt Aasuya, Sam Mung daju KIA Dap ba (4),Dap Dung (37) ginra rai nga ai Momik mare kaba makau, Man Shi mare na Slg. Isak asak (38) ning hpe, Myen hpyen Hpung Dap nu (77) ni rim la nna gyit hkang let bawm kabye na matu hpyen hpung shawng kaw hkawm shangun, adup zingri ai lam shiga na lu ai.

Byin ai lam gaw August (17) ya shani Myen hpyen hpung dap nu Tatma (77) ni mare de shang wa nna Slg. Isak hpe rim gyit dun mat wa ai lam, Myen hpyen du hpun palawng hpun shangun ai hpe ningdang ai maja laja lana zingri hkrum ai lam, machyi chyalu hpe hyen hpung shawng de ganawng gumpye nna woi hkawm ma ai lam chye lu ai.

(4) ya tup dai hku woi hkawm nna zingri hkang naw machyi ai majaw nmai hkawm mat jang lam kaw kabai da ai lam, lai hkrup ai masha ni mare de hpai wa ma ai lam chye lu ai.

Jp kasa

Wednesday, August 27, 2014

နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့ မူးယစ်ဆေးတိုက်ဖျက်ရာတွင် တိုးတက်မှုရှိ

လားရှိုး - ရှမ်းပြည်နယ် (မြောက် ပိုင်း)ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ် ကာ တိုက်နယ်ကျေးရွာအတွင်း ကချင်အမျိုးသမီးအဖွဲ့နှင့် တ အောင်းလူငယ်အဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး သုံးစွဲသူများကို အုပ်စုဖြင့် ၀ိုင်းဝန်း ဖမ်းဆီးပြီး မူးယစ်တိုက်ဖျက်အဖွဲ့သို့ အပ်နှံသော  လုပ်ငန်းမှာ တိုးတက်မှုများ ရှိကြောင်း နမ့်ဖတ်ကာကချင်အမျိုးသမီးအသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ ဒေါ်ထန်ဒင်က ပြောသည်။

မူးယစ်ဆေးဝါးရောင်းချသူ များနှင့် သုံးစွဲသူများကို ကချင် အမျိုးသမီးအဖွဲ့နှင့် တအောင်းလူ ငယ်အဖွဲ့ဝင် ငါးဆယ်ဦးခန့် ဖြင့် ၀င်ရောက်ဖမ်းဆီးလေ့ရှိကာ မူ ဆယ်မူးယစ်တပ်ဖွဲ့စုသို့ ဖမ်းဆီး ရမိသော ပစ္စည်းနှင့်တကွ အပ်နှံ ပေးခြင်းဖြစ်သည်။

‘‘မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တွေနဲ့ သုံးတဲ့သူတွေကို လူ့ အခွင့်အရေးအရ ပထမဆုံးမ ရောင်းဖို့၊ မသုံးဖို့ သတိပေးတယ်။ ဒုတိယအနေနဲ့တော့ ဖမ်းမိရင် ဒဏ်ရိုက်တယ်။ နောက်ဆုံးတော့ သက်ဆိုင်ရာကို အပ်ပေးပါတယ်။ အရင်တုန်းက လုပ်ရတာမတွင် ကျယ်ပေမယ့် အခုတော့ တ အောင်းလူငယ်တွေပါ ပူးပေါင်း လာလို့ မူးယစ်ဆေးတိုက်ဖျက်ရေးဆောင်ရွက်ရတာ ပိုပြီးထိရောက် လာတယ်’’ဟု ဒေါ်ထန်ဒင်က ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေကြောင်း သတင်းရပါက သွားရောက်ဖမ်းဆီးရာတွင် တစ်ခါတစ်ရံနှစ်ဆယ်မှ သုံးဆယ်ဦးအထိ ဖမ်းဆီးရမိလေ့ရှိကြောင်း သိရသည်။ သုံးစွဲသူများ ဖမ်းဆီးရမိပါက မူးယစ်ဆေးဝါးဖြတ်လိုသူများကို နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်းဖြက်စခန်းသို့ ပို့ဆောင်၍ ကုသပေးပြီး ပြန်လည်အသုံးပြုပါက သက်ဆိုင်ရာသို့ အပ်နှံပေးကြောင်း ဘိန်းဖြတ်စခန်းမှ တာဝန်ရှိသူက ပြောသည်။

‘‘မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး ထိထိရောက်ရောက် လိုက်ဖမ်း နေတော့ ဆေးဝယ်ရတာဈေးကြီး လာတယ်။ ဒီတော့ မသုံးနိုင်တဲ့ သူတွေ ဘိန်းဖြတ်စခန်းကို ရောက်လာတယ်။ ရောင်းဝယ်တဲ့ သူတွေ လည်း မရှိသလောက်ဖြစ်သွား တယ်။ ဒီတစ်သုတ်ဘိန်းဖြတ်တဲ့ သူက အခုဆိုရင် နှစ်ဆယ့်ကိုး ယောက်ရှိသွားပြီ’’ဟု နမ့်ဖတ်ကာ ကချင်နှစ်ခြင်းအသင်းတော် ဘိန်း ဖြတ်စခန်း တာဝန်ခံ ကိုဘရန် အင်က ပြောသည်။

နမ့်ဖတ်ကာတိုက်နယ်ကျေး ရွာအတွင်းနှင့် အနီးအနားရှိ ကျေး ရွာများတွင် ယခုနှစ်ဘိန်းစိုက်ရာ သီအတွင်း ဘိန်းစိုက်ပျိုးပါက လိုက်လံဖျက်ဆီးသွားမည်ဖြစ်ပြီး စိုက်ပျိုးသူများအားလည်း ထိ ရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကချင်အမျိုး သမီးများနှင့် တအောင်းလူငယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။

‘‘မနှစ်ကဆိုရင် ရွာထဲက ခြံ တွေမှာတောင် စိုက်ကြတယ်။ ဒီ နှစ်မစိုက်ဖို့ ပြောထားတယ်။ စိုက် ရင်လိုက်ပြီး ဖျက်ဆီးမယ်။ လူထု အင်အားနဲ့အပြင် လိုအပ်ရင် သက် ဆိုင်ရာကိုလည်း အကူအညီ တောင်းသွားမယ်’’ဟု ဒေါ်ထန်ဒင် က ပြောသည်။

  နမ့်ဖတ်ကာကျေးရွာအ တွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများတို့ ဖမ်းဆီးနေသဖြင့် အနီးအနားရှိ ကျေးရွာများသို့ ကူးပြောင်းရောင်းဝယ်နေကြ သဖြင့် နမ့်ဖတ်ကာအနီးအနားရှိ ကျေးရွာများအထိ ကွင်းဆက်ဖြန့် ကာ ထိရောက်စွာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိနေကြောင်း နမ့်ဖတ်ကာကချင်နှစ်ခြင်းအသင်း တော်မှ တာဝန်ခံက ပြောသည်။

နမ့်ဖတ်ကာ ကချင်အမျိုးသမီးအဖွဲ့နှင့် တအောင်းလူငယ်အဖွဲ့တို့၏ သတင်းပေးကူညီမှုကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရမှုမှာ ထိရောက်မှုရှိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး တီခေါင်လွမ်းကပြောသည်။

7day

သဂုတ်လ ၂၆ ရက် တိုက်ပွဲ Update သတင်း

တအာင်းဒေသ၊ နမ္မတူမြို့နယ်၊ နမ္မတူ-မန်တုံ ကားလမ်းမပေါ် ဘော်တွင်းအနီး ၀၉း၃၀ နာရီမှ ၁၀း၂၀ နာရီ အချိန်ထိ တအာင်းတပ်မတော် အမှတ်(၅) ဗျူဟာကွပ်ကဲမှုလက်အောက်ရှိ တပ်ရင်း (၇၇၃/၈၈၅) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ သြဂုတ် ၂၆ ရက်နေ့ ဒုတိယအကြိမ် ဖြစ်ပွါးသော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်မှ (၉) ဦး ကျဆုံး၍ (၃) ဦး ဒဏ်ရာရရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA


NLD နဲ့ တိုင်းရင်းသားပါတီတွေ၊ UNFC ခေါင်းဆောင်တွေ တွေ့ ဆုံမည်

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအကြား အပြန်အလှန်ကူညီနိုင်ဖို့ အတွက် လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ တွေ့ဆုံကြမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြော ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အခုလိုပြောပါတယ်။

ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ တွေ့ဆုံမှာဖြစ်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က UNA ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လစဉ်တွေ့ဆုံနေတာဖြစ်ပြီး ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ UNA အဖွဲ့ဝင်မဟုတ်တဲ့ တခြားတိုင်းရင်းသား နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးအဖွဲ့အစည်း ၅ ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်တဲ့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ရက်ကြာ တွေ့ဆုံမှာဖြစ်ပါတယ်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နှစ်ပတ်လည်ညီလာခံကို မနေ့က သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ UNFC အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးကော်မတီ၊ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ကိုယ်စားလှယ်တွေ တွေ့ဆုံမှာဖြစ်ပါတယ်။

Rfa

Tuesday, August 26, 2014

UNFC ညီလာခံ ဒုတိယနေ့တွင် အဖွဲ့၏ ဖွဲ့စည်းပုံကို ပြန်လည်ဖြည့်စွက်ရေးဆွဲရန် သဘောတူ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ ညီလာခံ ဒုတိယမြောက်နေ့တွင် အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ဖြည့်စွက် ရေးစွဲရန် ဆွေးနွေးခဲ့ကြသည်ဟု UNFC ခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁ ) ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အခန်း (၂)တွင် အခြေခံမူများကို ဆွေးနွေးခဲ့ပြီး ညီလာခံ တတိယနေ့ သြဂုတ် ၂၆ရက်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။ UNFC ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အခန်း ၉ ခန်း ရှိသည်ဟု UNFC ၏ တွဲဘက်အတွင်းရေးမှူး (၂)လည်းဖြစ်၊ ညီလာခံ ဖြစ်မြောက်ရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူး ခွန်ဥက္ကာက ပြောသည်။

“ဒီနေ့က မနေ့ကအဆက်လုပ်တယ်။ အစီရင်ခံစာတင်ပြတယ်။ သဝဏ်လွှာတွေဖတ်တယ်။ ဒီနေ့တော့  UNFC က ကျင့်သုံးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးကြတယ်။ ပြင်ဆင်ဖြည့်စွက် အစားထိုးတယ်။ နိဒါန်းကနေ သွားလိုက်တာ အခန်း ၂ အထိ ပြီးပြီ”ဟု သူက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၂၅ ရက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ သုံးနှစ်ကျော်ကြာ ကာလအတွင်း လုပ်ဆောင်ခဲ့သော လုပ်ငန်းအစီရင်ခံစာများ၊ လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေး သုံးသပ်ခဲ့သည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသားအားလုံး တညီညွတ်တည်း တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ ဘယ်လို စုပေါင်း လုပ်ကြမလဲဆိုတာ တိုင်ပင်ကြတာ အင်မတန် ညီညွတ်တဲ့ အခင်းအကျင်းကို တွေ့ရပါတယ်၊ အခုချိန်ထိတော့ အလားအလာကောင်းတယ်။ အားရကျေနပ်တယ်”ဟု ခွန်ဥက္ကာ က ပြောသည်။

