ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ် (Wa Ra Zup) ကျေးရွာအုပ်စု မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်း ကားလမ်းမဘေးတွင် ဧရာမ ရွှေတူးဖော်မှုများကြောင့် ပင်မ ရေစီးကြောင်း ပျက်စီးလာကာ ဒေသခံများ ဆိုးကျိုးအန္တာရာယ်စိုးရိမ်နေကြောင်းသိရသည်။
မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်းကားလမ်းဘေးတလျှောက် ရွှေဖောင် ၆၀ ကျော်သည် အစိုးရထံအခွန်ပေးဆောင်ကာ နေ့စဉ်မရပ်မနားရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။