Thursday, July 31, 2014
အစိုးရတပ်အရာရှိသတ်ဖြတ်ခံရမှုအား ရိုက်နှက်စစ်ဆေးခြင်းကြောင့် ဒေသခံရွာလုံးကျွတ် ထွက်ပြေး
ရိုက်နှက်စစ်ဆေးခံရမှုကိုထိပ်လန့်သည့် နောင်မတာရွာသားများ အဝတ်အစားယူ၍ထွက်ပြေးစဉ်
နောင်မတာရွာအကြီးအကဲများအား အစိုးရတပ်မတော်က ဆင့်ခေါ်ကာ ဂျူလိုင် ၂၉ ရက်နေ့က တညလုံး ရိုက်နှက်စစ်ဆေးမေးမြန်းခြင်း၊ ဂျူလိုင် ၃၀ ရက်နေ့ကလည်း နံနက် ၆ နာရီမှ ည သန်းခေါင်အထိ ထပ်မံဆင့်ခေါ်ထိန်းသိမ်းခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများပြုခဲ့သည်သာမက ဂျူလိုင် ၃၁ ရက်နေ့တွင် လည်း အဆိုပါအကြီးအကဲများအား နံနက် ၆ နာရီ တပ်စခန်းသို့ ထပ်မံသွားရောက် အစစ်ဆေးခံရန် ဆင့်ဆိုခဲ့သေးသည်ဟုဆို၏။
ပျက်ကွက်ခဲ့ပါက ရွာအားမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဖြစ်ရာ အသက်အန္တရာယ်ပါ ထိပါးလာသောကြောင့် ရွာမှထွက်ပြေးရခြင်းဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“သူတို့ စစ်သားတယောက် က အရမ်းတန်ဖိုးရှိတာတဲ့။ စစ်သားတယောက်သေတာ ရွာသား ၂၀၀ ယောက်နဲ့တန်တယ်တဲ့။ ကျနော်တို့ရွာမှာ အိမ်ခြေ ၁၂၀ ကျော်တယ်။ လူက ၄၀၀ ကျော်တယ်။ သူတို့ စစ်သားနှစ်ယောက် အတွက် ရွာသား ၄၀၀ လုံးလုံးသေရမယ်ဆိုတော့မဖြစ်ဘူးလေ။ ဒါ့ကြောင့် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တာ” - အမည်မဖေါ်လိုသည့် ရိုက်နှက်ခံစစ်ဆေးခံရသူက ပြောသည်။
တပ်ခွဲမှူး ဗိုလ်ကြီး ဝင်းသူရထွန်း နှင့် တပ်ကြပ် တဦး သတ်ဖြတ်ခံရမှုကြောင့် တပ်ရင်းမှူးမှ နောင်မတာ ရွာ ဥက္ကဌ စိုင်းလှစိန်၊ အတွင်းရေးမှူး စိုင်းဆန်စိုး၊ စာရေး စိုင်းဆန်လူ နှင့် ဘုရားဒါယိကာ နှင့် ရပ်ဖ များဖြစ်သည့် ခိင်းဆွယ့်ခမ်း စံဆာ၊ ခိင်းဆိုင်ဟိန်း တို့အား ဂျူလိုင် ၂၉ ရက်နေ့က တညလုံး ၊ ဂျူလိုင် ၃၀ ရက် နံနက် ၆ နာရီမှ ညနေ ၄:၃၀ နာရီအထိ (မွန်းတည့်ချိန် ထမင်း ပြန်စား ခိုင်းရုံမှလွှဲ၍) ဘယ်မှ မသွားစေပဲ တပ်စခန်း၌ စစ်ဆေး အကျယ်ချုပ်ထားခြင်း၊ ညနေ ၄:၃၀ နာရီမှစ၍ ညသန်း ခေါင်အထိ စစ်ဆေးမှုပြုရာမှာ ဗမာစကားမပြေလည်သည့် ဥက္ကဌ စိုင်းလှစိန်၊ စာရေး ဆိုင်းဆန်လူ နှင့် ဘာသာ ပြန်တဦး ရိုက်နှက်ထိုးကြိတ်ခံခဲ့ရသည်ဟု ရိုက်နှက်ခံရသူတဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
“ဗမာစကားမတတ်ရင် ရိုက်နှက်ထိုးကြိတ်ခံရတယ်။ အမျိုးမျိုးမေးတယ်။ သတင်းဌာနတွေဆီကို ခင်ဗျားတို့ ဓါတ်ပုံပို့တယ်။ ဒါတွေ အစ စစ်ဆေးမေးမြန်းတယ်။ မနေ့က ရိုက်နှက်မှုကြောင့် စာရေး စိုင်းဆန်လူက နံရိုးကျိုးပြီထင်တယ်။ အိပ်လို့တောင်မရဘူး။ မျက်စိပါးစပ် ယောင်ကိုင်းကုန်တယ်။ ၂၉ ရက်နေ့က စစ်ဆေးမှုက လုံးဝ နည်းလမ်းမကျဘူး။ တပ်ရင်းမှူးက အရက်ပုလင်းထောင်ပြီး အားလုံးကို ရိုက်နှက်စစ်ဆေးတယ်။ ကျည်ကပ်နဲ့ထုတယ်။ အားလုံး ရိုက်နှက်ခံရတယ်။ မနေ့ကတော့ စစ်ဆေးမှု က စာတတ်ရင်တမျိုး မတတ်ရင်တမျိုး စစ်တယ်။ အဲဒါကြောင့် ဗမာစကားမတတ်တဲ့နှစ်ယောက် ထိုးခံရ တာ။ သူတို့နှစ်ယောက်အတွက် ဘာသာပြန်ပေးတဲ့သူလဲ ထိုးကြိတ်ခံရတယ်။ ဒီကိစ္စက မဟုတ်တော့ဘူး လေ။ ဒါ့ကြောင့် ရွာကနေ တိမ်းရှောင်ဖို့ အားလုံးက သဘောတူလိုက်တယ်”
လက်ရှိအခြေအနေတွင် နောင်မတာ ရွာတခုလုံး ဒုက္ခိတ နှင့် လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်တို့ ၃ ယောက်သာ ကျန်တော့ကြောင်း ၎င်းက ပြောပါသည်။
နောင်မတာတွင်အခြေစိုက်ထားသည့်တပ်စခန်းမှ စစ်အင်အားနှင့်အတူ တခြားဒေသမှလာသည့် စစ်အင်အား ၃၀၀ ခန့်သည် နောင်မတာရွာသို့ရောက်ရှိနေပြီး အဝင်အထွက်လမ်းနှင့် ရွာပတ်ဝန်းကျင်၊ တရုတ်နယ်စပ် တလျှောက်တို့တွင် လုံခြုံရေးယူထားကြကြောင်း အမည်မဖော်လိုသူက ပြောပြသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းတွင် အစိုးရတပ်မတော်နှင့် ပလောင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲကြောင့် ဒေသခံ ၈၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ အခြေအနေတွင် ယခု အစိုးရ တပ်မတော်သား သတ်ခံရမှုကြောင့် လူထု အခက်အခဲ ထပ်မံကြုံတွေ့ လာခြင်းဖြစ်သည်။