သြဂုတ်လ ၂၈ ရက်၌ လာမည့် သုံးနှစ်အတွက် ဆက်လက် တာဝန်ထမ်းဆောင်မည့် UNFC ခေါင်းဆောင်သစ်ကို ရွေးချယ် သွားမည် ဖြစ်သည်။ လက်ရှိ UNFC ၏ ဥက္ကဋ္ဌမှာ KIAမှ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး ဒု-ဥက္ကဋ္ဌသည် KNPPမှ အေဘယ်လ်တွီဒ် ဖြစ်သည်။

ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ (ALP)၊ ရခိုင်တပ်မတော် (AA)နှင့် ငြိမ်းချမ်းရေးကောင်စီ PC တို့မှ ကိုယ်စာလှယ်များ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက်နေသည်ဟု သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ညီလာခံမှ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။

ညီလာခံကို လာမည့် သြဂုတ်လ ၂၅ရက်မှ ၂၈ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပပြီးနောက်ရက်တွင် ပြည်တွင်းမှ နိုင်ငံရေး ပါတီများနှင့် ဒီမိုကရေစီ အင်အားစုများနှင့်အတူ ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တိုင်းရင်းသားအဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။

Mizzima

တ‌အောင်းဒေသအတွင်း တ‌အောင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

တ‌အောင်းဒေသ၊ ကျောက်မဲမြို့နယ်၊ မန်မိုင်ကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၀၃း၀၀ နာရီ အချိန်မှ ၀၃း၃၀ နာရီအချိန်ထိ တ‌အောင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၇၁၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
နမ္မတူမြို့နယ်၊ နမ္မတူ-မန်တုံ ကားလမ်းမပေါ် ဘော်တွင်းအနီးတွင်လည်း ၀၉း၃၀ နာရီမှ ၁၀း၂၀ နာရီ အချိန်ထိ တ‌အောင်းတပ်မတော် အမှတ်(၅) ဗျူဟာကွပ်ကဲမှုလက်အောက်ရှိ တပ်ရင်း (၇၇၃/၈၈၅) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ ဒုတိယအကြိမ် တိုက်ပွဲ ထပ်မံ ဖြစ်ပွါးပြန်သည်။ 
သြဂုတ် ၂၆ ရက် တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွါးခြင်း ဖြစ်သည်။
တိုက်ပွဲတွင် တ‌အောင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
တိုက်ပွဲ အသေးစိတ်သတင်းအား ဆက်လက် တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

အင်အားကြီး စစ်ရေး မဟာမိတ် ၃ ဖွဲ့ ကာချုပ်နှင့် တွေ့ဆုံ

သျှမ်းပြည်တွင်းရှိ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် သုံးခုဖြင့်ဖွဲ့စည်းထားသော စစ်ရေးမဟာမိတ်အဖွဲ့ နှင့် နေပြည်တော်အစိုးရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့ ဩဂတ်စ်လ ၂၅ ရက်က နေပြည်တော် ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုတွင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု ပန်ဆန်းဌာနချုပ်ရုံး အရာရှိ တဦးကပြောသည်။

“မနေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ကာချုပ် မင်းအောင်လှိုင်က လက်ခံတွေ့ဆုံတယ်။ ဒီနေ့ ရန်ကုန်ဆင်းမယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမယ်။” - ဟု အဆိုပါ အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်ကပြောသည်။

အဆိုပါခရီးစဉ်တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS (မိုင်းလားတပ်ဖွဲ့) အား ဦးဆန်းပေ (ဒု ဉက္ကဌ) ဦးဆောင်သည့် ၁၂ ယောက်အဖွဲ့ ၊ UWSA ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် ဦးရှောက်မင်လျဲန် (ဒုဥက္ကဌ) ဦးဆောင်သည့် ၁၆ ဦးအဖွဲ့ ၊ SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် မှ ဒုဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း ဦးဆောင်သည့် ၁၂ ဦးအဖွဲ့တို့က ကာချုပ်နှင့်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

၂၀၁၁ ဂျွန်လမှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တပ်မတော် စစ်ကြောင်းများ ရပ်တန့်ရေးအတွက် စစ်ရေးမဟာမိတ်ဖြစ်သော အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့၊ အထူးဒေသ (၂) UWSA ဝ တပ်ဖွဲ့ နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့က ၂၀၁၃ နှစ်ဆန်းပိုင်းက ပူးပေါင်းတောင်းဆိုခဲ့သည်။

သျှမ်းသံတော်ဆင့်

Sunday, August 24, 2014

တောနင်းလာသည့် အစိုးရတပ်မတော်စစ်ကြောင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်

၂၀၁၄ ဩဂတ်စ် ၂၂ ရက် နံနက်ပိုင်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် တောနင်းလှုပ် ရှား သည့် အစိုးရတပ်မတော် စစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် အကြားတိုက်ပွဲ တနာရီခန့်ဖြစ်ပွားခဲ့သည်ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

SSPP/SSA ထိန်းချုပ်နယ်မြေဘက်သို့ အင်အားဖြည့်တင်းလာသော မြန်မာ့တပ်မတော်ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် ၁၅ ခန့် အကွာရှိ ဝမ့်ဝပ်၊ ပန်စယ်ကျေးရွာအုပ်စုဘက် အခြေချ လှုပ်ရှားသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံစစ်ကြောင်း တစ်ကြောင်း က သျှမ်းပြည်တပ်တပ်မတော် SSPP SSA ၏ အမှတ် ၁ ဌာနချုပ်လုံခြုံရေးတပ်ရင်းမှ လက်အောက်ခံတပ် စစ်ကြောင်းများအားတောနင်း၍ ပိုက်စိပ်တိုက်ရှာရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တပ်မတော် တပ်မှူး တဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ဖြစ်အောင်လုပ်နေတာ။ ကျနော်တို့ဒေသ၊ ကျနော်တို့ရွာ၊ ရွာပျက်မှာစိုးလို့ ရွာနားတောင် ကျနော်တို့ မကပ်ဘူး။ ဒါကို လူထုကိုရိုက်နှက်စစ်ဆေးပြီး ကျနော်တို့သတင်းတွေကိုမေးတယ်။ ပန်စယ် ဘက်ကနေ လွယ်ယွဲ ဘက်တောနင်းလာတာ။ မနေ့က တိုက်ပွဲက ၄၅ မိနစ်လောက်ကြာမယ်ထင်တယ်။ လက်နက်ကြီးတွေ၊ စက်သေ နတ်တွေနဲ့ ရမ်းထုနေတဲ့ အချိန်နဲ့ပေါင်းရင် တနာရီကျော်ကြာမယ်ထင်တယ်” - ဟု အဆိုပါ အမည် မဖေါ်လို သည့် ရှေ့တန်းရောက်တပ်မှူးကပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဘက် သေကြေကျဆုံးမှု မရှိကြောင်း၊ အစိုးရ တပ်မ တော် ဘက်ကသေကြေဒဏ်ရာရမှုသတင်းမသိရသေးကြောင်း၊ သို့သော် ၎င်းတို့၏ ကျောပိုးအိပ် ၄ လုံး ကျနေခဲ့ကြောင်း SSPP ဌာနချုပ်ရုံးအရာရှိ ဗိုလ်မှူးစိုင်းဆေတိုင်းက ပြောသည်။

အစိုးရ တပ်မတော်ကာကွယ်ရေး ဒု ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့် က - ဝမ့်ဟိုင်း SSA အနေဖြင့် အဆိုပါ ဒေသ အတွင်းမှ တပ်ဆုပ်ပေးရန် လုံလောက်သော ချိန်ပေးထား သည် - ဟု ဂျူလိုင်လလယ်ပိုင်းက လွှတ် တော်အတွင်း ပြောကြားသည်။

သျှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့် ဒုဗိုလ်မှူးကြီးစိုင်းလှ က - သျှမ်းပြည်တပ်မတော်အနေဖြင့် ဇာတိချက် ကြွေမွေးရပ်မြေ ဖြစ်သောကြောင့် အဆိုပါ ဒေသအတွင်းမှ တပ်ဆုတ်၍မရဟု သျှမ်းသံတော် ဆင့် သို့ပြောဖူး သည်။ အဆိုပါတိုက်ပွဲဖြစ်ပွါးနေသောဒေသသည် SSPP ဗဟိုဌာနချုပ်နှင့်   ၁၀ မိုင်ကျော်သာ  ကွာဝေးပါသည်။

တဖက်ကလည်း အစိုးရတပ်မတော်သည် ကျေးသီးမြို့နယ် တာ့ဖာဆောင်ရွာအတွင်း (ဝမ့်ဝပ်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်နေသော) ဒေသခံများ၏ နေအိမ်များသို့တက်နေကာ ၎င်းတို့၏ ခံတပ်တခုအဖြစ်အသုံးပြုနေသဖြင့် စစ်ဘေးရှောင် များ နေရပ်သို့ မပြန်နိုင်သေးကြကြောင်း မြို့ခံများကပြောသည်။

ဦးသိန်းစိန်အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပြည်လုံးအပစ်ခတ်ရပ်စဲရေး ကြိုးပမ်း နေသော်လည်း အစိုးရတပ်မတော်ကမူ သျှမ်းပြည်မြောက်ပိုင်းအတွင်း အင်အားဖြည့် လှုပ်ရှားနေသောကြောင့်  တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

၂၀၁၂ ဂျန္နဝါရီ ၂၈ ရက် သျှမ်းပြည်တိုးတက်ရေးပါတီ နှင့် အစိုးရတို့  ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေး လက်မှတ် ရေးထိုးစဉ် UPWC  ဒုဥက္ကဌ(၂) ဦးသိန်းဇော် မှ‘  ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ၅ ရက် အတွင်း သျှမ်းပြည်တပ်မတော်နယ်မြေအတွင်း အစိုးရတပ်များအားလုံး တပ်နှုတ်ဖယ်ရှားပေးပါမည်’ ဟု သျှမ်းပြည် တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်ထံသို့  နှုတ်ကတိပေးခဲ့ဖူးသော်လည်း တပ်မဆုပ်ပေး သည့် အပြင် အင်အားတိုးချလှုပ်ရှားသောကြောင့် သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု SSPP အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။



ဝ ဒေသ တရုတ်စာ၊ တရုတ်စကား လွှမ်းမိုးမှု လျှော့ချနိုင်မလား

“ဝ ဒေသမှာ တရုတ်စာ၊ တရုတ်စကားလွှမ်းမိုးမှုတွေ ပပျောက်အောင် ပါတီကနေ အခြေခံပြီး လုပ်ထားတာ ရှိပါတယ်”လို့ “၀” အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ် ဦးဆပ်နပ် ပြောဆိုထားတာကို သြဂုတ်လ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖတ်ရှုလိုက်ရပါတယ်။

အစိုးရက ဆောင်ရွက်နေတဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ၆၆ ပါတီနဲ့ အစိုးရတို့ အပြန်အလှန် ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ပြုလုပ်ခဲ့ပြီး အဲဒီပွဲ အပြီးမှာ ဦးဆပ်နပ်က အစိုးရသတင်းစာရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒီပြောဆိုမှုဟာ တရုတ်စာ၊ တရုတ်စကားကို အဓိကသုံးစွဲနေတဲ့ ဝဒေသမှာ တကယ်ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါ့မလား။ ဘာကြောင့် ဒီလိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာလဲဆိုတာ လူအများစိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။

“၀” ဒေသဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ တည်ရှိပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်တဲ့ “၀” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်၊ “၀” ပြည် သွေးစည်းညီညွှတ်ရေး ပါတီ (UWSA/UWSP) ထိန်းချုပ်ပါတယ်။

UWSP/UWSA ရဲ့ ခေါင်းဆောင်တွေ အပါအဝင် “ဝ” ဒေသခံတွေဟာ တရုတ်စာ၊ တရုတ်စကားတွေကို အဓိက အသုံးပြုကြသလို မြန်မာကျပ်ငွေထက် တရုတ်ယွမ်ငွေကိုသာ အဓိကထားသုံးစွဲကြပါတယ်။ ဒါ့အပြင် အင်တာနက်လိုင်း၊ ဖုန်း၊ လျှပ်စစ် ဓာတ်အား အပါအဝင် အိမ်သုံး၊ လူသုံးကုန် ပစ္စည်းတွေက အစ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေကိုပဲ သုံးစွဲနေကြတာဖြစ်ပါတယ်။

မိခင်ဘာသာစကား၊ စာပေဖြစ်တဲ့ “၀” ဘာသာစကား၊ “၀” စာပေထက် တရုတ်စာ၊ တရုတ်စကားကို အဓိက အသုံးပြုနေ ကြတာပါ။ “၀” ထိန်းချုပ်နယ်မြေထဲကမြို့တွေကို ရောက်ဖူးသူတိုင်းက အရပ်လေးမျက်နှာလုံး တရုတ်အဆင်အယင်တွေကို မြင်တွေ့ရပြီး တရုတ် စကားပြောသံတွေကိုသာ ကြားမြင်နေရတဲ့ အတွက် တရုတ်နိုင်ငံထဲကို ရောက်နေသလိုပဲလို့တောင် ပြောဆိုကြပါတယ်။

UWSA/UWSP အဖွဲ့ကို နိုင်ငံရေးနဲ့ လက်နက်အင်အားအတွက် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးနေတယ် ဆိုပြီး ကော လာ ဟလ စကားတွေ ထွက်ခဲ့သလို “၀” ဒေသကို ယူကရိန်းက ခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းသွားတဲ့ ခရိုင်းမီးယားဒေသလို ဖြစ်လာလေ မလား ဆိုပြီး မြန်မာပြည်သူတချို့ရဲ့ စိုးရိမ် သံတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ပြည်နယ်အုပ်ချုပ်ခွင့်ရရှိဖို့ မြန်မာအစိုးရထံမှာ တစိုက်မတ်မတ်တောင်းဆိုနေတဲ့ “၀” ခေါင်းဆောင်တွေကလည်း အရင်က မိခင် ဘာသာ စကားကို သင်ကြားဖို့နဲ့ အသုံးပြုဖို့အတွက် လှုံ့ဆော်အားပေးမှုတွေ အားနည်းခဲ့ပေမယ့် အခုဆိုရင် မိခင်ဘာသာစကားနဲ့ စာပေတွေကို သင်ကြားဖို့အပြင် နိုင်ငံတွင်း ရုံးသုံး၊ ကျောင်းသုံး ဘာသာစကားဖြစ်တဲ့ ဗမာ စကားကိုတောင် သင်ကြားကြဖို့ အား ထုတ်လာတာတွေရှိလာနေပါပြီ။

ဒေသတွင်းမှာ “၀” စာပေ၊ “၀” စကားသင်ကြားဖို့ ၂၀၁၁ ခုနှစ်မှာ “၀” ခေါင်းဆောင်တွေက ညွှန်ကြားချက်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ် နောက်ပိုင်း နိုင်ငံတွင်း အများသုံးစကားဖြစ်တဲ့ ဗမာစကား ကိုလည်း သင်ကြားကြဖို့ လုပ်ဆောင်မှုတွေ ရှိနေပြီလို့ “၀” နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ကနေတဆင့် သိရပါတယ်။

“ဝ (UWSA/UWSP) ခေါင်းဆောင် တွေကတော့ပြောတယ်။ တရုတ်ကျောင်းတွေကို တတ်နိုင်သမျှလျှော့ချပြီးတော့ ကျနော်တို့ ဝ ကျောင်းတွေ ပေါ်ပေါက်ဖို့လေ။ ဝ ဘာသာစကား၊ စာပေသင်ဖို့ပေါ့။ ဒီမှာက တရုတ်ကျောင်းတွေရှိတယ်လေနော်၊ အဲဒီမှာ ဝ ဘာသာ လည်း သင်ရမယ်၊ ဗမာဘာသာလည်း သင်ရမယ်ဆိုတာ နောက်ဆုံး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ပေါ့” လို့ “၀” အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်က ရှင်းပြပါတယ်။

နအဖ စစ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာတော့ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ် နဲ့ ပန်ဆန်း(ပန်ခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း” အဖြစ် ဖော်ပြထားပါတယ်။ အဆိုပါ သံလွင်မြစ် အရှေ့ဘက်ခြမ်းက မြို့နယ် ၆ ခုဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာတည်ရှိပါတယ်။

အခုဆိုရင် အဲဒီဒေသတွေအားလုံးမှာ ရှိတဲ့ တရုတ်ကျောင်းတွေမှာ “၀” စာပေနဲ့ ဗမာစာ သင်ကြားမှုတွေပြုလုပ်နေသလို ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာအစိုးရက ဖွင့်လှစ်တဲ့ ကျောင်းတွေလည်း အများအပြားရှိလာပြီလို့ UWSP ဗဟို ဌာနချုပ်ရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ရှင်းပြပါတယ်။

ဒါ့အပြင် ၂၀၁၄၊ ၂၀၁၅ ပညာသင်နှစ်မှာ “၀” ဒေသတွင်းက ကျောင်းသားတွေကို မြန်မာနိုင်ငံတွင်း ပြည်မဘက်နဲ့ နီးစပ်ရာ တိုင်းရင်း သား နယ်မြေတွေမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရရှိဖို့ အစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ တိုင်ပင် ဆွေးနွေးထားကြောင်းလည်းဆိုပါတယ်။

“ဒီကကျောင်းသားလေးတွေ ပြည်မမှာ စာသွားသင်ရင် ဗမာစကားက ဈေးသွားဈေးလာမှာကအစ မပြောမဖြစ်ဖြစ်လာမယ်။ ဒီမှာက ဗမာစကားသင်ရင် ဆရာမတွေနဲ့ ကျောင်းထဲမှာ သင်တုန်းအချိန်ပဲ အတန်းက ဆင်းတာနဲ့ ပတ်ဝန်းကျင်မှာက တရုတ်စကားပဲ ပြောကြ တာဆိုတော့ ပြည်မမှာ သင်ခွင့်ပြုဖို့ တောင်းဆိုတာ”လို့ ဦးအောင်မြင့်က ဆိုပါတယ်။

“၀” တိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပေါင်းနပ် ကလည်း “ဘာသာစကား စာပေပျောက်ရင် လူမျိုးလည်း ပျောက်မယ်။ ဒါကို အစဉ်တည်တံ့ဖို့ အားလုံးဝိုင်းဝန်းပြီးတော့ ကိုယ့်အသိနဲ့ကိုယ် လူမှုရေးအဖွဲ့အစည်းဆို လူမှုရေး အဖွဲ့အစည်း။ ကိုယ့် အသိနဲ့ကိုယ် ဒီဘာသာစာပေကို ဆောင်ရွက်နေကြတာ”လို့ ဆိုပါတယ်။

“၀” လူမျိုးမှာ မူရင်း ဘာသာစကား၊ စာပေ တွေရှိခဲ့ပေမယ့် ၁၉၆၈-၆၉ ခုနှစ်တွေတုန်းကစပြီး ဒီဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်ဖွဲ့တွေဝင်လာပြီးနောက်ပိုင်း တရုတ်စာနဲ့ တရုတ်စကားတွေဟာ တဖြည်းဖြည်း လွှမ်းမိုးလာခဲ့တာလို့ ဆိုကြပါတယ်။

“၀” ခေါင်းဆောင်တွေနေထိုင်ကြပြီး ဗဟိုဌာနချုပ်လည်း ရှိတဲ့ ပန်ဆန်းမြို့ပေါ်က စားသောက်ဆိုင်၊ ဈေးဆိုင်တွေနဲ့ လမ်းညွှန် ဆိုင်း ဘုတ်တွေဆိုရင်လည်း တရုတ်စာတွေနဲ့ ပဲဖော်ပြကြတယ်လို့ “၀” ဒေသကို ရောက်ရှိခဲ့ကြတဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ပြောပြပါတယ်။ စာသင်ကျောင်း အများစုကလည်း တရုတ်စာသင်ကျောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အင်အား သုံးသောင်း ဝန်းကျင်ရှိတယ်လို့ စစ်ရေးအကဲခတ်တွေ ခန့်မှန်းပြောဆိုနေကြတဲ့ “၀”  အဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ ဗကပ ကခွဲထွက်ခဲ့တာဖြစ်ပြီး  UWSA အဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ် နိုဝင်ဘာလထဲမှာပဲ UWSA ရဲ့ နိုင်ငံရေး အဖွဲ့အစည်း အဖြစ် UWSP ကိုဖွဲ့စည်းတည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။

“၀” အဖွဲ့ဟာ အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးနဲ့ ကမ္ဘာအထိ ထင်ရှားကျော်ကြားခဲ့ပြီး UWSA ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝေရှောက်ခမ် ကို ဖမ်းဆီးမိရန် သတင်းပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မယ်ဆိုပြီး အမေရိကန်က ကြေညာ ထား ပါတယ်။