Panglongburmes
အစိုးရနှင့်ဆွေးနွေးမှု ပြဿနာပေါ်ပါက တိုင်းရင်းသားအဖွဲ့အသီးသီး၏ ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ ဦးဆောင်ဆုံးဖြတ်မည်
အစိုးရနှင့် ဆွေးနွေးမှုတွင် ပြဿနာပေါ်ပါက NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ခုမှ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ပါဝင်သည့် ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးကျင်းပရန် တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“အဖွဲ့ အစည်းအသီးသီးရဲ့ ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူးချုပ်တို့ ပါဝင်တဲ့ တစ်ကယ့်ဦးဆောင်မှုပေးနိုင်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေကို လိုအပ်ရင် လိုအပ်သလို ဆက်သွယ်နိုင်ဖို့ရယ်၊ လိုအပ်ရင်လည်း အဲ့ဒီထိပ်သီးတွေပါတဲ့ ဒီလိုကြီးကြီး မဟုတ်တော့ဘူး။ ၁၆ဖွဲ့ဆိုတော့ ၁၆ဦးလောက်လား၊ ၃၂ဦးလောက်လား။ ကျဉ်းကျဉ်းလေးနဲ့ မြန်မြန်အစည်းအဝေးပြုလုပ်နိုင်မယ့် ယန္တယားတစ်ခုဖန်တီးလိုက်ပါတယ်” ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။
“ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး” ကို အစိုးရနှင့် ဆွေးနွေးသည့်အခါ အလျှော့မပေးဘဲ အခိုင်အမာရပ်တည်သွားရန် ယခုအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ထားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့ထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ဩဂုတ်လ ဒုတိယ ပတ်အတွင်း အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် ဒုတိယမူကြမ်းအပေါ် ဆွေးနွေးတော့မည်ဖြစ်သည်။
ထိုဆွေးနွေးမှုတွင် “မူဝါဒဆိုင်ရာကိစ္စတွေ အရေးတကြီးဆုံးဖြတ်ဖို့ ကိစ္စတွေရှိလာတယ်ဆိုလို့ရှိရင် အ စည်းအဝေးကို လိုအပ်ချက်အရခေါ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟုလည်း ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့(PNLO) ဥက္ကဌ ခွန်မြင့်ထွန်းကလည်း အစည်းအဝေးအပြီး မဇ္ဈိမကို ပြောသည်။
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို အစိုးရဘက်က လက်မခံသမျှ နိုင်ငံရေးပြဿနာ ပြေလည်မည် မဟုတ်ဟုလည်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဆိုသည်။
Mizzima
ကျာက်စိမ်းတူးဖော်ရေး လုပ်ငန်းစတင်ရန် လိုင်ဇာဆွေးနွေးပွဲ အခြေအနေ စောင့်ကြည့်နေ
ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များ တည်ရှိနေသည့် နေရာအများစုမှာ ကချင်လွတ် မြောက်ရေး တပ်မတော်၏ ထိန်း ချုပ်နယ်မြေများတွင် ဖြစ်သော ကြောင့် တူးဖော်ရေးလုပ်ငန်းများ စတင်ရန် အခက်အခဲများရှိနိုင် ကြောင်း ဦးလာခရီလာအောင်က ဆိုသည်။
‘‘အစိုးရဘက်က ဘယ် လောက်ခွင့်ပြုပြု ကေအိုင်အေ ဘက်က ခွင့်မပြုဘူးဆိုရင် ကျွန် တော်တို့ လုပ်ငန်းရှင်တွေ ဘာမှ မတတ်နိုင်ဘူး’’ ဟု ဦးလာခရီလာ အောင်က ပြောသည်။
မြန်မာအစိုးရဘက်မှလည်း ကျောက်စိမ်းလုပ်ကွက်များ ရပ် နားထားသည့် ကာလအတိုင်း သက်တမ်းပြန်လည် တိုးမြှင့်ပေး သွားမည်ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထား ရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ် ရေးလုပ်ငန်းကော်မတီကသတင်း ထုတ်ပြန်ထားသည်။