လက်ရှိအချိန်မှာတော့ “၀” ဒေသအတွင်းမှာ ဘိန်းတပင်မှ မရှိတော့ကြောင်းကို UWSA/UWSP ခေါင်းဆောင်တွေရော “၀” နိုင်ငံ ရေး ပါတီ ၂ ခုလုံးကပါ အာမခံ ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း ဘယ်ကနေလာမှန်းမသိတဲ့ မူးယစ်ဆေးဝါး တချို့ ကတော့ ဒေသတွင်းမှာ ပျံ့နှံ့မှုတွေ ရှိနေတယ်လို့ “၀” ပါတီ ခေါင်းဆောင်တဦးက ပြောပါတယ်။

“၀” ဒေသမှာ တရုတ်စာ၊ တရုတ်စကား လွှမ်းမိုးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဒေသကို မြန်မာအစိုးရက အစောပိုင်းကာလ ကတည်း က အထီးကျန်အောင် ထားခဲ့တဲ့ အတွက်ကြောင့် အများသုံး ဗမာစာနဲ့ ကင်းကွာခဲ့ရသလို တရုတ်ရဲ့ နီးစပ်မှုတွေ ကြောင့် လည်း မူရင်း စာပေနဲ့ စကားတွေ လျော့ကျသွားခဲ့ရတာလို့ ဆိုပါတယ်။

“အရင်တုန်းက အစိုးရ ခေတ်အဆက်ဆက်ကလည်း သံလွင်မြစ်ဒီဘက်ကို ကျော်မှမလာတာ။ ဟိုဘက်နဲ့ ဒီဘက်ကလည်း အဆက် အသွယ်မှ မရှိတာ။ တရုတ်နိုင်ငံနဲ့ကလည်း ကပ်နေပြီး စီးပွားရေးဆက်နွယ်မှုကလည်း များနေတော့ တရုတ်စကားပြော များနေတာ ဒါကသဘာဝပဲလေ။ ၁၉၆၈ ဗကပ မဝင်ခင်က “၀” ဒေသမှာ ဗမာကျောင်း ရှိမှမရှိတာ။ ဘယ်သူမှလည်း လာမ ဆောက်ပေးဘူး လေ။ ဒီတော့ ဘယ်လိုလုပ် ဗမာလိုပြောတတ်မှာလည်း”လို့ ဦးအောင်မြင့် က ရှင်းပြပါတယ်။

တရုတ်စာ၊ တရုတ်စကား လွှမ်းမိုးမှု လျှော့ချရေးရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဦးညီပလုပ် က “ဝ ဒေသမှာ ဝ စာ တတ်မြောက် ရမယ်။ ဝ စကားပြောရမယ်ဆိုတဲ့ ဟာပေါ့လေ။ အစိုးရနဲ့ လုပ်တဲ့နေရာမှာလည်းအခက်အခဲရှိတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့က တရုတ်အစိုးရနဲ့ အဆက်အသွယ်လုပ်တာမှမဟုတ်ဘဲ၊ မြန်မာအစိုးရနဲ့ အလုပ်လုပ်တယ်ဆိုတော့ ဗမာစကား၊ ဗမာစာနဲ့ ကိုယ့်မိခင် ဘာသာစကား တတ်ဖို့လိုတာပေါ့”လို့ ဆိုပါတယ်။

“၀” ဒေသနဲ့ ထိစပ်နေတဲ့ မိုင်းလား ဒေသဆိုရင်လည်း “၀” ဒေသနဲ့ အတူတူပါပဲ။ ယွမ်ငွေကို သုံးပြီး တရုတ်စာ၊ တရုတ်စကား တွေကိုပဲ အဓိကအဖြစ် သုံးစွဲကြတာဖြစ်ပါတယ်။ ဖုန်း၊ အင်တာနက်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာလည်း တရုတ်နိုင်ငံဘက်က အသုံး အဆောင် တွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် မိုင်းလားဒေသဟာ အခြားသောတိုင်းရင်းသားတွေ လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင် တဲ့ အနေအထားမှာရှိပါတယ်။

သံလွင်မြစ်အရှေ့ခြမ်းက “၀” ဒေသကတော့ ပြည်မသားတွေ အဝင်အထွက် နည်းကြသလို ဝင်ထွက်ဖို့အတွက်လည်း ဒေသတွင်း အဝင်အထွက် ဂိတ်တွေမှာ တင်းကျပ်တဲ့ စိစစ်မှုတွေရှိပါတယ်။ အထူးသဖြင့် သတင်းမီဒီယာတွေ ဝင်ရောက်ဖို့အတွက် ကိုပင် ကန့်သတ်မှုတွေပြုလုပ်ထားဆဲဖြစ်ပါတယ်။

“၀”  ဒေသအတွင်းမှာ လည်ပတ်နေတဲ့ ယန္တရားကြီးတခုလုံးကို UWSA/UWSP ကသာ အဓိကထိန်းချုပ် စိုးမိုးထားတာပါ။ အဲဒီ ဒေသ အတွင်းမှာ အစိုးရရဲ့ ဌာနဆိုင်ရာ ရုံးတွေရှိနေတယ်ဆိုပေမယ့်လည်း အခြားဒေသတွေနဲ့စာရင် ဟန်ပြအဆင့် လောက်သာ ရှိတယ်လို့ ပြောရမှာပါ။

“၀” ခေါင်းဆောင်တွေဟာ သူတို့ကို တရုတ်နိုင်ငံရဲ့ သြဇာခံ ဖြစ်တယ်ဆိုတဲ့ သံသယနဲ့ပြောဆိုနေသံတွေအပေါ် မဟုတ်ကြောင်း သက်သေပြချင်ပုံရပေမယ့် တခြားတိုင်းရင်းသားဒေသတွေနဲ့မတူဘဲ သီးခြားဆန်နေဆဲဖြစ်ပါတယ်။     ။

Irrawaddy 

အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ကျေးရွာဒေသခံများ လိုအပ်ချက်ရှိ

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အနီးကို အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံတွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

နေပြည်တော်မြို့နယ် အနီးက အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာကဒေသခံတွေကို ၂၀၁၃ ခုနှစ်ထဲက ပင်လောင်းမြို့ အနီးကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီဒေသခံတွေက လယ်ယာမြေလိုအပ်ချက်တွေ ရှိနေ‌တာပါ။

ထိန်ပင်ကျေးရွာသစ်မှာနေထိုင်တဲ့ ဦးဖိုးထွေးကတော့ အရင်ရွာဟောင်းက ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာ သွားရောက်လုပ်ကိုက်နေပြီး လုပ်စားပိုင်ခွင့်ဖြစ်တဲ့ အကွက်တခုလောက် ပေးစေချင် တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခက်အခဲဖြစ်နေတာကတော့ လုပ်စားပိုင်ခွင့်လေး၊ ကုန်းဆိုလည်း ကုန်းကွက်လေးပေါ့၊ လယ်ဆိုလည်း လယ်ကွက်လေးပေါ့ ဘယ်လိုပဲရရ ရင်ကျေနပ်ပါတယ်။ ကျနော်တို့က တောင်သူ အလုပ်လေးတွေကိုပဲ အားထားနေရတာ။ အခု ရေမနစ်မြုပ်သေးတဲ့ လယ်မြေမှာပဲ သွားလုပ်နေရတယ်။”

ကျေးရွာသားတဦးဖြစ်တဲ့ ဦးမောင်မောင်ကလည်း လက်ရှိကျေးရွာသစ်မှာ ပေးထားတဲ့ လယ်ယာမြေများမှာ သစ်တောပိုင်မြေဖြစ်တဲ့အတွက် ဦးပိုင်မဖြစ်နိုင်ပဲ နိုင်ငံတော်က ဦးပိုင်အဖြစ် အမြန်ဆုံး ပေးစေလိုတယ်လို့ အခုလိုပြောပါတယ်။
“ကနေ့အထိ ပြည်နယ်၊ မြို့နယ်အထက်အဆင့်ဆင့်ကနေပြီးတော့ ကျနော်တို့မှာ ဦးပိုင် ဖောက်လို့မရဘူးတဲ့။ ဘာလို့ လုပ်စားလို့ မရလဲဆိုတော့ သစ်တောမြေဖြစ်တဲ့အတွက် သစ်တောမြေက နုတ်ပြီးမှာသာ ဦးပိုင်ဖောက်လို့ရမယ်လို့ ပြောတယ်။ ကျနော်တို့မှာ ဒီစိုက်ပျိုးရေးနဲ့ ဒါလေးတွေ လုပ်မှ ဘ၀ရပ်တည်မှု ရှိမှာကိုး။ အဲဒီလို လုပ်မပေးဘူးဆိုတော့ ကျနော်တို့မှာ ကိုယ့်အလုပ်ကိုယ် မလုံမလဲနဲ့ လုပ်စားနေရတဲ့ ဘ၀ ဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံတော်ကနေပြီး မြန်မြန်တိုင်းတာ၊ သစ်တောက မြန်မြန်ခွင့်ပြုပြီးတော့ မြန်မြန်ကို ဦးပိုင်တွေ ဖောက်ပေးစေချင်တယ်။”

ရှမ်းပြည်နယ်၊ လျှပ်စစ်စွမ်းအးဝန်ကြီး ဦးစိုင်းထွန်းရင်ကတော့ ကျေးရွာ ၂၃ ရွာက အိမ်ခြေ ၂၅၂၄ အိမ်ကို လယ်ယာနဲ့ အိမ်တွေအစားထိုးပေးပြီး မရသေးရင် သက်သေ အထောက်အထားနဲ့ တင်ပြနိုင်တယ်လို့လည်း အခုလိုပြောပါတယ်။
“ကျေးရွာ ၂၃ ရွာကို ပြောင်းရွှေ့တယ်။ အိမ်ခြေပေါင်း ၂၅၂၄ အိမ်ရှိတယ်။ အဲဒါကို လယ်ပိုင်တဲ့ သူကို လယ်အစားထိုးပေးတယ်။ အိမ်ပိုင်တဲ့သူကို အိမ်အစားထိုးပေးတယ်။ တကယ်လို့ မပေးရသေးဘူးဆိုရင် ကျနော်တို့အစိုးရက ချက်ချင်းလက်ငင်းပေးပေးမယ်။ ဒါပေမယ့် သက်သေ အထောက်အထားတော့ တင်ပြနိုင်ရမယ်။ ရှမ်းပြည်နယ်အစိုးရကို တင်ပြလို့ရတယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့်ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံ ၉၇၀၀ ကျော်ကို ပင်လောင်မြို့အနီးက သပြေကုန်း၊ ထိန်ပင်ကျေးရွာသစ်များကို ပြောင်းရွှေ့ပေးခဲ့ပြီး မကြာမီ ပေါင်းလောင်းမြို့သစ်အဖြစ် နိုင်ငံတော်က တရားဝင်ပြုလုပ်ပေး မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး ကပြောပါတယ်။

“နိုင်ငံတော်ထဲမှာကို စာရင်းပေါက်အဖြစ်နဲ့ မြို့လေးတမြို့ဖြစ်လာဖို့ မကြာတော့ပါဘူး။ မြို့တမြို့ဖြစ်လာရင် မြို့ရဲ့ ခံစားခွင့်တွေ အကုန်ခံစားလာရမယ်။ မြို့ဖြစ်လာရင် ဆေးရုံတွေ ရလာမယ်၊ ရဲစခန်းတွေ ရလာမယ်၊ စာသင်ကျောင်းတွေ အဆင့်မြင့်ပြီးတော့မှ မြို့နဲ့တန်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရောက်လာမယ်။”

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေပြည်တော်၊ ပျဉ်းမနားမြို့ရဲ့ ၂၆ မိုင်အကွာမှာ၂၀၀၅ ခုနှစ်မှ စတင်တည်ဆောက်နေပြီး ၂၀၁၅ ခုနှစ်မှာ ပြီးစီးကာ ၁၄၀ မီဂါဝပ်နဲ့ ပြည်တွင်းသုံးစွဲရန် ပင်မဓာတ်အားပေးစနစ်ထဲသို့ ဖြန့်ချိ သွားမယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေညာချက်ထုတ်ထားပါတယ်။

Dvb

စာချုပ်ပါအချက်ဖောက်ဖျက်မှုဖြင့် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်တွင် တရားစွဲမည်

သဘောတူစာချုပ်ပါအချက်ကို ဖောက်ဖျက်မှုအတွက် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်နိုင်ငံတွင် တရားစွဲ ဆိုသွားမည်ဟု အမေရိကန်အခြေစိုက် IIWS Telecommunication ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှ ယ် ဒေါက်တာမြတ်နုခိုင်က မဇ္ဈိမကို ပြောသည်။

အမေရိကန်အခြေစိုက် IIWS ကုမ္ပဏီအနေဖြင့်  ဖုန်းပြောဆိုမှုတွင် အသံပိုင်းဆိုင်ရာ ဝန်ဆောင်မှုကောင်းမွန်စေ ရေး လုပ်ဆောင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် ၁၉၉၉ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့သော်လည်း လက်ရှိချိ န်ထိ လုပ်ဆောင်ရန်ပျက်ကွက်ခဲ့သည့်အတွက် အမေရိကန်တွင် တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“စာချုပ်ပါ အချက်တွေကို ဖောက်ဖျက်တဲ့အတွက် ကုမ္ပဏီရဲ့ ဆုံးရှုံးမှုနဲ့ ဌာနေကိုယ်စားလှယ်ရဲ့ နိုင်ငံသားအခွင့် အရေးဆုံးရှုံးခဲ့ရတာကြောင့် အမေရိကန်နိုင်ငံမှာ တရားစွဲဖို့အသင့်ပြင်ထားပါပြီ။ ကုမ္ပဏီရဲ့ မူရင်း မိခင်ဌာနက အမေရိကန်ကဆိုတော့ အမေရိကားမှာပဲ သွားပြီး စွဲဖို့အသင့်ပြင်ထားပါတယ်။စာချုပ်ပါအချက်တွေ အတိုင်းစွဲမှာပါ။ မြန်မာနိုင်ငံက ဥပဒေနဲ့စွဲမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာမြတ်နုခိုင်က ပြောသည်။

စာချုပ်ပါအချက် ဖောက်ဖျက်မှုကြောင့် တရားစွဲဆိုသွားမည်ဟု ရေးသားထားသည့် အကြောင်းကြားစာကို မြန်မာ့ဆက်သွယ်ရေးထံ နှစ်ကြိမ် ပေးပို့ထားပြီးဖြစ်သည်။

“စာချုပ်ပါအတိုင်းကို ဟိုဘက်က အခွင့်အရေးအတိုင်းတရားစွဲမှာပါ။ စာချုပ်မှာတော့ အန်တီ တို့က ဘာလုပ်ပါမယ်။ mpt က ဘာလုပ်ပါမယ်ဆိုတာတွေ ပါမယ်။  အငြင်းပွားမှု ဖြစ်လာရင် ကုလ သမဂ္ဂဆိုင်ရာ ဥပဒေ နဲ့ ဖြေရှင်းပါမယ်လို့ လက်မှတ်ထိုးထားကြတာ။ အခု သူတို့ကဘာမှ အကြောင်းမ ကြားဘူးဆိုတော့ အငြင်းပွားသလို ဖြစ်တာပေါ့ ” ဟု ၄င်းက ပြောသည်။

 ယခုကိစ္စအပေါ် မြန်မာ့ဆက်သွယ်ရေး အဝေးဆက်ဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက “နား လည်မှုလွဲတာမျိုးပါ။ တရားဥပဒေအတိုင်းပဲ ဖြစ်သွားမှာပါ။ ကျွန်တော်တို့အဝေးဆက်အနေနဲ့ကတော့ သူတို့ လိုအပ်မယ့် အချက်အလက်တွေကိုရှာပေးတာမျိုးပဲဖြစ်ပါတယ်။ သူတို့ဆီကိုလည်း အီးမေးလ်နဲ့ အကြောင်းပြန်ပေးထားပါတယ်” ဟု ပြောသည်။

 မြန်မာ့ဆက်သွယ်ရေးက စာချုပ်ပါအချက်များကို ဖောက်ဖျက်သဖြင့် အမေရိကန်အခြေစိုက် IIWS ကုမ္ပ ဏီအနေဖြင့် ကုမ္ပဏီ၏ ဆုံးရှုံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃ဝ ခန့် နှင့် ဌာနေကိုယ် စားလှယ်၏ နိုင်ငံသားအခွင့်အရေးဆုံးရှုံးခဲ့သည့်နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ခန့်ရလို မှုဖြင့် တရားစွဲဆိုသွားရန်စီစဉ် ခြင်းဖြစ်သည်ဟု IIWS ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးတင်အေးက ပြောသည်။

 ယင်းကဲ့သို့ တရားစွဲဆိုရန် စီစဉ်ထားမှုများနှင့် လက်ရှိအခြေအနေများကို သြဂုတ် ၂၉ ရက် တွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ပြီး အသိပေးသွားမည်ဖြစ်သည်။

Mizzima

ပအိုဝ်းညီလာခံ မှတစ်ဆင့် ပအိုဝ်းပြည်နယ် တောင်းရေး ဆုံးဖြတ်မည်

ပအိုဝ်းတိုင်းရင်းသား အလွှာစုံပါဝင်သည့် အမျိုးသားညီလာခံ တစ်ရပ်ကို ပထမဆုံးအကြိမ် ကျင်းပနိုင်ရန် အကြိုအစည်း အဝေးအဖြစ် ပအိုဝ်းတစ်မျိုးသား လုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုနိုဝင်ဘာလ နောက်ဆုံးထား၍ ကျင်းပမည်ဟု မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက ပြော သည်။

သြဂုတ်လ ၂၂ရက်က ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းအနီး စင်င်္ကာပူကျောင်းတိုက်တွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားအစည်းအဝေး၌ ညီလာခံကျင်း ပရေး အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ နောက်ဆုံးထားကာ ကရင်ပြည်နယ် ဘားအံ မြို့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

“အဲ့ဒီနှီးနှောဖလှယ်ပွဲမှာ ညီလာခံကျင်းပနိုင်ဖို့ အရေးကိစ္စတွေ ဆွေးနွေးသွားမှာပါ။ ပအိုဝ်းပြည်နယ်တောင်းဖို့အတွက်လည်း အဲ့ဒီ ညီလာခံကနေ ဆုံးဖြတ်သွား မှာပါ ”ဟု ၎င်းင်းက ပြောသည်။

နိုင်ငံပြုပြင်ပြောင်းလဲမှုတွင် လိုက်လျောညီထွေဖြစ်မည့် ပအိုဝ်းအမျိုးသားလုပ်ငန်းစဉ် ချမှတ်နိုင်ရေးနှင့် ပအိုဝ်းအမျိုးသားလုံးဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ေ ရး၊ ရရှိလာသည့် အမျိုးသားလုပ်ငန်းစဉ်များ၊အခြေခံမှုများ အကောင်အထည်ဖော်ရန်၊ စာပေ နှင့် ယဉ်ကျေးမှုထိန်းသိမ်းရန် နှင့် ပအိုဝ်းတိုင်းရင်းသားများအြ ကား စည်းလုံးမှုရရှိရန် ရည်ရွယ်၍ ညီလာခံကျင်းပသွားမည်ဖြစ်သည်။

“နှီးနှော ဖလှယ်ပွဲမတိုင်ခင် ဒီအဆင့်အထိ ရောက်အောင် နယ်တိုင်းရွာတိုင်းဆင်း စာပေနဲ့ ယဉ်ကျေးမှုရော ပါတီတွေရောကွင်းဆင်းပြီးတော့ ကျေးရွာလူထုရဲ့ အသံကို နားထောင်ပြီး မှတ်သားလာပါတယ်”ဟု ဦးခွန်ရွှေသင်းက ပြောသည်။

သြဂုတ် ၂၂ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပအိုဝ်းအမျိုးသားညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပရန် အပြင် တိုင်းရင်းသားစာပေ သင်ကြားရာ ၌ ကျောင်းစာသင်ချိန်အတွင်း သင်ကြားခွင့် ရရှိရန်၊ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အမျိုးသားရေး တာဝန်အဖြစ် ပြန်လည်ဖော်ထုတ် ကြရန် စသည့် အချက်များ ပါဝင်သည်။

ယင်းအစည်းအဝေးတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ကရင် ပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ဦးတို့ တက်ရောက်ခဲ့ကြသည်။


ဇိုမီးလူမျိုးများ တိုးတက်ဖွံ့ဖြိုးရေး ဆွေးနွေး

ဇိုမီးတိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရှိလာဖို့အတွက် အဖြေရှာတဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းက YMCA ခန်းမမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုပေါင်ရှင်းလျန်းက ဇိုမီးလူမျိုးတွေဘ၀ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တွေကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံတကာ ဇိုမီးအဖွဲ့ဥက္ကဋ္ဌ ပေါင်ခန့်အန်း၊ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်တို့လည်း တက်ရောက်ဆွေးနွေးကြပါတယ်။

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဖြစ်သလို ချင်းပြည်နယ်မှာ နေထိုင်ကြတဲ့ ဇိုမီးတိုင်းရင်းသားတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးမှာ အနိမ့်ကျဆုံး အခြေအနေမှာရှိကြောင်း တက်ရောက်လာကြသူတွေက ဆွေးနွေးကြပါတယ်။

ဇိုမီးလူမျိုးတွေဟာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ တွန်းဇံ၊ ကျီခါးဒေသနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စတဲ့ဒေသတွေမှာ အများစုနေထိုင်ကြပြီး လူဦးရေ သုံးသိန်းကျော်ရှိတယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။