ပြန်လည်ခွင့်ပြုပေးမည့် ကျောက်စိမ်းလုပ်ကွက်နေရာများ မှာ မငြိမ်းချမ်းသေးသော နယ်မြေ များ ဖြစ်နေသောကြောင့် လုပ် ကိုင်ခွင့်ရရှိပါက နှစ်ဖက်အဖွဲ့အ စည်းများအကြား ညှိနှိုင်းနားလည် မှုရယူ၍ လုပ်ကိုင်ရန် ကချင်ပြည် နယ် အစိုးရအဖွဲ့က လုပ်ငန်းရှင်များကို ပြောဆိုထားကြောင်း ကျောက်စိမ်းတူးဖော်ရေး လုပ် ငန်းရှင်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် ပုဂ္ဂလိ က ကုမ္ပဏီများအား ကျောက်စိမ်း တူးဖော်ခွင့်ကို ၂၉ လကြာ ပိတ်ပင်ထားခဲ့သည်။
Sunday, July 27, 2014
DKBA နဲ့ မြန်မာစစ်တပ် အပြန်အလှန် ဖမ်းဆီး
မြဝတီမြို့ကနေ ထိုင်းနယ်စပ်ဘက်ကို ဖြတ်ကျော်တဲ့ DKBA တပ်သားတွေနဲ့ တပ်မတော်တပ်ရင်း ၂၇၅ တို့အကြား နယ်မြေဖြတ်ကျော်မှုကို စစ်ဆေးရင်း တပ်သားတွေအချင်းချင်း ပဋိပက္ခဖြစ်ပွားရာကနေ ဖမ်းဆီးမှုဖြစ်ခဲ့ရတာလို့ DKBA တပ်က ဆက်သွယ်ရေး တာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က ပြောပါတယ်။
Rfa
Monday, July 21, 2014
Amyusha rawt malan hpung ningbaw ningla ni Laiza zuphpawng de rawt
Wunpawng Mungdan Shanglawt Hpung (KIO) ginjaw Laiza kaw galaw na Myen mung amyusha rawt malan hpung ni a hkrum ra zuphpawng de amyusha rawt malan hpung 16 na ningbaw ningla ni rawt sa nga sai lam chye lu ai.
Lai wa sai bat htum wa kaw nna nkau Myen asuya uphkang ai Myitkyina lam hku hte nkau Miwa mung hku nna Laiza de hkrunlam hkawm nga sai lam, Htai mung Chiang Mai mare KIO shiga lawk tsun ai.
Zuphpawng hpe July 24-26 laman galaw na masat tawn ai hta, madung Myen ginjaw asuya kawn dip n-gun jaw nga ai ‘mungdan ting madang gap hkat jahkring ai lam hpe daphpawm hku nna hkap la na n hkap la na ntsa’ bawngban dawdan sa wa na masa nga ai lam, KIO ginjaw dat kasa hpung ningbaw Sara Kaba Sumlut Gam tsun ai.
Masum ya zuphpawng mahkyen ma hkra hpe amyusha rawt malan hpung ni a mungdang ting madang gap hkat jahkring bawngban jahkrung hpung, NCCT kawn lit la galaw na re.
Ndai zuphpawng de sa lawm ai laknak hpai hpung 16 hta UNFC amyusha hpyen masa mungmasa daphpawm malawm 12 hte UNFC hta n lawm ai uhpung 4 re lam chye lu ai. Wa amyusha rawt malan hpung UWSA gaw n lawm ai lam KIO ginjaw salang ni hpe lakap let chye lu ai.
Kaga zuphpawng madat lawm na shaga tawn ai hta, Myitkyina daju simsa lam lam akyu galaw hpung PCG (Peace-talk Creation Group) mung lawm ai lam PCG salang ni tsun ai re.
PCG htaw wa htaw sa lit la
Zuphpawng hpang ai kawn ngut ai ten du hkra, Myen asuya uphkang ai Myitkyina kawn Laiza de zuphpawng lawm dat kasa ni yawng a htaw wa htaw sa lit hpe PCG simsa lam akyu galaw hpung kawn hkam ya ai chye lu ai.
Myitkyina-Laiza pran htaw wa htaw sa ya na matu, NCCT kawn PCG hpe jahpan jaw da ai marai 50 daram raitim kaja wa gaw marai 70 daram du na re lam PCG malawm Salang Lamai Gum Ja KNG Jinghpaw Shiga Dap de tsun ai.
Ndai htaw wa htaw sa lit a matu PCG gaw Myitkyina kaw nga ai Jinghpaw lauban launa ni a Toyota Land Cruiser hte Mitsubishi Pajero yawng 20 daram hkyen da sai lam chye lu ai re.
Bai nna dat kasa ni a Myitkyina bungli pa hte manam jarawp lapran htaw wa htaw sa lit la ai sha n ga, manam shara ni hpe mung lajang ya nga ai lam Salang Lamai Gum Ja tsun wa ai re.