Rfa

တစ်ရက်အတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲ ၂ကြိမ် ဖြစ်ပွား မြန်မာ့တပ်မတော် (၄) ဦး ကျဆုံး

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ နမ့်ခွန်ကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၀၉း၀၀ နာရီ အချိန်မှ ၁၀း၃၀ နာရီအချိန်ထိ တစ်ကြိမ်၊ ညနေ၁၄း၀၀ နာရီမှ ၁၄း၃၀ နာရီ အချိန်ထိတစ်ကြိမ် တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၇၁၇)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်မှ (၄) ဦး ကျဆုံးသည်။

တအာင်းဒေသသို့ ထိုးစစ်ဆင် တက်လာသည့် မြန်မာ့တပ်မတော်မှ တအာင်းတပ်မတော်အား လိုက်လံတိုက်ခိုက် လမ်းကြောင်း ပိတ်ဆို့ နေခြင်းကြောင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA


ဖားကန့်မြို့ ၅ ရပ်ကွက် မိုးကြီးလို့ ရေလွှမ်း

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၅ ရပ်ကွက်လောက် ရေနစ်မြုပ်နေပါတယ်။

ဖားကန့်မြို့နယ် ငှက်ပျောတော၊ မြို့မ၊ မရှီကထောင် စတဲ့မြို့ပေါ် ၅ ရပ်ကွက်မှာ ရေလွှမ်းနေတာလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟန်မြင့်က ပြောပါတယ်။

အခုသီတင်းပတ်တွေမှာ မိုးရွာသွန်းမှုများတဲ့အတွက် ဧရာဝတီမြစ်ရေလည်း မြင့်တက်လာပြီး နှစ်ပေါင်း ၃၀ အတွင်း ရေလွှမ်းမှုအများဆုံးဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ရွာ အတော်များများ မှာ ရေကြီး၊ ရေလျှံခဲ့ပါတယ်။

Rfa

ရာင်းစားခံ မြန်မာ ၁၉ ဦးကို ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံမဟာချိုင်ဒေသက ပုဇွန်အခွံခွာတဲ့စက်ရုံမှာ ရောင်းစားခံတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့၊ ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံရုံးအပါအ၀င် အလုပ်သမားရေးလုပ်နေတဲ့အဖွဲ့ ဖြစ်တဲ့ FED အဖွဲ့တို့ ပူပေါင်းပြီး ကယ်ဆယ်ခဲ့ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့က ကယ်တင်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို သြဂုတ်လ ၂၃ ရက်နေ့မှာ မြ၀တီဘက်အခြမ်းမှာရှိတဲ့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့တွေထံ လွဲပြောင်းပေးလိုက်ပြီလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဖွယ်မြို့နယ် ကြည်တိုင်ကုန်းကျေးရွာသားတွေ အများအပြားပါဝင်တဲ့ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အထိ တောင်သူ (၁၉) ဦးဟာ နိုင်ငံကူးလက်မှတ်လုပ်ပေးမယ်၊ ထိုင်းနိုင်ငံမှာ ဝင်ငွေကောင်းတဲ့အလုပ်ရမယ်ဆိုတဲ့ ပွဲစားရဲ့ပြောစကားအရ ကျပ်ငွေ (၇) သိန်းစီ ပေးခဲ့ကြရပြီး တရားမဝင်တဲ့နည်းနဲ့ မဟာချိုင်ဒေသက ပုဇွန်ရုံကို ပို့ဆောင်ခံခဲ့ကြရပါတယ်။ လူကုန်ကူးခံရသူ (၁၉) ဦးကို မဟာချိုင်ဒေသအရောက် လေးသုတ်ခွဲပြီး အလုံပိတ်ကားနဲ့ ပို့ခဲ့တာဖြစ်လို့ ကားထဲမှာ အန္တရာယ်ဖြစ်မတတ် အသက်ရှူကြပ်ခဲ့ရကြောင်း လူကုန်ကူးခံရသူ တစ်ဦးက ပြောပါတယ်။

“သူတို့က တောကြိုတောကြားကနေ ခေါ်သွားတာ။ ကားက လေးဆင့်စီးရတယ်ခင်ဗျ။ ပထမတဆင့်မှာ ကျနော်တို့ လေး ငါးယောက် ထပ်ပြီးတော့ စီးခဲ့ရတယ်။ ထပ်တင်လာတာဆိုတော့ ‘အကိုရယ်၊ လူတွေက အသက်ရှူလို့မရဘူး၊ ရပ်ပေးပါအုံးဗျ’-ဆိုလည်း သူက ဗမာစကားနားမလည်တော့ သူ့ကားပဲ လှိမ့်မောင်းနေတာဆိုတော့ ကျနော်တို့မယ် အော်သာအော်ရတယ်။ ကျနော်တို့ကို ရပ်မပေးဘူးခင်ဗျ။ ကျနော်တို့မှာ လုံးဝ အားမရှိတော့ဘဲ ပျော့ကျသွားတော့ ကားပေါ်က မဆင်းနိုင်တော့ ဆွဲချပြီး ကျနော်တို့ကို ပုန်းခိုင်းထားတယ်။ ကျနော်တို့က ပုန်းနေရသေးတယ်။”

တောင်သူ (၁၉) ဦးထဲမှာ အသက် (၁၈) နှစ်အရွယ် အမျိုးသမီး လေးဦးအပါအဝင် အမျိုးသမီး ခြောက်ဦးပါဝင်ခဲ့ပါတယ်။ တရားဝင်လမ်းကြောင်းက မဟုတ်တဲ့အတွက် အန္တရာယ်များတဲ့ အဖြစ်အပျက်တွေကို တွေ့ကြုံခဲ့ရကြောင်း လွတ်မြောက်လာသူ တောင်သူ အမျိုးသမီးတစ်ဦးက အခုလို ပြောပြပါတယ်။

“ဒီကနေ စခေါ်သွားတော့ လှေနဲ့ခေါ်တယ်လေ။ လှေနဲ့ခေါ်ပြီး ဟိုဘက်ကို လိုင်းကားတစ်စီး နဲ့ ပို့တယ်ပေါ့ အမရယ်၊ ပို့တဲ့အခါကျတော့ လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေ ရှိရင် အမတို့က ပြေးရတာလေ၊ ဗွက်တွေထဲရော၊ ပြောင်းခင်းတွေထဲရောပေါ့လေ၊ ပြေးပြီးတော့ တော်တော်လေး မိုးချုပ်တဲ့အခါကျတော့ ကားသေးသေးလေးနဲ့ လာခေါ်တယ်။ ကားလေးက သေးသေးဆိုတော့ လူတွေကို ထပ်နေတာပေါ့အမရယ်။ ဂိုဒေါင်ထဲမှာ တညသိပ်တယ်ပေါ့နော်။ ဂိုဒေါင်ထဲ သော့ခတ်ပြီး တညသိပ်ပြီးတော့ မနက်ခင်း ငါးနာရီလောက်ကျတော့ ဒီအတိုင်း သုံးထပ် ထပ်စီးလိုက်ရတယ်။ လှေနဲ့ ဒီဘက်ကမ်းကို ကူးတဲ့အခါကျတော့ လမ်းလျှောက်ပြီး ပြေးကြတယ်။ တော်တော်လေး မိုးချုပ်မှ ကားနဲ့ တဆင့်လာခေါ်တယ်။ ကားကလည်း အလုံပိတ်ပဲလေ။ မမြင်ရဘူး၊ မှောင်နေတာပဲ။ ယောက်ကျားလေး၊ မိန်းကလေး အတူတူ ထပ်စီးရတယ်ပေါ့လေ။ အောက်လမ်းကနေဆိုတော့ လန့်နေရတာပေါ့။ ပြေးလည်းပြေးရ၊ လွှားလည်း လွှားရ။ အဖွဲ့တွေကလည်း လေးဖွဲ့ ကွဲသွားတယ်လေ။”

မြန်မာသံရုံးက အကြောင်းကြားလာတဲ့အတွက် သြဂုတ်လ (၂၂) ရက်နေ့မှာ လူကုန်ကူးခံရသူတွေကို ကယ်ဆယ်ခဲ့ပြီးနောက် သြဂုတ်လ (၂၃) ရက်နေ့မှာတော့ ထိုင်း၊ မြန်မာနယ်စပ် မြဝတီမြို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ကြောင်းကိုလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ကိုစိုင်းအေးက ရှင်းပြပါတယ်။

“သံရုံးကနေ ကျနော်တို့ဆီကို ပြန်လွှဲလာပေးတယ်ပေါ့နော်။ ကျနော်တို့ကလည်း မဟာချိုင်နယ်မြေ ပုလိပ်ကို ကျနော်တို့ သွားပြီး အကြောင်းကြားရတယ်။ ပုလိပ်ကနေတဆင့် စက်ရုံကို သွားပြီးတော့ ကူညီဆောင်ရွက်ပေးတယ်ပေါ့နော်။”

သူတို့အားလုံးဟာ ထိုင်းနိုင်ငံမှာ တနေ့လုပ်အားခ အနည်းဆုံး ဘတ် (၃၀၀) စီ ရမယ်ဆိုတဲ့အတွက် လိုက်လာခဲ့ပြီး မဟာချိုင်ဒေသက ပုဇွန်ရုံကို ရောက်တဲ့ အခါ တနေ့လုပ်အားခအဖြစ် ဘတ်ငွေ ၂၀ ကနေ ၃၀ လောက်သာ ရခဲ့ကြောင်းလည်း ပြောပြပါတယ်။ နိုင်ငံကူးလက်မှတ် လုပ်ပေးမယ်ဆိုပြီး တရားမဝင် ခိုးလမ်းကနေ လိမ်လည်ပို့ဆောင်ပေးတဲ့ ပွဲစားတွေကိုတော့ မြန်မာနိုင်ငံဘက်မှာ ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကတော့ ဒီနှစ်ထဲမှာ ဖမ်းဆီးရမိတဲ့ လူကုန်ကူးမှုပေါင်း (၂၇) ကြိမ် အတွင်း လူဦးရေ (၁၁၈) ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံတကာ အစိုးရတွေနဲ့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောထားပါတယ်။ ဇွန်လ (၂၅) ရက်နေ့ကပဲ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လူကုန်ကူးမှု ပြဿနာ ဖြေရှင်းရေး ယာယီ စီမံချက်အဖြစ် အမိန့်အမှတ် ၇၀/၂၅၅၇ ကိုလည်း ထုတ်ပြန်ခဲ့တာပါ။ ဒီအထဲမှာလည်း လူကုန်ကူးခံရမှု၊ လုပ်အား ခေါင်းပုံဖြတ်ခံရမှုတွေ၊ အလုပ်သမားတွေကို အနိုင်ကျင့် စော်ကားမှု မရှိစေရေးတွေ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံအတွင်းမှာ အလုပ်အကိုင် ရှာဖွေလိုတဲ့ မြန်မာနိုင်ငံသားတွေကတော့ လူကုန်ကူးခံနေရဆဲ ဖြစ်ပါတယ်ရှင်။