Kng
Sunday, July 13, 2014
အပစ်ရပ်လက်မှတ်ထိုးပြီး တိုင်းရင်းသားများ၏ အခြေခံပြဿနာ ဖြေရှင်းရန် သမ္မတဦးသိန်းစိန် ဆန္ဒရှိနေဟုဆို
သမ္မတ ဦးသိန်းစိန်နှင့် MPC အဖွဲ့ဝင်တို့ ရန်ကုန်မြို့တွင် ဇူလိုင် ၁၂ သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အမှန်တကယ် လုပ်ဆောင်သွားရန်ဟူသော သဘောထားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ထံ MPC က လာရောက် ရှင်းပြခဲ့ခြင်း ဖြစ်သည်။
“တိုင်းရင်းသားတွေရဲ့ ပြဿနာကို အပစ်အခတ် ရပ်စဲရေး တခုလုပ်တာနဲ့မပြီးဘူး။ အခြေခံပြဿနာကို ရှင်းရမယ်ဆိုတာကိုလည်း သူကလက်ခံတယ်။ သူတာဝန်ရှိတဲ့အချိန်မှာလည်း အကောင်းဆုံး လုပ်ပေးနိုင်တဲ့ အနေအထားတခုကို လုပ်ပေးချင်တဲ့ဆန္ဒလည်း ရှိတယ် ဒါတွေပေါ့”ဟု MPC ၏ ရှင်းပြမှုများကို ပဒိုကွယ်ထူးဝင်း က ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များ၏ လာမည့် လိုင်ဇာ ထိပ်သီးအစည်းအဝေးမှ ဆုံးဖြတ်ချက် ရလဒ်ကောင်း ရရှိမည်ဟု မျော်လင့်ကြောင်း MPC က ပြောဆိုခဲ့သေးသည်ဟုလည်း သူက ဆိုသည်။
လိုင်ဇာထိပ်သီးအစည်းအဝေး မတိုင်မီ သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားမှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်သော် လည်း သမ္မတ၏ သဘောထား အသေးစိတ်ကိုမူ ပြောဆိုခြင်းမရှိသေးပေ။
“သမ္မတကြီးကနေ အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့သဘောထားပေါ့။ ကျနော်တို့ အစည်းအဝေးတွေ အောင်မြင်ဖို့၊ ကျနော်တို့ လိုင်ဇာခရီး ထွက်တော့မယ်ဆိုတော့ သူတို့ အမြင်သဘောထားနဲ့ အကြံဥာဏ်လာမှာကြားတာပါ။ အခြေအနေ ကောင်းတယ်လို့ ဆိုရင်လည်း ပြောရင်လည်း ရပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။
သို့သော် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် သမ္မတဦးသိန်းစိန်က ၂ဝ၁၁ခုနှစ်ကတည်းက ယခုချိန်ထိ မကြာခန ပြော နေသော်လည်း လက်တွေ့တွင် အကောင်အထည်မပေါ်သေးပေ။
တင်ပြချက်များကို တိုင်းရင်းသားခေါင်းဆောင်များက သက်ဆိုင်ရာ ဌာနချုပ်များသို့ ပြန်လည် တင်ပြ၍ လိုင်ဇာ ထိပ်သီးအစည်းအဝေးသို့ အကြံဥာဏ်များ ရယူမည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။
တွေ့ဆုံပွဲတွင် NCCT မှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ အပါအဝင် ကိုယ်စားလှယ် ၅ ဦးနှင့် MPC မှ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦး တို့ ၅ ဦ်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
Saturday, July 12, 2014
ထိုင်းရှိ မြန်မာဒုက္ခသည် တစ်သိန်းသုံးသောင်းကျော် မြန်မာသို့ ဘေးကင်းစွာပြန်နိုင်ရေး ထိုင်းမြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်
သောကြာနေ့က ထုတ်လွှင့်ခဲ့သော ‘ပြည်သူများ ပြန်လည်ပျော်ရွှင်စေရေး ’ အပတ်စဉ် ရုပ်သံ အစီအစဉ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ်က၊ ပြီးခဲ့သည့်အပတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း သူနှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များအရေး နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
လူသားချင်းစာနာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့သည်။
‘ရိုဟင်ဂျာလှေစီးဒုက္ခသည်များ’ ကိစ္စနှင့် ပတ်သတ်၍လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောခဲ့ကြောင်း ထိုင်းအခြေစိုက် သတင်းစာများ ဖြစ်ကြသည့် ဘန်ကောက်ပို့စ် သတင်းစာ နှင့် ဖူးခက်ဝမ် သတင်းစာတို့တွင် ရေးသားဖော်ပြထားသည်။
ရှမ်းရွာသားများ လူ့အခွင့်အရေးချိုးဖောက်ခံရဆဲဟုဆို
ရှမ်းပြည်တောင်ပိုင်း ကျေးသီးနဲ့ မိုင်းရှုးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လဆန်းပိုင်းတွေ အတွင်း ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်ကြား ထိတွေ့ပစ်ခတ်မှုတွေ နယ်မြေထဲမှာ အစိုးရတပ်က အင်အားဖြည့်တင်းတာတွေ ရှိခဲ့ပြီး အဲဒီကြားမှာ ဒေသခံရွာသားတွေက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ထိုင်းအခြေစိုက် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ရဲ့ ပြောခွင့်ရ နန်းခေါန်လိတ်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်အစိုးရကနေပြီး ရွာတွေထဲမှာ တပ်တွေချပြီးတော့မှ ရွာထဲကနေပြီး ရှမ်းပြည်တပ်မတော်ကို ဦးတည်တိုက်ခိုက်နေတာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ အခုအစိုးရက ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်နေလို့ ပြောတယ်၊ ဒါပေမယ့် တဖက်မှာလည်း ဒီလိုမျိုး စစ်တိုးချဲ့မှုတွေ စစ်စခန်းဆောက်လုပ်မှုတွေ လုပ်နေတာတွေဟာ အစိုးရက တဖက်ကနေပြောနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို နိုင်ငံရေးအရ ဖြေရှင်းသွားမယ်ဆိုတဲ့ စကားနဲ့ ဆန့်ကျင်နေတဲ့အတွက်ကြောင့် ကျမတို့ က စိုးရိမ်ပူပန်နေတဲ့ အကြောင်း ပြီးတော့ စစ်တိုးချဲ့မှုတွေ စစ်စခန်းဆောက်လုပ်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုတာဖြစ်ပါတယ်။”
အစိုးရတပ်က ရှမ်းပြည်တပ်မတော်ကို စစ်ဆင်တဲ့ ဒီ ၂ လအတွင်း မိုင်းရှူးမြို့နယ်က ကိန်းလိန်နဲ့ နမ့်တောက်ရွာ၊ ကျေးသီးမြို့နယ်က ၀မ့်ဝပ်၊ ပန်ကျဲ့၊ လွယ်ရွဲ၊ ဖာဆောင် နဲ့ ကောင်းလန်းရွာနဲ့ တန့်ယန်းမြို့နယ် မန့်ကတ်အစရှိတဲ့ ကျေးရွာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။
ရွာသားတွေဟာ လမ်းပြအဖြစ်ခေါ်ဆောင်တာ၊ ထော်လာဂျီပေါ်တာဆွဲတာ၊ ရွာထဲကို လက်နက်ကြီးကျတာ၊ ရွာသားတွေ ၀င်ထွက်သွားလာမှုကို ပိတ်ပင်တားမြစ်တာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ စစ်တပ်လေ့ကျင့်ရေးစခန်း တည်ဆောက်ဖို့ ၀ါးလုံး ၁ သောင်း ကောက်ခံတာတွေရှိသလို ၀မ်ဝပ်စာသင်ကျောင်း ရုတ်တရက်ပိတ်ထားရတဲ့အတွက် မူလတန်းကလေး ၁၀၀ ကျော် ဒီနေ့ထိ စာသင်ဖို့ အခွင့်အရေးဆုံးရှုံးနေတယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီိကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့ကတော့ သူ့အနေနဲ့ ဒီအစီရင်ခံစာကို မတွေ့သေးပါကြောင်း၊ လက်ရှိ အစိုးရလက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို လက်ခံအရေးယူ ဆောင်ရွက်ပေးနေပြီ ဖြစ်တဲ့အတွက် မီဒီယာတွေကနေ ထုတ်ပြန်ရုံနဲ့ မပြီးဘဲ ကော်မရှင်လက်ထဲ ရောက်အောင် တိုင်တန်းစာတွေ ပေးပို့ကြဖို့ ခုလိုတိုက်တွန်းထားပါတယ်။
“သူတို့ တကယ်တမ်း ဖြစ်တယ်ဆိုရင် ဒီမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ရှိပါတယ်။ သူတို့ရဲ့ လူ့အခွင့်အရေး အကြမ်းဖက် ခံရတာတွေ ရှိရင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကို တရားဝင် တိုင်လိုက်ရင် ဒီကနေပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားမှာပါ။ သတင်းပို့စရာရှိတာတွေ တိုင်ကြားစရာရှိတာတွေကို အဲဒီကို တိုင်ကြားရင်ပိုပြီး ထိရောက်လိမ့်မယ်လို့ ပြောချင်ပါတယ်။”
လက်ရှိ ကော်မရှင်မှာ တိုင်တန်းစာပေါင်း ၆ ထောင်ကျော် လက်ခံရရှိပြီး ဘယ်အဖွဲ့အစည်းကဘဲ ဖြစ်ဖြစ် ကျူးလွန်သူ လူပုဂ္ဂိုလ်အပေါ်မှာ အဓိကထား အရေးယူဆောင်ရွက်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသခံရွာသားတွေဟာ လုံခြုံမှုကင်းမဲ့ပြီး အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ခွင့် ဆုံးရှုံးနေရကြောင်း၊ ဒါကြောင့် အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ် ဖြစ်ပြီး၊ ရှမ်းလက်နက်ကိုင်နယ်မြေတွေမှာ စစ်ဆင်တာ၊ တပ်မတော်လေ့ကျင့်ရေးစခန်း တည်ဆောက်တာနဲ့ စီမံကိန်းရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ကာ ဒေသအတွင်း တိုးချဲ့ထားတဲ့ စစ်တပ်တွေ ပြန်ရုပ်သိမ်းပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တောင်းဆိုထားပါတယ်။
ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဟာ ရှမ်းပြည်နယ်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို ကောက်ယူစုဆောင်းပြီး အများပြည်သူနဲ့ နိုင်ငံတကာသိရှိအောင် အလျဉ်းသင့်သလို အစီရင်ခံစာ ထုတ်ပြန်တာ၊ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ အစိုးရတွေကို တိုက်တွန်းတောင်း ဆိုတာတွေ ဆောင်ရွက်နေပြီး ၁၉၉၀ ခုနှစ် ဒီဇင်ဘာလမှာ ဦးခွန်ကြာဦး (ကွယ်လွန်) က ဦးဆောင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
Friday, July 11, 2014
အစိုးရတပ် ဖမ်းဆီးထားသော အရာရှိနှစ်ဦးအား လွှတ်ပေးရန် KIO တောင်းဆို
ဇူလိုင် ၅ ရက် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနာတွင် ပြုလုပ်ခဲ့သည့် အစိုးရတပ်နှင့် KIA နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ’ ၏ လစဉ်အစည်းဝေးတွင် အဖမ်းခံ KIA အရာရှိနှစ်ဦးအား ပြန်လည် အပ်နှံပေးရန် တင်ပြခဲ့ကြောင်း KIA ဘက်မှ ကော်မတီဝင်တစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီး နော်ဘို က ပြောပါသည်။