Voa

Thursday, August 21, 2014

‌ဆေးမပြတ်ခင်အထိ ကျနော့်ဘဝမှာ ဘိန်းက နံပါတ်တစ်ပါပဲ



မြန်မာအစိုးရထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆဒုံးကန်ပိုက်တီဘက်မှာ အစိုးရစစ်တပ်ရဲ့လုံခြုံရေးကိုယူပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ အများကြီှးရှိသေးတာကြောင့် ကချင်ပြည်နယ်မှာ မူးယစ်ဆေးကင်းစင်ဖို့၊ ပပျောက်ဖို့ မလွယ်သေးပါဘူးလို့လို့ လတ်ဒူး မရူဘောက်နော်က ရှင်းပြပါတယ်။


လိုင်ဇာ ဘိန်းဖြတ်စခန်းကနေ မူးယစ်ဆေးသုံးစွဲသူတွေကို စိုက်ပျိုးမွေးမြူရေးလုပ်တတ်အောင် သင်ကြားပေးနေပြီး ခရစ်ယာန်ကျမ်းစာတွေ၊ ဘုရားရှင်ရဲ့နှုတ်ကပါတ်တော်တွေကို နားလည်အောင် လုပ်ပေးတဲ့နည်းတွေနဲ့ ဘိန်းဖြတ်ပေးလာတာ ၂ဝ၁၁ကနေ အခုထိ ယောက်ျား၊မိန်းမ၊ ကလေးတွေမကျန် လူနှစ်ထောင်ကျော်ကို ဖြတ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

၂ဝ၁ဝလောက်တုန်းကတော့ မူးယစ်ဆေးသုံးတဲ့သူတွေကို ဖမ်းဆီးပြီး ဆေးဖြတ်ပေးခဲ့ရပေမယ့် အခုတော့ မိဘနဲ့ကချင်လူထုကိုယ်တိုင်က လာရောက်အပ်နှံပြီး ဖြတ်ခိုင်းကြတာမို့ စခန်းမှာ အနည်းဆုံး ၆လလထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘိန်းဖြတ်တဲ့သူတွေဟာ စိုက်ပျိုးမွေးမြူးရေးကို လုံးဝစိတ်မဝင်စားကြသလို ဘိန်းကိုစိတ်ကုန်အောင် လုပ်ပေးနေရတယ်လို့ ဆိုပါတယ်။


ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိုးသူတွေ ခန့်မှန်းခြေ ရာနဲ့ချီရှိနေသေးပြီး လူတစ်ယောက် အနည်းဆုံး ၂ဧကစိုက်ပျိုးနေတာမို့ မူးယစ်ဆေးတိုက်ဖျက်ရေးကို အသင်းတော်တွေ၊ ရပ်ကွက်တွေကနေ အဆင့်ဆင့် လုပ်ခဲ့လို့ ၂ဝ၁၂မှာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု မြင့်တက်ခဲ့ပေမယ့် ၂ဝ၁၃နောက်ပိုင်းမှာ နည်းနည်းတော့ လျော့သွားတယ်လို့ဆိုပါတယ်။

လိုင်ဇာဘိန်းဖြတ်စခန်းကိုရောက်လာတဲ့ ဘရန်ဆိုင်းတစ်ယောက် လူငယ်တစ်ယောက်အနေနဲ့ အပျော်အပါးအဖြစ် မူးယစ်ဆေးသုံးရာက ဆေးစွဲခဲ့သူပါ။ရဲ့ လိုင်ဇာဘိန်းဖြတ်စခန်းကလူတွေကို တအားစိတ်တိုခဲ့ပေမယ့် အခုတော့ ဘုရားရှင်ရဲ့ပြောဆိုချက်တွေကိုနားလည်လာပြီး အသိတရားရလာတယ်လို့ ပြောပြပါတယ်။ ဘိန်းစဖြတ်ဖြတ်ချင်း ယင်းထလို့ အရမ်းခံစားခဲ့ရပြီး သူ့ဘဝမှာ ဘိန်းက နံပါတ်တစ်ဖြစ်ခဲ့ရတဲ့အကြောင်း ရင်ဖွင့်ခဲ့ပါတယ်။


မြန်မာပြည်ရဲ့ ဘိန်းအဓိကစိုက်ပျိုးတဲ့ဒေသထဲမှာ ကချင်ပြည်နယ်လည်းပါဝင်ပြီး မြန်မာပြည်ဘိန်းစိုက်ပျိုးမှုဟာ ၂ဝဝ၆ နှစ်ကုန်ပိုင်းကစလို့ ပြန်လည်ဦးမော့လာခဲ့ပြီး ၂ဝ၁၃မှာတော့ ဘိန်းစိုက်ပျိုးမှု ဟက်တာစုစုပေါင်း ၅သောင်း ၇ထောင် ၈ရာရှိပြီး ရွှေတြိဂံဒေသတစ်ခုတည်းမှာပဲ ဟက်တာ ၆သောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂUNODC ကထုပ်‌ပြန်‌ထားပါတယ်‌။

Kamayut


Wednesday, August 20, 2014

အပစ်ရပ်ဖို့ ဘာလိုသေးလဲ

အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းလာလိုက်တာ အောင်မြင်မှုရလုနီးပြီလို့ ဆိုပါတယ်။ နှစ်ဖက် ထုတ်ပြန်ချက်တွေအရ အချက်ပေါင်း ၁၂၀ ကျော်ပါတဲ့ အပစ်ရပ် စာချုပ်မူကြမ်းကို ညှိတာ၊ ခုဆို လေးချက်လောက်ပဲ ကျန်ပါတော့တယ်။ ဘယ်အချက်တွေ ကျန်နေသေးတာလဲ၊ တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် ဘယ်အချိန် လက်မှတ်ထိုးနိုင်မှာလဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကိုရော ဘယ်အချိန် စနိုင်မှာလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

သဘောတူညီချက်မရသေးဘဲ ဆက်ပြီး ညှိနှိုင်းဖို့ လိုတဲ့အထဲက အချက်တစ်ချက်ကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းမှုဆိုင်ရာ ကိစ္စပါ။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ အရင်အချိန်တွေတုန်းကလိုပဲ အပစ်အခတ်ရပ်စဲထားချိန် ကာလတစ်လျှောက်လုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တပ်သားသစ်စုဆောင်းတာ မလုပ်စေချင်ပါဘူး။

တိုင်းရင်းသားတွေဘက်ကတော့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့အားလျော်စွာ အသက်ကြီးလို့၊ သေဆုံးလို့၊ ထိခိုက်ဒဏ်ရာရလို့၊ ဆက်ပြီး တာဝန်မထမ်းဆောင်ချင်တော့လို့ တပ်က စွန့်ခွာသူတွေဆိုတာ ပုံမှန်ရှိနေတယ်၊ ဒါကြောင့် တပ်ဖွဲ့ရှင်သန်ဖို့ဆိုရင် တပ်သားသစ် စုဆောင်းတာလည်း ရှိနေမယ်။ ဒါပေမဲ့ အဓမ္မ စုဆောင်းတာမျိုးမလုပ်ဘူးဆိုတဲ့ အချက်လောက်ကိုပဲ စာချုပ်ထဲ ထည့်သွင်းချင်တာပါ။ အဲဒီအချက် ညှိလို့ မရသေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး သြဂုတ်လ ၁၉ ရက်ထုတ် မြ၀တီသတင်းစာထဲမှာ “ဘန်အောင်လှ” ဆိုတဲ့ ကလောင်နဲ့ “တည်ဆဲဥပဒေများအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်မှသာ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြထားပါတယ်။ တပ်မတော်က ထုတ်တဲ့ သတင်းစာမှာပါတဲ့ အဲဒီဆောင်းပါးဟာ တပ်မတော်ရဲ့ သဘောထားအမြင်ကို ဖော်ပြတာ ဖြစ်နိုင်ပါတယ်။ ဆောင်းပါးတစ်နေရာမှာ ခုလိုဖော်ပြထားပါတယ်။

“ယခုအခါ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တချို့မှာ ၎င်းတို့ လှုပ်ရှားရာ ဒေသများတွင် ကျေးရွာများမှ အတင်းအဓမ္မ လူသစ်စုခြင်း၊ ငွေကြေးရရှိရေးအတွက် ဆက်ကြေးကောက်ခြင်း၊ တရားဝင်အစိုးရသဖွယ် မိမိတို့ နိုင်ငံအတွင်းမှ ကျွန်းသစ်နှင့် အခြားသယံဇာတများကို လက်ညှိုးထိုးရောင်းချခြင်း၊ မှောင်ခိုပစ္စည်း တင်သွင်းခြင်း စသည်တို့ လုပ်ဆောင်နေသည်မှာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။ ကျေးရွာအတွင်း လူသစ် အတင်းစုဆောင်းမှုကြောင့် လူငယ်များမှာလည်း မိမိ၏ အသက်မွေးဝမ်းကျောင်းပင် မလုပ်နိုင်ဘဲ တိမ်းရှောင်နေရသည်” စသဖြင့် ဖော်ပြထားပါတယ်။

ဆောင်းပါးတစ်နေရာမှာလည်း အစိုးရဘက်ကတော့ နိုင်ငံတကာထုံးစံအတိုင်း Peace Process ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်နေပေမယ့် “အချို့အဖွဲ့အစည်းများမှာ လူသစ်စုဆောင်းခြင်း၊ အခြေခံစခန်းများ တိုးမြှင့်တည်ဆောက်ခြင်း၊ သဘောတူညီထားသော နယ်မြေကို ကျော်လွန်၍ တိုင်းရင်းသား လူမျိုးများ နယ်မြေအား ကာကွယ်ပေးသယောင် ကျော်လွန်သွားလာ လှုပ်ရှားခြင်း”တွေ လုပ်နေတယ်ဆိုပြီး ပြစ်တင် ရှုတ်ချထားပါတယ်။ ပြောရရင် တိုင်းရင်းသားတွေရဲ့ တပ်သားသစ်စုဆောင်းတဲ့ ကိစ္စကိုတော့ ရှေ့လာမယ့် စည်းဝေးပွဲတွေမှာ အသေအချာ ညှိကြရဦးမှာပါ။