ကပ်မှော်ဇွပ်တိုက်နယ်မှူး ဆလန်ကဘား ဖုတ်ဂျန်ဇေလွမ်း (Skb Hpukjang Ze Lum) အား ပစ္စတိုတစ်လက်နှင့်အတူ ကားအပါအ၀င် နမ်ယာ နှင့် ကပ်မှော်ဇွမ်ကြား၊ ဇွန်လ (၂၈) ရက်နေ့ အစိုးရတပ် တပ်မ (၆၆) လက်အောက် ခမရ-၁၁၀ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လုံးလုံအခြေစိုက် ဗျူဟာမှူး ရာဇာမင်းထွန်း၏ ညွန်ကြားချက်အရ ဗိုလ်မဂျီဘရန်ဆိုင်း (Du Maji Brang Seng) ကိုလည်း ပစ္စတိုတစ်လက်နှင့်တကွ ဇွန် ၃၀ ရက်နေ့ ကားမိုင်းသို့အပြန် မိုးညှင်းမြို့နယ် လုံးတုံကျေးရွာအုပ်စု မပင် ကျေးရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း KIA တပ်ရင်း (၆) သတင်းရပ်ကွက်မှ သိရှိရပါသည်။
ဗိုလ်မဂျီဘရန်ဆိုင်းသည် တပ်ရင်း (၆) KIA စစ်တပ်မှ ခွင့် (၃) လ ဖြင့် မိမိအိမ်သို့အပြန်တွင် အစိုးရတပ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ညှင်းပန်းနှိပ်စက်မူများလည်း ပြုလုပ်ခဲ့ကြကြောင်း ဆက်လက်သိရပါသည်။
အစိုးရတပ်များ ညှင်းပန်းနှိပ်စက်ရိုက်နှက်မှုဒဏ်ကြောင့် ဗိုလ်မဂျီဘရန်ဆိုင်းသည် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ် အတွင်း ရဲများစောင့်ကြည့်မှုအောက် မြစ်ကြီးနားဆေးရုံတက်နေရကြောင်း စုံစမ်းသိရပါသည်။
မြစ်ကြီးနားဆေးရုံသတင်းရပ်ကွက်အရ ဗိုလ်မဂျီဘရန်ဆိုင်းဆိုသူသည်၊ ၄င်း၏ လက်ယာဘက်လက်မောင်း ရိုက်ချိုးခံထားရပြီး၊ ဘယ်ဘက်ပေါင်တွင်လည်း သေနတ်ဒဏ်ရာဖြင့် ကျိုးသွားသည့် အခြေအနေတွေ့ရကြောင်း သိရပါသည်။
၎င်းအရာရှိကို အစပိုင်းတွင် ဟိုပင်ဆေးရုံ၌သွားပြကြည့်ရာ ထိုနေရာတွင် ဆရာဝန်များမရှိသောကြောင့် မြစ်ကြီးနားဆေးရုံသို့ ပြန်ရွေ့ခဲ့ရခြင်းဖြစ်သည်ဟုလည်း ဆေးရုံသတင်းမှသိရှိရသည်။
အဆိုပါ ဖမ်းဆီးနှိပ်စက်မှုများနှင့်ပတ်သက်၍ KIO ဖက်မှ စိုးရိမ်မကင်းဖြစ်နေပြီး လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သော်လည်း ဇူလိုင် ၁၁ ရက်၊ သောကြာနေ့ထိ ၄င်း KIA အရာရှိနှစ်ဦးအား ပြန်လည်အပ်နှံပေးခြင်း မရှိသေးကြောင်း ဒုဗိုလ်မှူးကြီး နော်ဘို မှတဆင့် သိရှိရပါသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရတပ်များကြားဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် နှစ်ဖက်သော ညှိနှိုင်းရေးအဖွဲ့များက တွေ့ဆုံမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း တင်းမာမှုများလျှော့ကျသွားခြင်းမရှိသည့်အပြင် အစိုးရတပ်မှ KIA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ဆက်တိုက်ပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရှရသည်။
Kng
လုံခြုံရေးသတိ မလေးရှား မြန်မာသံရုံးမှ ထုတ်ပြန်ထား
မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ ကွာလာလမ်ပူရှိမြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးတို့ မလေးရှားနိုင် ငံနိုင်ငံခြားရေး ၀န်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊လုံခြုံရေးတာဝန်ရှိသူများအား သွားရောက် တွေ့ဆုံ၍ အောက်ပါ အချက်(၂) ချက်ကိုတောင်းဆိုခဲ့ကြောင်း သိရှိရသည်။
● မြန်မာနိုင်ငံ သားများအား အကြမ်းဖက် တိုက်ခိုက်မှုများမှ အကာ အကွယ်ပေးရန်၊
● ရာဇ၀တ် မှုကျူးလွန်သည့် တရားခံများ ကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်။
မလေး ရှားရောက် မြန်မာနိုင်ငံ သားများ အနေဖြင့် သတ်မှတ်ထား သောစည်းမျဉ်းစည်း ကမ်းများကို လိုက်နာ၍ မဖြစ် မနေ သွားလာရမည့် ကိစ္စရပ်များမှ အပ မိမိတို့နေထိုင်ရာ နယ်မြေဒေသများ အလိုက်လုံခြုံရေးဆိုင်ရာ သတင်း အခြေ အနေများကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာကာကောလ ဟာလ မမှန်သတင်း များကိုလည်း ဆင်ခြင်သုံး သပ် လျက် မိမိတို့ လုံခြုံရေး အတွက်အထူးဂရုပြု သတိထား သွားလာ နေထိုင်ကြ ပါရန် နှိုးဆောင်ထားသည်။
အမျိုးသမီးငယ်တစ်ဦးကို တရုတ်သို့ပို့ရန် ခေါ်လာသူ ကချင်တွင် ဖမ်းမိ
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ နယ် စပ်ဝင်/ထွက်ဂိတ်အမှတ်(၁)အနီး အမှတ် (၂)လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့က မြစ်ကြီးနားမှ လွယ်ဂျယ်သို့ ယာဉ်မောင်း ကိုထွန်းထွန်းဝင်း မောင်းနှင်လာသည့် ဗင် ကားကို စစ်ဆေးရာမှ လူကုန်ကူးသူကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မိုးကုတ်မြို့တွင် နေထိုင်သည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်ကို တစ်မြို့တည်းတွင် နေထိုင်သည့် ဒေါ်ချို(ခ)လှခင် က တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် စည်းရုံးခေါ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသမီးငယ်ကို တစ်ဖက်နိုင်ငံသို့ ပို့ရန် ခေါ်ဆောင်လာသူ ဒေါ်ချိုကို လွယ် ဂျယ်နယ်မြေ ရဲစခန်းက (ပ)၉/၂၀၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးတစ်ပတ်ကလည်း တာမွေမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးသုံးဦးကို တရုတ် နိုင်ငံသို့ အကျိုးဆောင်လိုင်စင်မရှိဘဲ ပို့ဆောင်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
Saturday, July 05, 2014
SSPP ဌာနချုပ်အနီး အစိုးရတပ်တိုးဖြည့် တာ့ဖါဆောင်ရွာခံများအားလုံး စစ်ဘေးရှောင်
ဂျူလိုင်လဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် အနီး အစိုးရတပ်များအင်အား တိုးဖြည့်လာနေသဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားဖွယ်ရှိသည့် တာ့ဖါဆောင် (တံတား) တပ်စခန်း အနီး နေထိုင်သည့် တာ့ဖါဆောင်ရွာသားများ ရပ်ရွာမှစွန်ခွါကာ စစ်ဘေးရှောင်နေကြသည်ဟု စုံစမ်းသိရှိရပါသည်။
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် SSPP/SSA ဌာနချုပ်အနီးသို့ အစိုးရတပ်အင်အား ရာဂဏန်း က ထပ်မံအင်အားဖြည့်လာသည့်အတွက် (ကျေးသီးမြို့နယ်၊ ဝမ့်ဝပ်ကျေးရွာအုပ်စု) တာ့ဖါဆောင်ရွာ အိမ်ခြေ ၂၅ လုံး၊ လူဦးရေ ၈၀ ကျော် ရွာမှ တောပိုင်းသို့ တိမ်းရှောင်ကြသည်ဟု ကျေးသီးမြို့ရောက် ဝမ့်ဝပ်ရွာခံ စိုင်းဟောင်း(ဝ်)ခမ်း က ပြောပါသည်။
“ကျနော်တို့ ရွာလဲ တချို့တွေ စစ်ဘေးတိမ်းရှောင်နေတဲ့သူရှိတယ်။ ပြီးခဲ့တဲ့အပတ်က တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ တာ့ဖါဆောင်ရွာ ဆို အကုန်လုံးတိမ်းရှောင်ကြပြီ။ မောင်းထုတ်လို့တော့မဟုတ်ဘူး။ စစ်သားတွေ အများကြီးရောက်လာလို့။ ကြောက်ကြတယ်လေ။” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
ယမန်နေ့ညနေပိုင်းကလည်း သီပေါမြို့အခြေစိုက်အစိုးရတပ်များ မိုင်းရယ် ဟိုယ မှ တဆင့် ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ စစ်သည်အင်အား ၁၀၀ ခန့် ဆင်းလာကြောင်း၊ ဂျူလိုင် ၂ ရက်နေ့တွင် ရလခ စစ်တိုင်းရုံးလက်အောက်ခံ တပ်များက ကျေးသီးမြို့နယ်ဘက် စစ်ကား ၉ စီး၊ ကွန်ဟိန်း - ကာလိ မှ မိုင်းရှူးသို့ စစ်ကား ၉ စီး၊ ဂျွန် ၂၄ ရက်နေ့တွင် လားရှိုးမှတဆင့် တန့်ယန်း မန့်ကတ်ဘက် စစ်ကား အစီး ၅၀ စစ်အင်အားများတင်ဆောင်ကာ သျှမ်းပြည်တပ်မတော်နယ်မြေသို့ တိုးချနေကြောင်း ဝမ့်ဟိုင်း ဌာနချုပ် စစ်ရုံးအဖွဲ့က ထုတ်ပြန်ပါသည်။
လဲချားမြို့နယ် သျှမ်းပြည်နယ် လွှတ်တော်အမတ် စိုင်းကျော်ဇေယျ က ‘ စစ်အားအပြိုင်အဆိုင်တိုးချလို့ တာ့ဖါဆောင်ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကျနော်ကြားရတယ်။ တကယ် ကို စိတ်မကောင်းဘူး။ ဒီလိုမျိုးကိစ္စတွေရှိလာတော့ ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးရပါ့မလား’ - ဟု သျှမ်းသံတော် ဆင့်သို့ ပြောသည်။
အစိုးရတပ်မတော်ဘက်မှ သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေဘက်သို့ အင်အားဖြည့်တိုးချဲ့ ချထားမှုကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေသည့်အပေါ် နေပြည်တော် အစိုးရ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်း နှင့် ဦးသိန်းဇော်ထံ ဖုန်းဆက်အကြောင်း ကြား ထားကြောင်း၊ ထာဝရငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းနေချိန် နှစ်ဘက်ကြား ယုံကြည်မှုတည် ဆောက် ရေး ထိခိုက်စေကြောင်းပါရှိသည်ဟု SSPP/SSA အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ကပြောသည်။
Panglong burmese
KIA Masat (2) Dap Dung Ginra Kaw Gasat Poi Byin
July 4, 2014 ya shani 11:00am ten kaw nna 1:00pm ten ram kaw du hkra KIA Masat (4) Dap Ba npu Dap Dung (2) kaw na MHH hpyen hpung Kung (4) ni hte mying nchye ai hpyen asuya dap hpyen hpung ni Mung Paw hte Sai Hkau lapran kaw gasat poi byin ai lam shiga na chye lu ai.
Ndai gasat poi hta lahkawng maga na si hkala shiga tup hkrak nchye lu shi ai.