နောက်ထပ် ညှိဖို့လိုအပ်နေတဲ့အချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဘယ်လိုလုပ်မလဲ၊ မူဘောင်ဆွေးနွေးပွဲမှာ ဘယ်သူတွေ ပါဝင်ကြမလဲဆိုတဲ့ ကိစ္စပါ။ အကြမ်းဖျင်းအားဖြင့် အစိုးရဘက်က အစိုးရ၊ တပ်၊ လွှတ်တော် သီးခြားစီ ပါဝင်ပြီး အခြားတစ်ဖက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် အစုအဖွဲ့တွေ၊ အခြား အင်အားစုတွေကို ပါဝင်စေလိုတာ တွေ့ရပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကတော့ အစိုးရ၊ လွှတ်တော်၊ တပ်အားလုံး အတူတူပဲ၊ ဒါကြောင့် အစိုးရဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစုအဖွဲ့တစ်ခုအနေနဲ့ ပါဝင်၊ ကျန် လက်နက်ကိုင်တိုင်းရင်းသား အစုအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုသူတွေ စုစုပေါင်း သုံးပွင့်ဆိုင်လောက် ပါဝင်ဆွေးနွေးသင့်တယ်လို့ တင်ပြထားကြပါတယ်။ ဖြစ်သင့်တာကတော့ အာဏာလုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပြည်သူကို ကိုယ်စားပြုသူတွေ တက်ရောက်ဆွေးနွေးခွင့် ရသင့်ပါတယ်။ အာဏာလုပ်ပိုင်ခွင့်လည်း မရှိ၊ ပြည်သူတွေကိုလည်း ကိုယ်စားမပြုနိုင်သူတွေကို ထည့်သွင်းထားတာဟာ ဆွေးနွေးပွဲကို အကျိုးမဖြစ်ထွန်းစေပါဘူး။

ဒီနေရာမှာ လက်ရှိအောင်မြင်မှု ရလုနီးနီးဖြစ်နေတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲပုံစံကို အတုယူနိုင်ပါတယ်။ နှစ်ဖက်စလုံးဟာ အာဏာလုပ်ပိုင်ခွင့်ရှိသူတွေချည်းပဲဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကိုလည်း ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းထားနိုင်လို့ ခုလိုခရီးရောက်အောင် ဆွေးနွေးနိုင်တာပါ။ မဆိုင်သူတွေ ပါလာရင်၊ ဆွေးနွေးမယ့် ကိုယ်စားလှယ် အချိုးအစားမမျှတရင်၊ ဖောင်းပွများပြားနေရင် ခရီးရောက်နိုင်မှာ မဟုတ်ပါဘူး။ နောက်ဆွေးနွေးတဲ့ ပုံစံဟာလည်း သဘောတူညီချက်မရရင် ရတဲ့အထိ စေ့စပ်ညှိနှိုင်းကြလို့ ခုလိုရလဒ်ကောင်းတွေ ရလာတာဖြစ်ပါတယ်။ ဒီလိုပုံစံ အတုယူရပါမယ်။ နိုင်ငံရေးသမား တချို့တင်ပြသလို လူ ၉၀၀၊ ၁၀၀၀ ကျော် အစည်းအဝေးကြီးတွေလို လူများပြီး ပွဲမစည်တဲ့ အခြေအနေမျိုး မဖြစ်သင့်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာထဲမှာ နောက်တစ်ကြိမ် တွေ့ကြပါဦးမယ်။ ညှိနှိုင်းကြပါဦးမယ်။ ၂၀၁၄ မကုန်ခင်မှာတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီးတစ်ခု လက်မှတ်ရေးထိုးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ ငြိမ်းချမ်းရေးဆီသွားရာလမ်းအတွက် ပထမဦးဆုံး အစပြုတဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။

နောက်ထပ် လုပ်ကိုင်ဆောင်ရွက်စရာ အများကြီးကျန်နေပါသေးတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေချိန်အတောအတွင်း နောက်ထပ် တိုက်ပွဲတွေ ထပ်မဖြစ်ရလေအောင် အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ရမယ့်ကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့တွေ လိုက်နာရမယ့် စစ်သည်တော် ကျင့်ဝတ်တွေ သဘောတူညီမှုရအောင် လုပ်ရမယ့်ကိစ္စ၊ တပ်နေရာချထားရေး၊ လှုပ်ရှားနယ်မြေ သတ်မှတ်ရေး ကိစ္စ၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စ၊ ဒုက္ခသည် မဖြစ်ပေမယ့် စစ်ဘေးစစ်ဒဏ်ကြောင့် ရွှေ့ပြောင်းနေရသူတွေ နေရပ်ပြန်ပြီး လုပ်ကိုင်စား သောက်နိုင်ရေးကိစ္စ၊ မြေမြှုပ်မိုင်းတွေ ရှင်းဖို့ကိစ္စ၊ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးအောင် လုပ်ရေးကိစ္စ စတာတွေ တသီတတန်းကြီး အကောင်အထည်ဖော်ကြရပါဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာတွေကို ပစ်ကြခတ်ကြ၊ တိုက်ခိုက်ကြ၊ ထိပ်တိုက်ရင်ဆိုင်ကြဆိုတဲ့နည်းကို မကျင့်သုံးကြဘဲ တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့ ယဉ်ကျေးမှုအသစ် အမြစ်တွယ်လာမှသာ အနာဂတ်အရေး စိတ်အေးရမှာပါ။

Mizzima

စစ်တပ်ကရိုက်နှက်သည့် နမ့်ခမ်း အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံအချို့ နေရပ်မပြန်ရဲသေး

တပ်မတော်သား နှစ်ဦး သေဆုံးမှုကြောင့် သက်ဆိုင်ရာတို့ ရိုက်နှက်စစ်ဆေးမေးမြန်းခံရသော ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် နောင်ခါးကျေးရွာအုပ်စု နောင်မတာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ ယနေ့အချိန်ထိ မိမိရွာသို့ ပြန်မလာသေးဟု ဒေသခံရွာသားအချို့က မဇ္ဈိမကို ပြောသည်။

နောင်မတာကျေးရွာ အုပ်ချုပ်ရေးမှူးက ဆေးကုသမှုခံယူပြီးသော်လည်း အနားယူရန် လိုအပ်နေသေးသဖြင့် ပြန်လာနိုင်ခြင်း မရှိသေးသလို၊ ရွာထဲတွင် အစိုးရ စစ်တပ်က ယခုရက်ပိုင်းအတွင်း ကင်းလှည့်မှုများ ပိုမိုပြုလုပ်လာသဖြင့် ရွာသားများ စိုးရိမ်နေကြဆဲ ဖြစ်သည်ဟု နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူအဖွဲ့မှ ဦးစိုင်းအောင်ဝင်းက မဇ္ဈိမကို ပြောသည်။

“စစ်တပ်က ပြန်လာဖို့ ခေါ်တာ။ ဒါပေမဲ့ သူတို့ရွာသားတွေက စိုးရိမ်စိတ်တွေရှိနေလို့ မလာရဲတာ။ ရွာသား တစ်ဝက်လောက်က ဟိုဘက်ကမ်းမှာပဲ ရှိနေတုန်းပဲ။ အခုပိုဆိုးလာတာက စစ်တပ်က တစ်နေ့ကို ၃ ခါလောက် ကင်းလှည့်နေတာ။ ရွာသားတွေက ဒါကိုကြည့်ပြီး ပိုပြီးတော့ စိုးရိမ်နေတာ၊ အုပ်ချုပ်ရေးမှူးတွေက မလာရဲဘူး”ဟု ၎င်းက ပြောသည်။

အစိုးရ စစ်တပ်က နောင်မတာရွာအတွင်း နေ့စဉ် ကင်းလှည့်နေသဖြင့် ဒေသခံ အမျိုးသမီးများက ကျေးရွာသို့ ပြန်လာပြီဖြစ်သော်လည်း အမျိုးသားများကမူ နေ့လည်ပိုင်းတွင် ရွာသို့ ပြန်လာ အလုပ်လုပ်ပြီး ညပိုင်းတွင် တရုတ်ဘက်ခြမ်းသို့ သွားအိပ်နေကြဆဲ ဖြစ်သည်ဟု သူက ဆိုသည်။

ယခုလ သြဂုတ်လ ၃ ရက်က နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ကျားဖြူပါတီ၊ ကျားခေါင်းပါတီ၊ နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူအဖွဲနှင့် နောင်မတာ ကျေးရွာအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ ဗိုလ်ကြီး သန့်ဇင်ဦးတို့က ရွာသားများအား ပြန်လာရန် ခေါ်ယူတွေ့ဆုံ၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထိုနေ့က ဗိုလ်ကြီးသန့်ဇင်ဦးက ဆေးကုသနေရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ငါဦး၏ ဆေးကုစရိတ်ကို ထောက်ပံ့ပေးမည်ဟု ဆိုသော်လည်း ယနေ့ချိန်ထိ မည်သည့်အကူအညီ အထောက်အပံ့မျှ မရသေးဟု ရိုက်နှက်ခံရသည့် နောင်မတာရွာသား စိုင်းဆမ်စိုးက ပြောသည်။

“သူတို့ တာဝန်ယူတယ်လို့ ပြောတယ်။ ခုထိ ဘာမှ မလာပေးသေးဘူးလေ။ ရွာသားတွေရဲ့ ကိုယ်ပိုင်ငွေပဲ ပေးရတယ်”ဟု သူက ပြောသည်။

ထို့ပြင် ရွာသားများက နောင်မတာကျေးရွာသည် ၂ဝဝ၉ ခုနှစ်မှစတင်၍ စစ်ဒဏ်ကို ခံခဲ့ရပြီး ယနေ့ထိ စစ်တပ်ရိုက်နှိက်မှုများ ခံနေရသဖြင့် ကျေးရွာတွင် မည်သည့် စစ်တပ်မှ အခြေမချစေလိုကြောင်း တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်က နောင်မတာရွာတွင် ယာယီစခန်းချထားသည့် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းမှ ဗိုလ်ကြီး ဝင်းသူရထွန်းနှင့် တပ်ကြပ်ကြီး တစ်ဦးတို့ နောင်မတာရွာအနီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ မှုတွင် ညတွင်းချင်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးကို စစ်တပ်က ရိုက်နှိက်စစ်ဆေးခဲ့သည်။

သြဂုတ်လ ၁၂ရက်ကလည်း ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ် ကွမ်စိုင်ဇွပ် ကျေးရွာအုပ်ချုပ်ရေးမှူးအား တပ်မ(၆၆) လက်အောက်ခံ အစိုးရတပ်စခန်းမှ ဒုဗိုလ်ဆိုသူက ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ ရိုက်နှက်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ယင်းသို့ ရိုက်နှက်သည့် တပ်မတော်အရာရှိကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ မျက်မြင်သက်သေများနှင့်အတူ စစ်ဆေးနေပြီဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြီးတန်းတပ်မတော်အရာရှိ တစ်ဦးက သြဂုတ်လ ၁၃ရက်က ပြောခဲ့ဖူးသည်။

Mizzima