Myutsaw kasa
Friday, July 04, 2014
July 3, 2014 Ya Shani Na Hpyen Hpyen Shamu Shamawt Shiga Ni
July 3, 2014 ya shani 9:30pm ten ram hta Manmaw kaw nna Myen hpyen Modo (5) hta hpyenla hpring hpring htaw nna lung wa ai hpyen hpung ni KIA Masat (5) Dap Ba Ginra Daw Hpum Yang kaw 1:30pm ten ram hta du shang wa sai lam shiga na chye lu ai, Modo (2) gaw Dingga de bai lai lung mat wa sai lam shiga matut na chye lu ai.July 3, 2014 ya shani 2:00am ten ram hta KIA Masat (2) Dap Ba npu Masat (11) Dap Dung ginra de Myen hpyen dap Hk-L-Y-(74) dap na Du "Teing Zaw Oo" Woi awn ai n-gun (150) grupyin hpyen hpung ni Modo (5) hte Myitkyina de du shang wa sai lam siga na chye lu ai, Mali Hka Mazup "Myit Sung" kaw wa dung na ni re lam shiga na chye lu ai.July 1, 2014 ya shani kaw nna Manmaw Ginwang KIA Masat (3) Dap Ba npu Masat (12) Dap Dung ginra Nam Ling Pa Ninghtawn Di Bu Hka mahkrai kaw Myen hpyen dap Hk-M-Y-(363) hpyen hpung n-gun (160) grupyin hpyen hpung ni bai wa dung nga sai lam shiga na chye lu ai.July 2, 2014 ya shani kaw nna Myitkyina-Laiza pru shang lam hpe Laiza makau Nam San Yang kaw dung ai Myen hpyen dap ni kawn tsep kawp pat kau sai lam shiga na chye lu ai, galoi du hkra pat na re hpe tup hkrak nchye lu shi ai. Laiza Muklum hte Laiza Gaiwang kata na mung mare masha ni a matu Myen Mung de na masha lang arung arai hte kaga malu masha ni hpe ndai lam Hku nna sha ginlen shalai ya nga ai re lam shiga na chye lu ai.
Myutsaw kasa
UNFC နဲ့ ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေ မဲဆောက်မှာ တွေ့ဆုံ
တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရတာနဲ့ ပတ်သက်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ UNFC ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုမန်းမန်းက အခုလိုပြောပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက အခုလိုပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားရေးရာကော်မတီ၊ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ဦးဆောင်ကော်မတီစတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၄၀ ကျော်တက်ရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ၂ ရက်ကြာ ပြုလုပ် မှာဖြစ်ကြောင်းသိရပါတယ်။
By rfa
KNU နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲဖြစ်ပွား
ဒီရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ထဲက ကေအန်ယူ တပ်မဟာ ၅နယ်မြေထဲမှာ မြန်မာအစိုးရတပ်တွေနဲ့ ကေအန်ယူတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကေအန်ယူ စစ်ဦးစီးပထမတန်း အရာရှိ ဗိုလ်မှူးချုပ် မဲ့အေစိန်က ပြောကြားလိုက်ပါတယ်။
“တပ် ၁၀၂ပေါ့။ တပ်မဟာတပ်ရင်းထဲ ဝင်လာတယ်။ ကျေးရွာနားမှာပဲ တိုက်ပွဲဖြစ်တယ်။”
မြန်မာအစိုးရနဲ့ ကေအန်ယူတို့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတာ တနှစ်ကျော်ကြာခဲ့ပေမဲ့ ထိရောက်တဲ့ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်ခြင်းမရှိပဲ တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီး မြန်မာ အစိုးရဘက်က စစ်ရေးပြင်ဆင်မူတွေ တိုးလာတယ်လို့ လည်း ဗိုလ်မှူးချုပ် မဲ့အေစိန်က ဆိုပါတယ်။
“ တပ်မဟာ ၂ကလည်း အဲ့ဒီ့ဇွန်လထဲ ဖြစ်တယ်။ တပ်မဟာ ၄လည်းဖြစ်တယ်။ တပ်မဟာ ၅လည်းဖြစ်တယ်။ ကြည့်ရတာ ဒီအပစ်အခတ်ရပ်စဲရေး တစ်နှစ်ကျော်ကာလ မှာပြောရမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး ဘာမှ မလုပ်နိုင်ဘူး။ ဘာတခုမှ မလုပ်နိုင်ဘူး။ သူတို့ဘက်က တပ်အင်အားတွေ ဖြည့်တယ်။ တပ်စခန်းအသစ်တွေ ဆောက်တယ်။ တပ်စခန်းဆောက်တဲ့နေရာမှာ တကယ့် တပ်အမာခံ ကွန်ကရစ်တွေ၊ ဆောက်တယ်။ ပြောရမယ်ဆိုရင် ယုံကြည်မှုတခုတည်ဆောက်ဖို့ အပစ်အခတ်ရပ်စဲရေး အင်္ဂါရပ်နဲ့ညီအောင် တခုမှ မလုပ်ပဲနဲ့ .. အခုက တဖြေးဖြေး စလာတဲ့သဘောပဲ။ တပ်နေရာ မသွားရတဲ့နေရာတွေ အခုက သွားနေတယ်။ ”
မြန်မာအစိုးရတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေပြန်ဖြစ်နေတာနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကေအန်ယူဘက်ကတော့ တိုက်ပွဲတွေဖြစ်တိုင်းကန့် ကွက်မူတွေ ရှိခဲ့တယ်လို့ လည်း ကေအန်ယူဘက်ကပြောပါတယ်။
“တိုက်ပွဲတွေဖြစ်တိုင်း အမြဲတမ်းကန့်ကွက်တာတွေ လုပ်နေတယ်။တပ်မဟာမှူးကို အကြောင်းကြားတယ်။ တပ်ရင်းမှူးတွေကိုလည်း အကြောင်းကြားတယ်။ သူတို့ပြန်ထိန်းပါမယ်ဆိုပြီး နောက်တစ်ရက်နှစ်ရက်ကျရင် ထဖြစ်ရော၊ သူတို့ဘက်က မမှားဘူး။ ဒီက မှားသလိုလုပ်နေတယ်။”
ကေအန်ယူအဖွဲ့ဟာ မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ကျော် လက်နက်ကိုင်တိုက်ခဲ့ပြီးနောက် ၂၀၁၂ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
By voa